Subscribe Us

header ads

မကြာခင်ထွက်ရှိလာမည့် Intel ၏ ARC A-Series Graphics အကြောင်း

Source: Digital Foundry

ဒီဆောင်းပါးဟာ Digital Foundry နဲ့ PC Gaming Hardware တို့က Intel ရဲ့ ဒါရိုက်တာတစ်ဦးဖြစ်သူ Tom Peterson တို့ရဲ့ အင်တာဗျူး၂ခုထဲက ကောက်နှုတ်တင်ပြထားတာဖြစ်ပါတယ်။ အင်တာဗျူး၂ခုဟာ မိနစ်၅၀ကျော်နဲ့ ၃၅မိနစ်အသီးသီးရှိပြီး အင်မတန်ရှည်တဲ့အတွက် ဒီထဲကသိသင့်တယ်ထင်တာတွေကိုဆွဲထုတ်ပြောပြသွားမှာဖြစ်ပါတယ်။ အင်တာဗျူးမှာ အများအပြားပြောသွားတာ XeSS အကြောင်းဖြစ်ပြီး နောင်တစ်ချိန်မှသီးသန့်တင်ပေးသွားဖို့ပဲစိတ်ကူးထားပါတယ်။ အကယ်၍ အင်တာဗျူး‌တွေကိုကြည့်ချင်တယ်ဆိုရင်လည်း blog မှာ စာနဲ့တွဲရက်တင်ပေးထားပါတယ်။

Image: Intel

A-Series graphics SKUများ

Intel ရဲ့ အဆိုအရARC Alchemist A-Series graphics တွေကို အမျိုးအစားသုံးမျိုးနဲ့တွေ့နိုင်ပါတယ်။

Intel ARC 7
High Performance Gaming

Intel ARC 5
Advanced Gaming

Intel ARC 3
Enhanced Gaming ဆိုပြီး၃မျိုးခွဲခြားထားတာတွေ့ရမှာပါ။ ARC graphics card တွေကို အမည်‌ပေးပုံက i3၊ i5နဲ့ i7 လိုဆင်တူတာကြောင့်မှတ်သားရတာ သိပ်မခက်ဘူးလို့ယူဆနိုင်ပါတယ်။

Intel ရဲ့ ARC Alchemist Series တွေဟာပြောစရာအများကြီး မေးခွန်းတွေအများအပြားရှိနေပါတယ်။ ဘာလို့ စွမ်းအားအနည်းဆုံးကတ်ကိုအရင်ဆုံးထုတ်ရတာလဲ၊ ဘာလို့ ပထမဆုံးတရုတ်နိုင်ငံမှာအရင်ဆုံးဖြန့်ရတာလဲ၊ ဘာလို့ သတင်းမီဒီယာတွေကိုပြသတာမျိုးမရှိရတာလဲ၊ ကြန့်ကြာနေရတဲ့အကြောင်းတွေကဘာလဲ စတဲ့မေးခွန်းတွေဖြစ်ပါတယ်။

Tom Peterson ကပြန်လည်ဖြေကြားရမှာတော့ ARC ကိုအချို့နေရာတွေမှာသာ မိတ်ဆက်ပေးလိုက်ခြင်းအားဖြင့် အရေးကြီးတဲ့အချက်အလက်တွေအများကြီးရလိုက်ပြီး ကတ်အပေါ်တုန့်ပြန်ချက်‌တွေက နောက်ထွက်ရှိတော့မယ့်ကတ်တွေအတွက် အကျိုးများစွာဖြစ်ထွန်းစေပါတယ်။ တုန့်ပြန်ချက်တွေက Intel အတွက် ပြဿနာ၂ခုကိုပေါ်လာစေပါတယ်။ အဓိကပြဿနာကတော့ API အဟောင်းတွေအတွက် အထောက်အပံ့ဖြစ်ပါတယ်။

Driver and Optimization

Intel ရဲ့ ARC GPU တွေကိုတည်ဆောက်ထားပုံဟာ Nvidia တို့နဲ့ကွဲပြားခြားနားပါတယ်။ ဒီအတွက် တစ်ချို့ဂိမ်းတွေမှာ သိသိသာသာပိုမြန်နေတာကိုတွေ့ရမှာဖြစ်သလိုတစ်ချို့ဂိမ်းတွေမှာတော့ ပိုနှေးကောင်းနှေးနေနိုင်ပါတယ်။ Intel ရဲ့ ARC GPU တွေဟာ DirectX 12 နဲ့ Vulkan API တွေမှာ ရလဒ်ကောင်းတွေပိုင်ဆိုင်ထားပါတယ်။ DirectX 12 ဂိမ်းတွေမှာက ဂိမ်းအင်ဂျင်ကိုက resource management တွေလုပ်နိုင်တာမို့ hardware နဲ့ဂိမ်းအကြားမှာ Driver နဲ့ Windows ကိုသိပ်အားကိုးနေစရာမလိုပါဘူး ဒီအတွက် ယေဘူယျအားဖြင့် DirectX 12 မှာ ARC Series တွေရဲ့စွမ်းဆောင်ရည်ကောင်းမွန်ပါလိမ့်မယ်။

ဒါပေမယ့် DirectX 11 ဂိမ်းတွေမှာ ကောင်းကောင်းကစားလို့ရတာရှိနိုင်သလို အဆင်မပြေတာတွေလည်းကြုံနိုင်ပါတယ် ဘာလို့ဆို AMD နဲ့ Nvidia တို့ဟာ driver တွေတိုးတက်ကောင်းမွန်လာဖို့ နှစ်ပေါင်းများစွာချိန်ညှိဖို့ အချိန်ရခဲ့တာကြောင့်ပါ။ နှစ်ပေါင်းများစွာကထွက်ရှိခဲ့တဲ့ ထောင်ချီတဲ့ဂိမ်းတွေကို optimize လုပ်ဖို့ဆိုတာ အချိန်ယူရမယ့်သဘောပါပဲ။

အသစ်ထွက်ရှိလာတဲ့ ဂိမ်းတွေအတွက်က Day Zero Driver တွေထုတ်ပေးမှာဖြစ်သလို လစဉ်လည်း Driver တွေထွက်ရှိလာမှာဖြစ်ပါတယ်။ Driver တွေပိုပြီးထွက်ရှိလာတာနဲ့အမျှဂိမ်းတွေကစားရတာ ပိုပြီးအဆင်ပြေလာမှာပါ။

Delay

ဘာလို့ထွက်ဖို့နောက်ကျသွားရတာလည်းတာကိုဖြေကြားရမှာတော့ ARC A3 Serie ကိုတရုတ်နိုင်ငံမှာဖြန့်လိုက်တာ ထင်ထားသလိုအဆင်မပြေခဲ့ဘူးလို့ဆိုပါတယ်။ Intel ဘက်က အချို့မီဒီယာတွေအနေနဲ့ ARC ကိုစမ်းဖို့ တရုတ်နိုင်ငံကနေမှာယူပြီးစမ်းကြလိမ့်ထင်ထားခဲ့မိတာပါ။ ထွက်ဖို့နောက်ကျသွားရတာဟာ ထောက်ပံ့ရေးကွင်းဆက်ပြဿနာတွေကြောင့်မဟုတ်ပဲ အဆင်သင့်မဖြစ်သေးဝာာကြောင့်လို့ဆိုပါတယ်။

High-Resolution Output

Intel ရဲ့ ARC A700 Series မှာ HDMI 2.1 ကို တိုက်ရိုက်အထောက်အပံ့မပေးနိုင်ဘူး။ ဒီအတွက် DisplayPort 2.0 ကနေ HDMI 2.1 ထုတ်ပေးမယ့် onboard adapter ကိုလိုအပ်ပါတယ်။ Intel ရဲ့ driver တွေမှာ DisplayPort 2.0 ကို UHBR 20 အထောက်အပံ့ပေးထားတယ်လို့ဆိုပေမယ့် လက်ရှိမှာ UHBR 10 ကိုသာအထောက်အပံ့ပေးထားပါတယ်။ ဆိုလိုတာက native 8K ကိုအထောက်အပံ့မပေးနိုင်သေးပဲ 8Kp60 ကိုရဖို့ DisplayPort ၂ခုနဲ့သုံးမှရမှာပါ။

Image: Intel

Resizable BAR

Intel ဟာ သူတို့ရဲ့ GPU အသစ်တွေမှာ Resizable BAR ဟာ အရေးကြီးတဲ့ နေရာကနေပါဝင်နေတယ်လို့ဆိုပါတယ်။ ARC ရဲ့ memory controller ကိုက Resizable BAR ကိုလိုအပ်တာဖြစ်ပြီး အကယ်၍ Resizable BAR ကိုပိတ်ထားခဲ့မယ်ဆိုရင် စွမ်းဆောင်ရည် ၄၀%လောက်အထိကိုလျော့ကျသွားနိုင်ပါတယ်။ ဒါကြောင့် ARC graphics card တွေအသုံးပြုဖို့ဆိုရင် ကိုယ့်ရဲ့ PC ဟာ Resizable BAR ကိုအထောက်အပံ့ပေးမပေးစဉ်းစားထားသင့်ပါတယ်။ ဒါ့အပြင် ARC graphics card တွေဟာ Resizable BAR အပြင် Microsoft ရဲ့ DirectStorage နည်းပညာကိုလည်း အထောက်အပံ့ပေးနိုင်ပါတယ်။

Intel Smooth Sync

Smooth Sync ဆိုတာ Intel ရဲ့ ကိုယ်ပိုင်နည်းပညာဖြစ်ပြီး VRR မရတဲ့ display မှာ V-Sync ဖွင့်မထားရင် tearing ကိုလျော့နည်းအောင်လုပ်ပေးမှာပါ။

မကြာခင်ထွက်ရှိမည့် ARC 7 Series

Intel ARC 7 မှာဆိုရင် A770 နဲ့ A750 ဆိုပြီး၂မျိုးရှိနေပါတယ်။ A770 နဲ့ A750 ဟာမကြာခင်ထွက်ရှိလာမယ်လို့ဆိုပြီး Intel ကိုယ်ပိုင်စမ်းသပ်ထားတဲ့ benchmark တွေကိုလည်းတင်ခဲ့ပြီးပါပြီ။

သိရသလောက်က A770 ကို 8GB နဲ့ 16GB ဆိုပြီး ၂မျိုးခွဲခြားထားပြီး ဈေးအနည်းငယ်ကွာခြားနိုင်ပါတယ်။ Limited Edition လည်းထွက်မှာဖြစ်ပြီး 16GB နဲ့သာလာမှာပါ။ AIB partner ကတ်တွေက 16GB နဲ့ 8GB ဆိုပြီးရွေးချယ်နိုင်မှာပါ။ A750ကတော့ 8GB တစ်မျိုးတည်းလာမှာပါ။

Intel ဟာ ARC A770 နဲ့ A750 Graphics Card တွေကို ဒီလထဲမှာမိတ်ဆက်သွားမယ်လို့ဆိုပါတယ်။

DF Direct Special: Inside Intel Arc - What's Happening With GPUs, XeSS and Ray Tracing?


PC Gaming Hardware: Full Interview with Intel about Arc GPUs: Performance, Pricing, XeSS, ReBAR, DirectStorage, Drivers


Source: Intel, Digital Foundry, Eurogamer, wccftech and Videocardz

#EnThueTech
#News
#Intel #GPU

Post a Comment

0 Comments