Subscribe Us

header ads

Intel မှ ၂၀၂၃တွင် Pentium နှင့် Celeron အမှတ်တံဆိပ်များကို ရပ်ဆိုင်းမည်



Intel ဟာ သူတို့ရဲ့ Intel Pentium နဲ့ Celeron notebook အမှတ်‌တံဆိပ်တွေကို ၂၀၂၃ခုနှစ်ကစပြီးအနားပေးသွားမယ်လို့ဆိုပါတယ်။ ၂၀၂၃ခုနှစ်ကစတင်ပြီး ဒီလို CPU တွေတပ်ဆင်လေ့ရှိတဲ့ essential PC တွေမှာ "Intel Processor" ဆိုတဲ့နာမည်အောက်သာမြင်ရမှာပါ။ နောက်ပိုင်းမှာ Pentium နဲ့ Celeron သုံးထားတဲ့စက်တွေကို "Intel Inside" လို့သာမြင်တွေ့ရမှာဖြစ်ပါတယ်။


Intel အနေနဲ့ flagship ဖြစ်တဲ့ Core၊ Evo နဲ့ vPro အမှတ်တံဆိပ်တွေပေါ်မှာသာအာရုံပိုစိုက်သွားမှာဖြစ်ပြီး အသုံးပြုသူတွေရွေးချယ်ရပိုလွယ်ကူစေဖို့ သိပ်ပြီးမကွာခြားလှတဲ့ Pentium နဲ့ Celeron ကိုအနားပေးလိုတာဖြစ်ပါတယ်။

Intel ဟာ Pentium အမှတ်တံဆိပ်ကို ၁၉၉၃ခုနှစ်က စတင်မိတ်ဆက်ပေးခဲ့ပြီး ကုမ္ပဏီရဲ့ high-end desktop processor တွေရဲ့ flagship အမှတ်တံဆိပ်တစ်ခုဖြစ်ခဲ့ပါတယ်။ ၂၀၀၆ခုနှစ်မှာ Core ဆိုတဲ့ အမှတ်တံဆိပ်ကိုအသုံးပြုလာပြီးနောက်ပိုင်း Mid-range product တွေဖြစ်လာခဲ့ပြီး အချိန်ကြာမြင့်လာတဲ့အမျှ low-end အဆင့်ထိဖြစ်လာခဲ့ပါတယ်။ လက်ရှိမှာ Pentium နဲ့ Celeron ဆိုတာဈေးသက်သာတဲ့ PC နဲ့ Chromebook တွေအတွက်သာဖြစ်လာခဲ့ပါပြီ။

Source: OC3D

#EnThueTech
#News
#CPU

Post a Comment

0 Comments