![]() |
Image: OC3D |
နောင်အသစ်ထွက်ရှိလာမယ့် LGA 1851 သုံး Intel 14th Gen Raptor Lake တွေရဲ့ အချက်အလက်တွေဟာ စတင်ပေါက်ကြားလာတာတွေ့ရပါတယ်။
လက်ရှိထွက်ထားတဲ့ 13th Gen Raptor Lake တွေဟာ clock speed မြင့်မားသလို E-Cores တွေလည်းပိုမိုပါဝင်လာပါတယ် ဒါပေမယ့် Raptor Lake ဆိုတာ ယခင် Alder Lake အပေါ်မှာ မွန်းမံထားတဲ့ပုံစံလို့သာဆိုနိုင်ပါတယ်။ စွမ်းဆောင်ရည်ကောင်းတယ်ဆိုပေမယ့် Architecture ကိုပြောင်းလဲမှုမပြုရသေးပဲ Meteor Lake မှာသာပြောင်းမှာပါ။Meteor Lake ကို Intel ရဲ့ Intel 4 lithography node နဲ့တည်ဆောက်မှာဖြစ်လို့ core architecture အပြောင်းအလဲအပြင် node ပါပြောင်းလဲလာမှာပါ။ ကောလာဟလတွေအရ P-Cores ၆ခုနဲ့ E-Cores ၁၆ခုအထိသာပါဝင်မှာဖြစ်ပြီး Core i9-13900K ထက် core ပိုလျော့နည်းမှာဖြစ်ပါတယ်။ ဒါပေမယ့် architecture အသစ်သုံးမှာမို့ မြင့်မားတဲ့စွမ်းဆောင်ရည်ကို single thread ရော multi thread မှာပါရနိုင်မယ်လို့ယူဆရပါတယ်။
Intel ဟာ AMD လို multi-chiplet processorတွေဖန်တီးဖို့ Tile Architecture ကိုအသုံးပြုမှာပါ။ ဒီအတွက် Intel ဟာ သူ့ရဲ့ Foveros packing နည်းပညာ Meteor Lake CPU တွေကို ယခင် monolithic ပုံစံကနေခွဲထုတ်လာမှာဖြစ်ပါတယ်။
Intel ဟာ ၂၀၂၃ခုနှစ်မကုန်ခင်မှာ Meteor Lake CPU တွေကိုအမြောက်အမြားထုတ်လုပ်သွားမှာမို့ ၂၀၂၄လောက်မှသာမြင်ရဖွယ်ရှိပါတယ်။ ဆိုလိုတာက Raptor Lake ကိုဆက်ခံမယ့်သူလောလောဆယ်ပေါ်လာဖို့မရှိသေးပါဘူး။
Source: OC3D
#EnThueTech
#News
#CPU #Leak
0 Comments