စူပါကွန်ပျူတာတွေကို လည်ပတ်ရတာ အမြဲတမ်းစိန်ခေါ်မှုတွေနဲ့ကြုံရပါတယ်။ သူတို့ဟာ စွမ်းအင်အမြောက်အမြားကိုသုံးစွဲသလို များပြားလှတဲ့ processor နဲ့ graphics card တွေကို ပြဿနာမရှိပဲအတူတူတကွအလုပ်လုပ်နိုင်စေဖို့လည်းလိုအပ်ပါတယ်။ ကမ္ဘာပထမဦးဆုံး exascale စူပါကွန်ပျူတာဖြစ်တဲ့ AMD ချပ်စ် သုံး Oak Ridge ရဲ့ Frontier စူပါကွန်ပျူတာဟာ စောစောစီးစီးပြဿနာတွေရှိနေပြီး သူ့ရဲ့hardware တွေဟာ နေ့တိုင်းလိုလိုချို့ယွင်းမှုဖြစ်နေပြီး ၂၄နာရီအတွင်း ချို့ယွင်းမှုတစ်ခုမဟုတ်တစ်ခုရှိနေတယ်လို့ဆိုပါတယ်။
HPC ရဲ့ အဆိုအရ Frontier စူပါကွန်ပျူတာဟာ ၂၀၂၃ခုနှစ် ဇန်နဝါရီလမှာ အပြည့်အဝလည်ပတ်ဖို့ပြင်ဆင်ထားပြီး ပြဿနာပေါင်းစုံနဲ့ရင်ဆိုင်နေရပါတယ်။ လက်ရှိမှာ Oak Ridge အနေနဲ့ ပြီးစီးရမယ့်ရက်နီးကပ်လာပေမယ့် Exascale Computing အတွက်များပြားလှတဲ့ hardware လိုအပ်မှုအပေါ်အကောင်းမြင်လျက်ရှိနေပါတယ်။Oak Ridge ရဲ့ Frontier စူပါကွန်ပျူတာရဲ့ ကနဦးပြဿနာတွေက Frontier ထဲကစနစ်အချင်းချင်းချိတ်ဆက်တဲ့ HPE Slingshot fabric ဖြစ်ပါတယ်။ အခြားပြဿနာက Frontier အတွက် တွက်ချက်အများအပြားလုပ်ဆောင်နိုင်စွမ်းရှိတဲ့ AMD Instinct MI240 GPU accelerator တွေဖြစ်ပါတယ်။
ဒီလိုကြီးမားတဲ့ ကွန်ပျူတာတွေမှာ ပြဿာနာတွေရှိလာမယ်လို့မျှော်လင့်ထားနိုင်ပါတယ်။ အခြားစီမံကိန်းကြီးတွေလိုပါပဲ စနစ်တစ်ခုလုံးထိထိရောက်ရောက်လည်ပတ်အောင် အားထုတ်မှုအများအပြားလိုအပ်ပါတယ်။ Oak Ridge အနေနဲ့ Frontier ရဲ့ ချို့ယွင်းမှုနှုန်းလျော့ပါးအောင် အာရုံစိုက်နေကာ လက်ရှိမှာ ရက်ပိုင်းမဟုတ်ပဲနာရီပိုင်းအတွင်းသာတိုင်းတာမှုပြုလုပ်နေရပါသေးတယ်။
Hardware ပြဿနာတွေအပြင် Oak Ridge ဟာ ကြီးမားတဲ့အလုပ်တွေမှာ Frontierရဲ့ စက်စွမ်းအားပြည့်နဲ့ သေချာစွာအသုံးပြုနိုင်ဖို့ဆောင်ရွက်နေပါတယ်။ ဒါဟာ Frontier လိုကွန်ပျူတာအတွက် စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ စွမ်းဆောင်ရည်အမြင့်ဆုံးကိုရရှိလာတဲ့အခါ သုတေသနပညာရှင်တွေထည့်သွင်းပေးလိုက်တဲ့ simulation တွေကိုမြန်မြန်ဆန်ဆန်ပြီးမြောက်စေမှာဖြစ်သလို အမြင့်ဆုံးအလုပ်တွေကိုလည်းပြီးမြောက်နိုင်မှာဖြစ်ပါတယ်။
လူအများအပြားက တပ်ဆင်ထားတဲ့ AMD Instinct accelerator တွေကိုသာ ညွန်ပြနေကြပေမယ့် Oak Ridge Leadership Computing Facility (OLCF) က ပရိုဂရမ်ဒါရိုက်တာ Justin Whitt ကတော့ "ပြဿနာတွေကအမျိုးအစားများစွာကွဲပြားက GPU က ဒီပြဿနာတွေထဲကတစ်ခုသာဖြစ်တယ်" လို့ဆိုပါတယ်။
Oak Ridge ရဲ့ Frontier မှာတပ်ဆင်ထားတဲ့ AMD ထုတ်ကုန်တွေရဲ့ ယုံကြည်စိတ်ချရမှုနဲ့ပတ်သက်ပြီး AMD ထုတ်ကုန်တွေအပေါ်မှာ အများကြီးစိုးရိမ်စရာမရှိပါဘူး၊ ယခင်သုံးဖူးတဲ့စက်တွေထက်စာရင် ပုံစံအသစ်လိုဖြစ်နေမျိုးကြုံနေရတာပါ၊ သာမန်ထက်ဘာမှပိုပြီးထူးခြားမနေပါဘူး" လို့ Whitt ကဆိုပါတယ်။
လက်ရှိမှာ Oak Ridge ရဲ့ Frontier exascale စူပါကွန်ပျူတာဟာ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့ကလုပ်ငန်းစတင်လည်ပတ်မှာဖြစ်ပြီး Oak Ridge အဖွဲ့သားတွေအနေနဲ့လမ်းကြောင်းပေါ်ရှိနေဆဲပါပဲ။ ပြဿနာတွေကြုံနေရပေမယ် Oak Ridge အဖွဲ့သားတွေအနေနဲ့ သက်မှတ်ရက်အမှီပေးအပ်နိုင်မယ်လို့ ယုံကြည်နေကြပါတယ်။
Source: OC3D
https://t.me/EnThueTech
#EnThueTech
#News
#SuperComputers
0 Comments