Subscribe Us

header ads

Robert Hallock သည် ၁၂နှစ်ကြာအလုပ်လုပ်ကိုင်ပြီးနောက် AMD မှ ထွက်ခွာမည်

Image: AMD

AMD ရဲ့ Technical Marketing ဒါရိုက်တာဖြစ်သူ Robert Hallock ဟာ ၁၂အကြာလုပ်ကိုင်ခဲ့ပြီးနောက် ကုမ္ပဏီကနေထွက်ခွာတော့မယ်လို့ LinkedIn မှာကြေညာခဲ့ပါတယ်။

Hallock ဟာ ပွဲတွေမှ လူလုံးထွက်ပြရတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်သလို Reddit၊ Discord၊ YouTube နဲ့ အခြားကွန်ယက်တွေမှာ ပရိတ်သတ်တွေနဲ့လည်းအလုပ်လုပ်ကိုင်ရသူဖြစ်ပါတယ်။

Hallock အနေနဲ့ ဘယ်ကိုပြောင်းမှာလည်းဆိုတာကို အတိအကျမဆိုထားပါဘူး။ LinkedIn မှာ သူရေးထားပုံအရ ခရီးထွက်ရင်း ဘယ်ကိုပြောင်းမလဲဆိုတာစဉ်းစားမယ်လို့ဆိုပါတယ်။ Hallock ဟာ မကြာခင်နှစ်တွေအတွင်း AMD က ထွက်ခွာတဲ့ ထိပ်တန်းဝန်ထမ်းအချို့တွေထဲကတစ်ယောက်ဖြစ်ပါတယ်။

၂၀၁၇ခုနှစ်မှာ AMD Radeon အကြီးအကဲဖြစ်သူ Raja Koduri ဟာ AMD ကိုစွန့်ခွာခဲ့ပြီး Intel graphics မှာ အကြီးအကဲတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ၂၀၁၈မှာတော့ ကမ္ဘာလုံးဆိုင်ရာ Product Marketing အကြီးတန်းဒါရိုက်တာဖြစ်သူ Chris Hook ဟာ ၁၇နှစ်အကြာမှာလုပ်ကိုင်ရာမှာနှုတ်ထွက်သွားသလို Computing and Graphics ကအကြီးအကဲတစ်ဦးဖြစ်သူ Jim Anderson ဟာလည်းထွက်ခွာသွားခဲ့ဖူးပါတယ်။

Source: Tom's Hardware

#EnThueTech
#News

Post a Comment

0 Comments