Subscribe Us

header ads

တရုတ်နိုင်ငံ၏ ကွမ်တမ်နည်းပညာနှင့် A.Iကို အမေရိကန်အစိုးရထပ်မံပိတ်ဆို့ရန်ကြံစည်

IBM ၏ System One ကွမ်တမ်ကွန်ပြူတာကို ကြည့်ရှု့နေသည့် သမ္မတဘိုင်ဒင် (Image: AP)

အမေရိကန်ပြည်ထောင်စုဟာ တရုတ်နိုင်ငံအ‌ပေါ်ဆီမီးကွန်ဒတ်တာတွေအပြင် အခြားနည်းပညာတွေကိုပါပိတ်ဆို့ဖို့စောင့်ကြည့်နေပါတယ်။ Bloomberg ရဲ့သတင်းရင်းမြစ်တွေအရ ဘိုင်ဒင်အစိုးရဟာ နိုင်ငံတော်နဲ့ ကမ္ဘာတစ်လွှားလုံခြုံရေးကိုထိခိုက်စေမယ့် အဆင့်မြင့်နည်းပညာတွေကို အဆက်ဖြတ်ဖို့ ပြည်တွင်းရောပြည်ပမှာပါဆွေးနွေးမှုတွေပြုလုပ်နေပါတယ်။ အဓိကအကျဆုံးက A.I. software နဲ့ quantum computing နယ်ပယ်တွေဖြစ်ကာ ကမ္ဘာတစ်ဝှမ်းမှာ ကမောက်ကမတွေဖြစ်သွားစေနိုင်တယ်ဆိုပေမယ့် အကဲဖြတ်နေဆဲဖြစ်ပါတယ်။ ထပ်မံပိတ်ဆို့မှုတွေထဲမှာ တရုတ်နိုင်ငံရဲ့ quantum computing ကုမ္ပဏီတွေပါဝင်ပြီး ယခင်ပိတ်ဆို့မှု တွေကို အမိန့်ဒီဂရီတစ်ခုအဖြစ်ထပ်လောင်းအားဖြည့်မှာဖြစ်ပါတယ်။

ဒါဟာ တရုတ်နဲ့အမေရိကန်တို့ရဲ့ နည်းပညာတိုက်ပွဲကို သိသိသာသာချဲ့ထွင်လာနိုင်ချေရှိပါတယ်။ ဒီလိုပိတ်ဆို့လိုက်ခြင်းအားဖြင့် အမေရိကန်ရဲ့အဓိကပြိုင်ဘက်နိုင်ငံကိုစီးပွားရေးအရ ဟန့်တားနိုင်ရုံသာမက တရုတ်အစိုးရအ‌နေနဲ့ကွမ်တမ်ကွန်ပြူဝာာတွေကိုအသုံးချပြီး ကုဒ်တွေဖောက်ဖျက်ကာ ဆိုက်ဘာတိုက်ခိုက်မှုပြုလုပ်ခြင်းမပြုနိုင်အောင် တားဆီးနိုင်ပါတယ်။

ကွမ်တမ်းနည်းပညာနဲ့ သက်ဆိုင်ကုဒ်တွေဖော်ယူနိုင်ချေရှိကြောင်း ချိန်းခြောက်မှုတွေဖြစ်ပေါ်လာနိုင်ကိန်းရှိတယ်ဆိုတဲ့ အယူအဆထွက်‌ပေါ်နေတာ ဆယ်စုနှစ်နဲ့ချီကြာမြင့်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် ဒီသီအိုရီဟာအမှန်တကယ်အလုပ်ဖြစ်မဖြစ်ကတော့ အာမခံချက်မရှိပါဘူး။

အမေရိကန်အစိုးရအနေနဲ့ ကွမ်တမ်နည်းပညာကိုအသုံးပြုပြီး ဆိုက်ဘာတိုက်ခိုက်မှုပြုနိုင်တယ်ဆိုတာကို လေးလေးနက်နက်ခံယူထားပြီး တရုတ်နိုင်ငံကတော့ ကွမ်တမ်နည်းပညာကိုရယူဖို့ ဦးစားပေးမှုကိုပွင့်ပွင့်လင်းလင်းချမှတ်ထားပါတယ်။ အမေရိကန်လုပ်ငန်းတွေနဲ့ အစိုးရအပေါ်တရုတ်နိုင်ငံရဲ့ဆိုက်ဘာတိုက်ခိုက်မှု ကြီးမားလာတာမို့ အိမ်ဖြူတော်ဟာ ဝေးဝေးလံလံစဉ်းစားမနေပဲ တရုတ်ရဲ့ ကွမ်တမ်နည်းပညာတွေကိုပိတ်ဆို့ဖို့စဉ်းစားနေနိုင်ပါတယ်။

"ဒီလိုပိတ်ဆို့မှုဟာ အမေရိကန်မှာ ကွမ်တမ်နည်းပညာကိုလာရောက်သင်ယူမယ့် တရုတ်လူငယ်သိပ္ပံပညာရှင်တွေအပေါ်ထိခိုက်မှုရှိလာနိုင်တယ်" လို့ ကွမ်တမ်နည်းပညာဦးဆောင်သူတစ်ယောက်နဲ့ Duke တက္ကသိုလ်က ရူပဗေဒပါမောက္ခတစ်ဦးဖြစ်သူ Chris Monroe က Protocol ကို email နဲ့ပြန်ကြားခဲ့ပါတယ်။

အကယ်၍ ဘိုင်ဒင်အစိုးရဟာ တရုတ်နိုင်ငံအပေါ် ကွမ်တမ်နည်းပညာနဲ့ A.I နည်းပညာတွေကို အဆင့်မြင့်ဆီးမီးကွန်ဒတ်တာတွေပိတ်ဆို့ခဲ့သလိုလုပ်မယ်ဆိုရင် ကွမ်တမ်ကွန်ပြူတာတွေနဲ့ ၎င်းတို့ကိုတည်ဆောက်နိုင်တဲ့စက်ပစ္စည်းတွေကို တင်ပို့ခြင်းကနေတားမြစ်လာမှာဖြစ်ပါတယ်။

ကွမ်တမ်နည်းပညာဆက်စပ်ပစ္စည်းတွေကိုတင်ပို့မှုပိတ်ပင်ခြင်းဟာ တကယ့်နယ်ပယ်မှာအမေရိကန်ကိုဆိုးဆိုးရွားရွားထိခိုက်စေနိုင်တယ်လို့ သူ့အနေနဲ့ထင်မြင်မိကြောင်း "ကွမ်တမ်ကွန်ပြူတာတွေတည်ဆောက်ခြင်းနဲ့ အသုံးချခြင်းကို ကန့်သတ်တာဟာ အပျက်သဘောဆောင်တဲ့အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်စေမှာဖြစ်ပြီး မိမိတို့ရဲ့ ဦးဆောင်မှုကို ကျုံ့ဝင်သွားစေနိုင်ပါတယ်" လို့ Protocol ကို Monroe ကပြောကြားခဲ့ပါတယ်။

Source Tom's Hardware and
Protocol
https://t.me/EnThueTech

#EnThueTech
#News
#TechCulture
#QuantumComputing


Related Post

Post a Comment

0 Comments