Subscribe Us

header ads

USB4 Version 2.0 သည် Data မြန်နှုန်း ၂ဆတိုးမည့် အလားအလာရှိ

Image: Pixabay

USB စံနှုန်းနောက်ကွယ်မှာရှိတဲ့ USB Promotors Group ဟာ စံနှုန်းအသစ်ကိုသတ်မှတ်လိုက်ပါတယ်။ ကြာသပတေးနေ့က ဒီအဖွဲ့ဟာ USB Type-C cable နဲ့ connector မှာအသုံးပြုမယ့် USB4 Version 2.0 ရဲ့ specificationကို ကြေညာလိုက်ပါတယ်။

USB4 စံနှုန်းအသစ်ဟာ data transfer speed ကို 80Gbps အထိမြှင့်တင်ဖို့ဒီဇိုင်းပြုထားပြီး လက်ရှိမှာ အမြန်ဆုံးက 40Gbps အထိရနေတာပါ။ ထပ်ဆောင်းဆိုရရင် ဒီပိုမိုမြန်ဆန်တဲ့အမြန်နှုန်းကို လက်ရှိ 40Gbps USB Type-C passive cable တွေနဲ့တင်အသုံးပြုနိုင်တယ်လို့ဆိုထား‌ပေမယ့် ဘယ်လိုကြောင့်ရတာလည်းဆိုတာမပြောသွားပါဘူး။

အမြန်နှုန်း 80Gbps အထိကို အသစ်သတ်မှတ်ထားတဲ့ 80Gbps USB Type-C active cable တွေမှာလည်းရနိုင်တယ်လို့ဆိုပါတယ်။ အခြားပြောင်းလဲမှုတွေကတော့ USB4 စံနှုန်းကို နောက်ဆုံးပေါ် DisplayPort နဲ့ PCIe အပြင် USB 3.2 data ကူးပြောင်းခြင်းကိုလည်း 20Gbps ထက်ကျော်လွန်ဖို့လုပ်ဆောင်သွားမှာပါ။

USB4 စံနှုန်းအသစ်ဟာ ယခင် USB4 Version 1.0၊ USB 3.2၊ USB 2.0 နဲ့ Thunderbolt 3တို့နဲ့လည်း backwards-compatible ဖြစ်မှာပါ။ သို့ပင်သော်ငြား အွန်လိုင်းမှာ ကွဲပြားခြားနားမှုကို နားလည်လွယ်မယ့်အသုံးအနှုန်းအစား USB4 Version 2.0 ဆိုပြီးကြောင်စီစီအသုံးအနှုန်းပေးပုံကိုတော့ ဝေဖန်မှုတွေရှိနေခဲ့ပါတယ်။


မူလ USB4 Version 1.0 မှာ 40Gbps နဲ့ 20Gbps ဆိုပြီး၂မျိုးကွဲနေတာဖြစ်ပါတယ်။

USB Promotors Group ကတော့ နာမည်နဲ့မားကတ်တင်း သတ်မှတ်ချက်တွေကို အနာဂတ်မှာ ပြောင်းလဲသွားမှာဖြစ်ပြီး USB 80Gbps ကိုသတ်မှတ်ထားတဲ့ ပစ္စည်းနဲ့ကြိုးတွေ၂ခုလုံး‌မှာဖော်ပြပေးထားမယ်လို့သိရပါတယ်။ ဆိုလိုတာက USB4 အစား 80Gbps စတဲ့မြန်နှုန်းကိုသာဦးစားပေးဖွယ်ရှိနေပါတယ်။

USB Implementers Forum ရဲ့ပြောခွင့်ရပုဂ္ဂိုလ်တစ်‌ဦး‌ကတော့ အီလက်ထရောနစ်ရောင်းချသူတွေအနေနဲ့ USB4 Version 2.0 ဆိုတဲ့နာမည်ကို အသုံးပြုဖို့ဖိအားပေးမှာမဟုတ်ဘူးလို့ဆိုပါတယ်။ "ကျနော်တို့ဟာ လက်လီရောင်းသူတွေနဲ့ သုံးစွဲသူဦးစားပေးအဖွဲ့အစည်းတွေရဲ့ လေ့လာချက်တွေ၊တုံ့ပြန်ချက်တွေကို သိရှိထားပြီး သာမန်သုံးစွဲသူအနေနဲ့ မြန်နှုန်းနဲ့ပါဝါဘယ်လောက်ထောက်ပံ့တာကိုသာအမှန်တကယ်သိလိုတယ်ဆိုတာနားလည်ထားကြောင်း ဝေါဟာရအသေးစိတ်အချက်အလက်တွေဟာ သုံးစွဲသူတွေကို ရှုပ်ထွေးစေပါတယ်" လို့ဆိုပါတယ်။

ကြာသပတေးနေ့ကကြေညာချက်ဟာ အသုံးပြုသူတွေထက် developer တွေကိုသာရည်ရွယ်ပါတယ်။ "သင့်အနေနဲ့ USB 80Gbps အတွက်ရိုးရှင်းလွယ်ကူတဲ့အမှတ်တံဆိပ်အစီအစဥ်ကိုဖန်တီးဖို့ရာ ဈေးကွက်ရှာဖွေရေးလမ်းညွှန်ချက်တွေကိုရှိလာလိမ့်မယ်လို့မျှော်လင့်ထားနိုင်ပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။



USB Promotors Group ဟာ နိုဝင်ဘာလမှာကျင်းပမယ့် အစည်းအဝေးမတိုင်မှီ USB4 Version 2.0 ရဲ့ တိကျတဲ့ အချက်အလက်တွေကိုထုတ်ပြန်သွားဖို့စီစဉ်နေပါတယ်။

Source: PC Mag

#EnThueTech
#News

Post a Comment

0 Comments