Nvidia ဟာ ဒီနေ့မနက်က သူတို့ရဲ့ GeForce Twitter စာမျက်နှာပေါ်မှာ Project Beyond ဆိုတဲ့စာကို တင်ခဲ့ပြီး အစိမ်းရောင် animation ကလွဲရင်ဘာမှမပါပါဘူး။ ကျနော်တို့အနေနဲ့ယူဆတာကတော့ အသစ်ထွက်ရှိလာမယ့် RTX 40-series graphics card တွေအတွက် marketing campaign ဖြစ်မယ်လို့ယူဆရပါတယ်။
အသစ်ထွက်ရှိလာမယ့် graphics card တွေကို Ada လို့နာမည်ပေးထားတယ်လို့သိရပါတယ်။ ဒီvideo အတိုလေးကို Nvidia ရဲ့ ပင်မ Twitter account ကနေတင်တာမဟုတ်ပဲ GeForce Twitter ကနေသာတင်တာမို့ RTX 40-series အတွက်ဖြစ်နိုင်ကြောင်းယူဆရတာပါ။ Project Beyondဟာဘာကိုဆိုလိုသလဲဆိုတာ ဒီလကျင်းပမယ့် GTC ပွဲမှာသိရှိရဖွယ်ရှိနေပါတယ်။
Source: Nvidia GeForce and Techpowerup
Source: Nvidia GeForce and Techpowerup
0 Comments