အင်္ဂါနေ့မှာ Intel ဟာ သူတို့ရဲ့ Alder Lake ထက် E-Cores ၂ဆပိုမိုပါဝင်လာတဲ့ Raptor Lake Desktop Processor တွေကိုမိတ်ဆက်လိုက်ပြီး E-Cores၄ခုပါတဲ့ clusterကို 4MB L2 Cache နဲ့ချိတ်ဆက်ထားပါတယ်။ P-Cores တွေက lineup ထဲမှာအရင်အတိုင်းဖြစ်ပြီး Raptor Cove architectureကိုအသုံးပြုလာပါတယ်။ Intel အနေနဲ့ architecture အသစ်အကြောင်းအသေးစိတ်ပြောသွားတာမရှိပေမယ့် speed ပိုင်းမှာတိုးတက်မှုရှိလာတာပြသွားသလို Core တစ်ခုခြင်းစီမှာ L2 Cache ကို ယခင်Gen လို 1.25MB အစား 2MB ကိုမြှင့်တင်ပေးထားတယ်လို့ဆိုပါတယ်။
Raptor Lake CPU တွေမှာ ပိုမိုများပြားတဲ့ shared L3 Cache နဲ့ 36MB အထိမြင့်မားလာကာ ring bus ဟာလည်း 900MHz အထိမြင့်တက်လာပါတယ်။ IMC ဆိုတဲ့ Integrated Memory Controller ကိုလည်း အပြောင်းအလဲပြုလုပ်ထားပြီး CPU model အားလုံးဟာ Alder Lake မှာတုန်းက DDR5-4800MHz အထိသာရရှိနေရာကနေ အခုRaptor Lake မှာ DDR5-5600MHz အထိတိုးမြှင့်လာပြီး DDR4 ကိုလည်း ယခင်အတိုင်း 3200MHz အထိအထောက်အပံ့ပေးထားဆဲဖြစ်ပါတယ်။
Intel အနေနဲ့ ကနဦးစတင်မိတ်ဆက်ပေးသွားတာ model ၃မျိုးဖြစ်ပြီး graphics ပါတာရော မပါတာပါရွေးချယ်နိုင်ပါတယ်။ Core i9-13900K(F)မှာ P-Cores ၈ခုနဲ့ E-Cores ၁၆ခုအထိရှိကာ 24 Core/32 Threads နဲ့ဖြစ်ပါတယ်။ E-Cores တွေမှာယခင်အတိုင်း hyperthreading ကိုမရပါဘူး။ Clock Speed အနေနဲ့ E-Cores ဟာ 4.3GHz အထိရနိုင်ပြီး P-Coresက Cooling နိုင်နင်းမယ်ဆိုရင် 5.8GHz အထိရနိုင်ပါတယ်။ turbo power rating ကတော့ 253W ဖြစ်ပြီး ယခင် Core i9-12900K က 240Wနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။
Core i7-13700K(F) မှာ P-Cores ၈ခုနဲ့ E-Cores ၈ခုပါဝင်ကာ 16 Cores/24 Threads ဖြစ်ပါတယ်။ frequencyပိုင်းအနေနဲ့ P-Cores တွေက 5.4GHz အထိရရှိကာ E-Cores တွေက 4.2GHz အထိအမြင့်ဆုံးရနိုင်ပါတယ်။ Max Turbo Power ကတော့ Core i9 နဲ့ အတူတူပဲဖြစ်ပါတယ်။
နောက်ဆုံး Core i5-13600K(F)ကတော့ 14 Cores(6P+8E) နဲ့ 20 Threads ရှိကာ ယခင် Alder Lake ထက် E-Cores ၂ဆတိုးလာတယ်လို့ပြောနိုင်ပါတယ်။ Clock Speed အနေနဲ့ P-Coresက 5.8GHzအထိ အမြင့်ဆုံးရနိုင်ပြီး E-Coresတွေက 3.9GHz အထိရနိုင်ပါတယ်။ Max Turbo Power က
ဈေးနှုန်းပိုင်းအနေနဲ့ Core i9 Core i7 တွေဟာ ယခင် Alder Lake အတိုင်းကျသင့်မှာဖြစ်လို့ ဈေးသင့်တယ်ဆိုနိုင်ပေမယ့် Core i5 တွေက $30လောက်ပိုလာပါတယ်။
Intel အနေနဲ့ 13th Gen processor တွေဟာ gaming နဲ့ content creation မှာ Zen 3 နဲ့ Alder Lake ထက်ပိုမိုမြန်ဆန်ကြောင်းပြသသွားပြီး Ryzen 7000 နဲ့ဆိုရင်ဘယ်လိုကွာခြားမလည်းဆိုတာကတော့ စောင့်ကြည့်သွားရမှာပါ။
ဒါ့အပြင် chipset အသစ်ဖြစ်တဲ့ Z790 ကိုလည်းပြသသွားပြီး လက်ရှိ 600 Series motherboard တွေဟာလည်း 13th Gen ကိုအထောက်အပံ့ပေးမှာပါ ဒါပေမယ့် Z790 မှာ PCIe 4.0 lanes ၈ခုအပိုပါဝင်သလို 20Gbps USB connector တစ်ခုလည်းအပိုပါဝင်ပါတယ်။
Intel 13th Gen desktop processor တွေနဲ့ Z790 motherboard တွေကို အောက်တိုဘလ ၂၀ရက်နေ့ကစတင်ဝယ်ယူနိုင်မှာပါ။ ဒါ့အပြင် Core i9+12900KS လိုနေရာကိုဆက်ခံမယ့် clock speed 6GHz အထိ boost ပေးနိုင်တဲ့ pre-binned လုပ်ပြီးသား SKU အချို့ကိုလည်း အရိပ်အမွက်ပြသသွားပါသေးတယ်။
Source: TechSpot
#EnThueTech
#CPU
#RaptorLake
ဒါ့အပြင် chipset အသစ်ဖြစ်တဲ့ Z790 ကိုလည်းပြသသွားပြီး လက်ရှိ 600 Series motherboard တွေဟာလည်း 13th Gen ကိုအထောက်အပံ့ပေးမှာပါ ဒါပေမယ့် Z790 မှာ PCIe 4.0 lanes ၈ခုအပိုပါဝင်သလို 20Gbps USB connector တစ်ခုလည်းအပိုပါဝင်ပါတယ်။
Intel 13th Gen desktop processor တွေနဲ့ Z790 motherboard တွေကို အောက်တိုဘလ ၂၀ရက်နေ့ကစတင်ဝယ်ယူနိုင်မှာပါ။ ဒါ့အပြင် Core i9+12900KS လိုနေရာကိုဆက်ခံမယ့် clock speed 6GHz အထိ boost ပေးနိုင်တဲ့ pre-binned လုပ်ပြီးသား SKU အချို့ကိုလည်း အရိပ်အမွက်ပြသသွားပါသေးတယ်။
Source: TechSpot
#EnThueTech
#CPU
#RaptorLake
0 Comments