![]() |
Image: Nvidia |
Nvidia graphics card အသုံးပြုသူတွေဟာ နောက်ဆုံးထွက် Windows 11 update 22H2 ကိုတင်လိုက်ချိန်မှာ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ ဒီအတွက်
Nvidia ဟာ နောက်ဆုံးထွက်ရှိထားတဲ့ Windows 11 update ဖြစ်တဲ့ 22H2 feature update ကိုတင်သုံးတဲ့အခါဖြစ်ပေါ်လာတဲ့ ဂိမ်းကစားနိုင်တဲ့စွမ်းဆောင်ရည်ကျဆင်းမှုကိုဖြေရှင်းပေးမယ်လို့ဆိုပါတယ်။ Tom's Hardware အနေနဲ့ Nvidia ကို email ပို့မေးမြန်းရာမှာတော့ လက်ရှိကြုံနေရတဲ့ lagging နဲ့ stuttering ပြဿနာဖြစ်နေတဲ့အပေါ်မှာ အသစ်ထွက်ရှိထားတဲ့ beta update မှာဖြေရှင်းပေးထားတယ်လို့ဆိုပါတယ်။လက်ရှိဒီစာကိုရေးချိန်မှာဖြေရှင်းနည်းကတော့ ဖော်ပြထားတဲ့ link ကတဆင့် GeForce Experience v3.6 Beta ကိုသွင်းပေးရမှာဖြစ်ပြီး ထိုမှတဆင့် Beta Driver ကိုသွင်းယူရမှာဖြစ်ပါတယ်။ အကယ်၍ သင်က Beta driver တွေကိုမသွင်းလိုဘူးဆိုရင်တော့ လာမယ့်အပတ်ထဲမှာ ပုံမှန် driver update ကိုထုတ်ပေးမယ်လို့ဆိုပါတယ်။
Source: Tom's Hardware
#EnThueTech
#News
#GPU
0 Comments