NVIDIA ရဲ့ CEO ဖြစ်သူ Jensen Haung ဟာ ဒီနေ့ကျင်းပတဲ့ GTC ပွဲမှာ မျိုးဆက်သစ် RTX 40 series Ada Lovelace GPU တွေ ဖြစ်တဲ့ GeForce RTX 4090 နဲ့ RTX 4080 ကိုကြေညာခဲ့ပါတယ်။ ဒီ GPU တွေမှာ GPU Core ကို TSMC ရဲ့ 4N Process (4nm) နည်းပညာနဲ့ Micron ရဲ့ GDDR6X Memory တို့နဲ့တွဲဖက်ထုတ်လုပ်ထားပါတယ်။ Ada ဟာ ယခင်မျိုးဆက် Ampere တွေထက် CUDA Cores ပေါင်း ၇၀% ပိုမိုများပြားပြီး RTX Cores အသစ်တွေနဲ့ တဖန်ဆန်းသစ်ထားပါတယ်။
ပထမဆုံးအနေနဲ့ Ada မှာ streaming processor အသစ်ကို အသုံးပြုလာပြီး 90TFLOPS ရှိကာ ယခင်မျိုးဆက်ထက် ၂ဆပိုများပြားပါတယ်။ Ada ရဲ့ Shader Module တွေကို Shader Execution Reordering လိုနာမည်ပေးထားပြီး ray tracing ဟာ ၂ဆကနေ၃ဆလောက်အထိမြန်ဆန်လာမှာဖြစ်ပါတယ်။RT Cores အသစ်
Ray Tracing အတွက် hardware unit အသစ်၂ခုပါဝင်လာပါတယ်။ Opacity Micromap Engine အသစ်ဟာ alpha test geometry ရဲ့ ray tracing ပြုလုပ်ခြင်းကို၂ဆတိုးမြန်လာစေပါတယ်။ Micro Mesh Engine ကတော့ BVH နဲ့ storage ကိုမထိခိုက်စေပဲ geometry richness ကိုတိုးပွားလာစေပါတယ်။Tensor Cores အသစ်
Tensor Cores အသစ်မှာ Hopper FP8 Transformer Engine 1.4 ပါဝင်လာကာ petaflops အထိရှိလာပါတယ်။ ray tracing ဟာ frame တွေမြင့်မြင့်မားမားနဲ့ကစားလို့မရတဲ့အတွက် Shader Execution Reordering SER ဟာ GPU resource တွေကိုအကောင်းဆုံးအသုံးချနိုင်စေဖို့ကူညီပေးပြီး ray tracing ကို ၂ဆကနေ ၃ဆအထိမြန်ဆန်စေကာ overall performance ကို ၂၅%အထိတိုးတက်လာစေမှာဖြစ်ပါတယ်။DLSS 3.0
Ray Tracing ဟာ computational power အများကြီးလိုအပ်ပြီး ရုပ်ရှင်ဇာတ်ကားရဲ့ frame တစ်ခုခြင်းအတွက် နာရီပေါင်းများစွာ rendering လုပ်ဖို့လိုပါတယ်။ NVIDIA RTX ဟာ real-time ray tracing ကိုအစပျိုးပေးခဲ့ပါတယ်။ ဒါပေမယ့် ray tracing ကြောင့်လျော့နည်းသွားတဲ့ frame တွေကိုကုစားပေးဖို့ရာ DLSS ကိုဖန်တီးခဲ့ပါတယ်။ DLSS ဟာ AI အကူအညီနဲ့ နောက်ထပ်ဖြစ်ပေါ်လာမယ့် frame ကို 16K resolution နဲ့ ခန့်မှန်းတွက်ထုတ်ပေးပြီး နမူနာ frame နဲ့ ခန့်မှန်းထားတဲ့ frame ကိုအသုံးချကာ neural network ကိုလေ့ကျင့်ပေးစေပါတယ်။ ဒီလိုအကြိမ်ထောင်ပေါင်းများစွာလေ့ကျင့်ပေးတဲ့အခါမှာ neural network ဟာ အရည်အသွေးကောင်းတဲ့ရုပ်ပုံတွေကို ခန့်မှန်းလာနိုင်ပါတယ်။![]() |
Image: NVIDIA |
Ada မှာ DLSS 3.0 ကိုမိတ်ဆက်ပေးမှာဖြစ်ပြီး AI အနေနဲ့ ပုံမှန် pixel အစား frame တွေတစ်ခုလုံးစာ ခန့်မှန်းတွက်ချက်ပေးနိုင်ပါတယ်။ DLSS မှာ Optical Flow Accelerator၊ Game Engine Motion Vectors၊ Autoencoder AI Reflex Pipeline ဆိုပြီး အစိတ်အပိုင်း ၄ခုပါဝင်ပါတယ်။ Optical Flow Acceleratorက neural network ကို frame တစ်ခုခြင်းစီမှာ pixel တွေရဲ့ အလျင်နဲ့ ဦးတည်ချက်ကို ပေးအပ်လိုက်ပါတယ်။ frame တွေနဲ့အတူ geometry နဲ့ pixel motion vector တွေကိုပါတပါတည်း neural network တစ်ခုထဲထည့်သွင်းပြီး ကြားထဲက frame တွေကိုထုတ်ပေးပါတယ်။ DLSS 3 မှာ frame တွေကို graphics pipelineမှာတွက်ချက်ပေးစရာမလိုပဲ သီးသန့်ထုတ်ပေးနိုင်တာမို့ ဂိမ်းရဲ့စွမ်းဆောင်ရည်ကို brute force renderingမှာ ၄ဆအထိတိုးတက်လာစေပါတယ်။
DLSS 3 ဟာ frame အသစ်တွေကိုထုတ်ပေးနိုင်စွမ်းရှိတာမို့ GPU နဲ့ CPU-limited ဖြစ်တဲ့ဂိမ်းတွေ ၂မျိုးစလုံးအတွက်အကျိုးရှိစေပါတယ်။ CPU-limited ဖြစ်တယ်လို့ဆိုနိုင်တဲ့ physics heavy ဖြစ်တဲ့ သို့ ကြီးမားတဲ့လောကကြီးထည့်သွင်းထားတဲ့ဂိမ်းတွေအတွက် DLSS 3 ဟာ CPU ထုတ်ပေးနိုင်တဲ့ frame ထက်ပိုမြင့်မားတဲ့ frame ကထုတ်ပေးနိုင်ပါတယ်။ Cyberpunk 2077 မှာဆိုရင် SER နဲ့ Ray Tracing ကို အဆုံးထိတင်ထားပေမယ့် DLSS 3 ဟာ မြင့်မားလှတဲ့ frame တွေကို ထုတ်ပေးနိုင်ကြောင်းပြသသွားပါတယ်။
![]() |
Image: NVIDIA |
အင်မတန်လှပတဲ့ graphics ဟာ များပြားလှတဲ့ computation power ကို လိုအပ်ပါတယ် ခေတ်ပေါ် Cyberpunk 2077 လိုဂိမ်းမှာ pixel တစ်ခုခြင်းစီအတွက် ray tracing calculation ၆၀၀ လောက်လိုအပ်ပြီး လွန်ခဲ့တဲ့ ၄နှစ်က Battlefield V ဂိမ်းထက် ၁၆ဆလောက်ပိုများလာတာပါ။ ဒီလို ၁၆ဆပိုထုတ်ပေးနိုင်ဖို့ အချို့pixel တွေဟာ calculate လုပ်ရပြီးအများစုက ခန့်မှန်းတွက်ချက်ပေးတာပါ။
![]() |
Image: NVIDIA |
Microsoft Flight Simulator ဂိမ်းရဲ့ 40th Anniversary update မှာဆိုရင် DLSS 3 ကိုအထောက်အပံ့ပေးလာမှာပါ။ ဒါ့အပြင် Portal ဂိမ်းဟာလည်း DLSS 3 ကို အထောက်အပံ့ပေးလာမှာပါ။ စိတ်မကောင်းစရာက DLSS 3 ဟာ RTX 40-Series Ada GPU အတွက် သီးသန့်ဖြစ်နေတာပါပဲ။
NVIDIA ရဲ့ architecture update ပုံတွေကိုတစ်ချက်ကြည့်ရအောင်ပါ
RTX Remix
ဂိမ်း modding အတွက် Omniverse application ဖြစ်တဲ့ RTX Remix ကို Nvidia ကဖန်တီးပေးထားပါတယ်။ RTX Remix မှာ ဂိမ်းကို AI အကူအညီနဲ့ texture နဲ့ asset တွေကို resolution မြှင့်တင်နိုင်သလို physical ပိုင်းအရ ပိုတိကျအောင်ပြောင်းလဲနိုင်ပါတယ်။ Portal RTX နဲ့ RTX Remix ကို Ada ကိုမိတ်ဆက်ပြီးမကြာခင်မှာ ရယူနိုင်ပါတယ်။![]() |
Image: NVIDIA |
Ada ဟာ rasterized ဂိမ်းတွေမှာ ၂ဆနဲ့ ray tracing ဂိမ်းတွေမှာ ၄ဆအထိမြန်ဆန်လာပါတယ်။ Ada ဟာ Ampere ထက် တူညီတဲ့ပါဝါစားသုံးမှုမှာ စွမ်းဆောင်ရည်၂ဆပိုထုတ်ပေးနိုင်ကျော်ထုတ်ပေးနိုင်ကာ NVIDIA ရဲ့ lab မှာ 3GHz ကျော်အထိ overclock လုပ်နိုင်ခဲ့ပါတယ်။
GEFORCE RTX 4090
24GB GDDR6X
2-4X Faster than 3090Ti
$1599
Available October 12th
RTX 4090 ဟာ ယခင် RTX 3090Ti ထက် Microsoft Flight Simulator မှာ ၂ဆ၊ Portal RTX မှာ ၃ဆနဲ့ RacerX ဂိမ်းမှာ ၄ဆအထိပိုမိုမြန်ဆန်တယ်လို့ဆိုပါတယ်။ စျေးနှုန်းက $1599 ဖြစ်ပြီးအောက်တိုဘာ ၁၂ရက်နေ့ကစပြီးဝယ်ယူနိုင်ပါတယ်။
GEFORCE RTX 4080
2-4X Faster than 3080Ti
12GB or 16GB GDDR6X
$899 for 12GB
$1199 for 16GB
Available in November
RTX 4080 ဟာ RTX 3080Ti ထက် RacerX မှာ ၃ဆပိုမိုမြန်ဆန်မှာဖြစ်ပါတယ်။ စျေးနှုန်းက 16GB အတွက် $1199 နဲ့ 12GB အတွက် $899 ဖြစ်ပြီး နိုဝင်ဘာလမှာဝယ်ယူနိုင်ပါတယ်။ Ada ဟာ RTX processor အသစ်တွေကြောင့် ဂိမ်းမာတွေအတွက် quantum leap လို့ Jensen Huang ကတင်စားဆိုပြီး creator တွေအတွက် Omniverse လို fully simulated world တွေကိုဖန်တီးနိုင်မယ်လို့ဆိုပါတယ်။
2-4X Faster than 3090Ti
$1599
Available October 12th
![]() |
Image: NVIDIA |
RTX 4090 ဟာ ယခင် RTX 3090Ti ထက် Microsoft Flight Simulator မှာ ၂ဆ၊ Portal RTX မှာ ၃ဆနဲ့ RacerX ဂိမ်းမှာ ၄ဆအထိပိုမိုမြန်ဆန်တယ်လို့ဆိုပါတယ်။ စျေးနှုန်းက $1599 ဖြစ်ပြီးအောက်တိုဘာ ၁၂ရက်နေ့ကစပြီးဝယ်ယူနိုင်ပါတယ်။
GEFORCE RTX 4080
2-4X Faster than 3080Ti
12GB or 16GB GDDR6X
$899 for 12GB
$1199 for 16GB
Available in November
![]() |
Image: NVIDIA |
RTX 4080 ဟာ RTX 3080Ti ထက် RacerX မှာ ၃ဆပိုမိုမြန်ဆန်မှာဖြစ်ပါတယ်။ စျေးနှုန်းက 16GB အတွက် $1199 နဲ့ 12GB အတွက် $899 ဖြစ်ပြီး နိုဝင်ဘာလမှာဝယ်ယူနိုင်ပါတယ်။ Ada ဟာ RTX processor အသစ်တွေကြောင့် ဂိမ်းမာတွေအတွက် quantum leap လို့ Jensen Huang ကတင်စားဆိုပြီး creator တွေအတွက် Omniverse လို fully simulated world တွေကိုဖန်တီးနိုင်မယ်လို့ဆိုပါတယ်။
Source: NVIDIA
#EnThueTech
#Nvidia #RTX
#Ada
#EnThueTech
#Nvidia #RTX
#Ada
0 Comments