Subscribe Us

header ads

ရုရှား၏ 48-Core Baikal-S Processor ပုံများထွက်ပေါ်လာ


Image: Fritzchens Fritz (Flickr)

ဒီနေ့မှာ နာမည်ကျော် ချစ်ပ်ဓာတ်ပုံပညာရှင် Fritzchen Fritz ဟာ Arm Cortex-A75ကိုအခြေခံထားတဲ့ Core ၄၈ခုပါ Baikal-S Processor ရဲ့ နမူနာတစ်ခုကိုရယူကာဓာတ်ပုံရိုက်ကူးနိုင်ခဲ့ပါတယ်။ Baikal-S BE-S1000 ဟာ TSMC 16nm process နဲ့ဖန်တီးထားပြီး Base Clock 2.0GHz နဲ့ Boost Clock 2.5GHz ရှိပါတယ်။ TDP 250W ရှိလို့ ဒီဇိုင်းဟာထိရောက်တယ်ဆိုနိုင်ကာ Intel Skylake Xeon နဲ့ Zen 1 အခြေခံ EYPC CPU တွေလိုစွမ်းဆောင်ရည်ရှိတယ်လို့ရုရှားကုမ္ပဏီကဆိုပါတယ်။ ဒါ့အပြင် ကိုယ်ပိုင်ဖန်တီးထားတဲ့ RISC-V core ကို စီမံခန့်ခွဲမှုနဲ့ boot sequence ကိုထိန်းချုပ်ဖို့ရာအသုံးပြုပါတယ်။

Image: Fritzchens Fritz (Flickr)

Image: Fritzchens Fritz (Flickr)

Image: Fritzchens Fritz (Flickr)

Image: Fritzchens Fritz (Flickr)

ပုံထဲမှာ core cluster တွေ၊ cache တွေချိတ်ဆက်ထားတာတွေနဲ့ 72-bit DDR4-3200 PHY ၆ခုနဲ့ memory controller တွေအားလုံးကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီမော်ဒယ်ဟာ PCIe 4.0x16 (4x4) interface ၅ခုရှိကာ ၃ခုကCCIX 1.0ကိုအထောက်အပံ့ပေးပါတယ် ဒါဟာ server CPU အတွက်အတော်လေးကောင်းမွန်တဲ့ I/O တွေပါရှိတယ်လို့ဆိုနိုင်ပါတယ်။


Related Post

Post a Comment

0 Comments