Subscribe Us

header ads

အထင်ကြီးဖွယ်ရလဒ်များ ပြသခဲ့သည့် Intel ၏ XeSS Demo

Image: Intel

Intel ARC Series တွေဟာ မကြာခင်ထွက်ရှိလာတော့မှာဖြစ်ပြီး ဒီအကြောင်းကို မကြာသေးခင်ကတင်ခဲ့ဖူးတာသိကြမှာပါ။ အဲဒီတုန်းက XeSS ကိုအသားပေးပြောတာတွေရှိပေမယ့် third party တွေစမ်းသပ်ထားတာမရှိတဲ့အတွက် မတင်ပေးဖြစ်ခဲ့ပါဘူး။ အခုဆိုရင် Digital Foundry ဟာ XeSS ပတ်သက်ပြီး အခြေခံကျကျသုံးသပ်ထားတဲ့ exclusive video တစ်ခုကိုတင်ခဲ့ပါတယ်။

အတိုချုံးပြောရမယ်ဆိုရင် XeSS ဆိုတာ Nvidia ရဲ့ DLSS နဲ့ AMD ရဲ့ FSR တို့လို ဂိမ်းတွေကို upscale လုပ်တဲ့နည်းပညာတစ်မျိုးဖြစ်ပါတယ်။ XeSS ဟာ မူလမှာပိုနည်းပါးတဲ့ resolution ကို ရုပ်ထွက်ကိုမထိခိုက်စေပဲ မြင့်မားတဲ့ resolution ရအောင်မြှင့်တင်ပေးနိုင်ပါတယ်။

XeSS က Nvidia ရဲ့ DLSS နဲ့ အတော်လေးဆင်တူတယ်လို့ဆိုနိုင်ကာ upscale လုပ်ဖို့ temporal AI algorithm အကူအညီနဲ့ upscale လုပ်ထားတဲ့ ရုပ်ပုံပေါ်မှာ detail တွေပြန်ထည့်ပေးတာဖြစ်ပြီး ဘာမှမရှိဘူးဆိုရင် အရင်မှတ်သားထားတဲ့ အချက်အလက်တွေကနေပြန်ယူပါတယ်။ DLSS နဲ့ မတူညီတာက XeSS မှာ GPU အမျိုးအစား၃ခုပေါ်မှာအလုပ်လုပ်ပါတယ်။ ဒါတွေက ARC Alchemist GPU တွေ Intel ရဲ့ Integrated graphics တွေနဲ့ အခြား Intel မဟုတ်တဲ့ GPU (AMD နဲ့ Nvidia) တွေမှာ အလုပ်လုပ်ပါတယ်။

Digital Foundry က ARC Alchemist A770 ကိုစမ်းသပ်ရာမှာ XeSS ကိုအထောက်အပံ့ပေးကာ အထူးသီးခြားဖန်တီးထားတဲ့ Shadow of the Tomb Raider ဂိမ်းနဲ့စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ Resolution တွေက 1080p၊ 1440p နဲ့ 4K တို့မှာပါ။

XeSS စွမ်းဆောင်ရည်ကအတော်လေးအားရစရာကောင်းပြီး 4K resolution မှာ A770 ကတ်နဲ့ XeSS performance mode နဲ့စမ်းသပ်ရာမှာ ၈၈% frame ပိုထွက်လာပါတယ်။ frame တွေဟာ Balanced mode မှာဆိုရင် ၆၆%၊ Quality Mode မှာ၄၇%နဲ့ Ultra Qualityမှာဆိုရင် ၂၃% အထိတိုးတက်လာတာတွေ့ရပါတယ်။

‌ဒါပေမယ့် ဒီလိုကြီးမားတဲ့ကွာခြားမှုဟာ 4K လိုမျိုး မြင့်မားတဲ့ resolution မှာသာပိုသိသာပြီး 1440p လိုမျိုးမှာဆို ၅၂% အမြင့်ဆုံးရရှိမှာဖြစ်ပါတယ်။

XeSS ရဲ့ ရုပ်ထွက်အရည်အသွေးက စွမ်းဆောင်ရည်လိုပဲကောင်းမွန်တာကိုတွေ့ရပါတယ်။ Shadow of the Tomb Raider မှာပါဝင်တဲ့ DLSS 2.3 နဲ့နှိုင်းယှဉ်မယ်ဆိုရင် XeSS က လက်ရည်တူတယ်လို့ဆိုနိုင်ပါတယ်။ TAA implementationလုပ်ရာမှာ XeSS ဟာ DLSS ထက်အချို့နေရာမှာပိုသာနေတာတွေ့ရပြီး ဒါဟာ native resolution မှာဖြစ်ပါတယ်။

XeSS နဲ့ DLSS ကိုဘေးခြင်းကပ်ယှဉ်ပြီး zoom ဆွဲမကြည့်ဘူးဆိုရင် သင့်အနေနဲ့ဘယ်လိုမှမသိနိုင်ပါဘူး။ Zoom ဆွဲကြည့်တဲ့အခါမှ ကွာခြားချက်ကိုမြင်နိုင်ပါတယ်။ ဒါတောင် upscaler ၂ခုကအတူတူပဲလို့ထင်ရပြီး DLSS ကနေရာအချို့မှာအသာရတာဖြစ်ပါတယ်။ လှုပ်ရှားနေတဲ့ ပုံရိပ်တွေမှာဆို ghosting နဲ့ artifacting ဖြစ်တာမရှိပဲ XeSS က အကောင်းဆုံးရုပ်ထွက်ကိုပေးနိုင်ပါတယ်။

ဒါပေမယ့် XeSS မှာ bug အချို့ရှိနေပြီး Intel အနေနဲ့ဖယ်ရှားဖို့လိုပါတယ်။ ပထမတစ်ခုက vegetation နဲ့ clothing တွေမှာ ပှံမှန်မဟုတ်ပဲ တစ်ဖျပ်ဖျပ် flickering ဖြစ်တာမျိုးပါ။ ဒုတိယတစ်ခုက ရေနဲ့ရွှံ့နွံတွေမှာ တုန်ခါနေတဲ့ပြဿနာဖြစ်ပါတယ်။

Digital Foundry သုံးသပ်ချက်အရ Intel ဟာ AI upscale ပိုင်းမှာခေသူမဟုတ်ဘူးဆိုတာပြသနေပါတယ်။ ဒါပေမယ့် Intel အနေနဲ့ DLSS နဲ့ FSR ကိုယှဉ်ပြိုင်ဖို့ကြံရွယ်ထားတယ်ဆိုရင် တက်နိုင်သမျှအားထုတ်ဖို့တော့လိုပါတယ်။

Source: Digital Foundry and Tom's Hardware

#EnThueTech
#News
#GPU

Post a Comment

0 Comments