ဝဘ်စမ်းသပ်ရေးကုမ္မဏီ Ookla ကထုတ်ပြန်တဲ့အချက်အလက်တွေအရ ပြင်သစ်၊ ကနေဒါ၊ ဂျာမနီ၊ နယူးဇီလန် ယူကေနဲ့ အမေရိကန်တို့မှာ Starlink ရဲ့ media download အမြန်နှုန်းဟာ ၂၀၂၁ခုနှစ် ဒုတိယ၄လပတ်နဲ့ ၂၀၂၂ခုနှစ်ဒုတိယ၄လပတ်အတွင်း ကျဆင်းသွားတယ်လို့ဆိုပါတယ်။ ကျဆင်းမှုက ၉%ကနေ ၅၄%အထိရှိခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာတော့ media download speed ဟာ 60Mbps သာရှိပါတယ်။ ဒီမြန်နှုန်းဟာ မိသားစုနဲ့သူငယ်ချင်းတွေ device တစ်ခုစီနဲ့ ဂိမ်းဒေါင်းဖို့၊ ဗီဒီုကြည့်ဖို့ နဲ့ video chat လုပ်ဖို့ လုံလောက်တာထက်ကိုပိုသေးတယ်လို့ဆိုပါတယ်။
မြောက်အမေရိကဒေသတွေဖြစ်တဲ့ Puerto Rico မှာ မြန်နှုန်း 112.22Mbps နဲ့ download speed အမြန်ဆုံးဖြစ်နေပြီး မက်ဆီကိုမှာကတော့ media upload speed 14.48Mbps နဲ့အမြင့်ဆုံးဖြစ်ပါတယ်။
Download speed တင်ကျဆင်းတာမဟုတ်ပဲ upload speed ဟာလည်းမနှစ်ကထက် စာရင်းကောက်ယူထားတဲ့နိုင်ငံတိုင်းမှာ ကျဆင်းသွားတယ်လို့ဆိုပါတယ်။ latency ကတော့ယခင်အတိုင်းနည်းပါးတယ်ဆိုပေမယ့် ပုံမှန် broadband တွေထက်တော့မြင့်မားနေမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့လက T-Mobile ဟာ Starlink ကိုအသုံးပြုပြီး အမေရိကန်မှာ text message ပို့နိုင်တဲ့ကွန်ယက်တွေပိုလွှမ်းခြုံဖို့ အကျိုးတူပူးပေါင်းမှာဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။ ပင်လယ်ကူးသင်္ဘောလိုင်းဖြစ်တဲ့ Royal Caribbean ဟာလည်း Starlink ကိုပထမဆုံးအသုံးပြုသွားမယ့် ပထမဆုံးသင်္ဘောလိုင်းဖြစ်လာမယ်လို့ကြေညာခဲ့ပါတယ်။ Royal Caribbean ဟာ Starlinkကို သူတို့ရဲ့ Royal Caribbean International၊ Celebrity Cruises နဲ့ Silversea Cruises သင်္ဘောတွေမှာ တပ်ဆင်နေပြီဖြစ်ပြီး သင်္ဘောအသစ်တွေမှာလည်းတပ်ဆင်သွားမှာဖြစ်ပါတယ်။
Apple ကတော့ ပြိုင်ဘက်ကုမ္ပဏီဖြစ်တဲ့ Globalstar နဲ့ ပူးပေါင်းပြီး အိုင်ဖုန်းအသစ်တွေမှာ ဂြိုလ်တုကတဆင့် အရေးပေါ် SMS ပို့နိုင်ဆောင်ရွက်နေပါတယ်။ ဒီ feature ကိုအခမဲ့ ၂နှစ်အသုံးပြုနိုင်ပြီး နိုဝင်ဘာလမှာပွဲဦးထွက်လာဖို့ရှိပါတယ်။
Source: TechSpot
#EnThueTech
#News
0 Comments