Subscribe Us

header ads

ချစ်ပ်တစ်ခုတည်းဖြင့် ကမ္ဘာတစ်ခုလုံး၏ အင်တာနက်ထက်ပိုမိုသည့်အချက်အလက်ကို ကူးပြောင်းနိုင်ခဲ့

Image: Andrew Brookes via Getty Images

ဒိန်းမတ်၊ ဆွီဒင် နဲ့ ဂျပန်နိုင်ငံက တက္ကသိုလ်တွေရဲ့သိပ္ပံပညာရှင်‌တွေဟာ တစ်စက္ကန့်ကို 1 petabit ထက်ပိုမိုတဲ့ဖိုင်ပြောင်းရွေ့မှုအထိဆောင်ရွက်နိုင်တဲ့ ချစ်ပ်တစ်ခုကိုဖန်တီးနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ဖိုင်ဘာကြိုးမှာ gigabits ပေါင်းတစ်သန်းကိုရွေ့ပြောင်နိုင်ခဲ့တာလို့ဆိုနိုင်သလို တစ်ကမ္ဘာလုံးရဲ့ အင်တာနက်ကိုကိုင်တွယ်နိုင်တဲ့ပမာဏလို့ဆိုနိုင်ပါတယ်။
သုတေသီတွေဖြစ်တဲ့ A.A Jørgensen၊ D. Kong၊ L.K. Oxenløwe နဲ့ သူတို့ရဲ့အဖွဲ့သားတွေဟာ ၇.၉ ကီလိုမီတာအရှည်ရှိတဲ့ဖိုင်ဘာကြိုးမှာ ချစ်ပ်တစ်ခုကိုသာသုံးပြီး 1.84 petabits ပမာဏရှိတဲ့အချက်အလက်တွေကိုအောင်မြင်စွာပို့လွှတ်နိုင်ခဲ့ပါတယ်။ ဒါက ပိုမိုကြီးမားပြီး‌ နေရာယူကာ 10.66 petabitsပမဏအထိ ပို့လွှတ်နိုင်တဲ့ အခြားစနစ်တွေလောက် မမြန်ဘူးဆိုပေမယ့် အရွယ်အစားအရ အလွန်ကျစ်လစ်တယ်လို့ဆိုနိုင်ပါတယ်။

ဒေတာကူးပြောင်းမှုကို အပိုင်း ၃၇ခုအဖြစ်ခွဲထုတ်ကာ ဖိုင်ဘာကြိုးတစ်ခုစီရဲ့ core တစ်ခုခြင်းစီအတွက် ခွဲထုတ်ပြီး အဆိုပါထုတ်လွှတ်မှုကို နောက်ထပ် ၂၂၃ခုအထိ ထပ်မံခွဲထုတ်နိုင်တာမို့ သုတေသီတွေအနေနဲ့ လိုင်းကိုနှေးကွေးစေတဲ့ အနှောင့်အယှက်တွေကိုဖယ်ရှားနိုင်ခဲ့တာကြောင်း ကမ္ဘာတစ်ခုလုံးရဲ့ အင်တာနက်မြန်နှုန်းလောက်ကို ချစ်ပ်တစ်ခုတည်းကနေ ပို့လွှတ်နိုင်ခဲ့တာဖြစ်ပါတယ်။

"ကမ္ဘာ့အင်တာနက်အမြန်နှုန်းဟာ ပျမ်းမျှ ရှိပြီး မိမိတို့အနေဖြင့် ထိုမြန်နှုန်းထက်၂ဆခန့်ကူးပြောင်းနိုင်ခဲ့ကြောင်း" Jørgensen က New Scientist ကိုမှတ်ချက်ပေးခဲ့ပါတယ်။ "ဒါဟာအင်မတန်များပြားတဲ့ဒေတာပမာဏဖြစ်ပြီး ၁စတုရန်းမီလီမီတာထက်သေးငယ်တဲ့ကြိုးကနေကူးပြောင်းနိုင်ခဲ့ပါတယ်။ ဒါဟာမိမိတို့‌အနေနဲ့ ယနေ့လက်ရှိကမ္ဘာ့အင်တာနက်မြန်နှုန်းထက် အများကြီးပိုဆောင်ရွက်နိုင်တာကိုပြသနေတာပါ" လို့ဆိုပါတယ်။

သုတေသီတွေအနေနဲ့ သဘောတရားအရ ဒီလိုစနစ်တွေဟာ အခြားစနစ်တွေလောက်အရွယ်အစားရှိခဲ့မယ်ဆိုရင် 100 petabits အထိမြန်နှုန်းတိုးတက်လာမယ်လို့ တွေးဆကြပါတယ်။

အခြေခံအားဖြင့် မြန်နှုန်းမြင့်ဒေတာကူးပြောင်းဖို့အတွက် ဖိုဘာကြိုးမျှင်တစ်ခုနဲ့ ကြီးမားတဲ့စက်ပစ္စည်းလိုအပ်ပြီး အခုဆိုရင် ချစ်ပ်တစ်ခုတည်းကနေဆောင်ရွက်နိုင်တဲ့အထိအရွယ်အစားသေးငယ်လာပြီဖြစ်ပါတယ်။ ဒါ့အပြင် ပမာဏများပြားလှတဲ့ဒေတာတွေကို ဝေးလံတဲ့ဒေသတွေထံ မြန်နှုန်းမြင့်ပို့ဆောင်ရာမှာ အခက်အခဲဖြစ်‌ပေါ်မှုအချို့ကိုလည်းဖယ်ရှားပေးလိုက်နိုင်ပါတယ်။

ဒီလိုကြီးမားတဲ့အောင်မြင်မှုတွေရရှိလာစေတဲ့ အစိတ်အပိုင်းတစ်ခုကတော့ microcomb တွေဖြစ်ပါတယ် ၎င်းတို့ဟာ အလင်းကို တိတိကျကျတိုင်းတာနိုင်တဲ့ကြိမ်နှုန်း‌နဲ့အဆက်မပြတ်ပို့လွှတ်နိုင်ပါတယ်။ ဒီအရာတွေဟာ ခုလိုအရွယ်အစားသေးငယ်တဲ့စနစ်ဖြစ်အောင်လုပ်နိုင်တာတင်မဟုတ်ပဲ CMOS ချစ်ပ်တွေကိုပေါင်းထည့်ရာမှာလည်း ကြီးမားတဲ့တိုးတက်မှုတွေရှိခဲ့ပါတယ်။

အမှန်တကယ် စနစ်တကယ်လုံးကိုပိုမိုပေါင်းစပ်လာနိုင်ဖို့ CMOS ချစ်ပ်ထဲကို နောက်ထပ်ပေါင်းထည့်လို့ရတာအများကြီးရှိသေးတယ်လို့ Jorgensen ကဆိုပါတယ်။ ဒါကြောင့်ခုစနစ်ကလက်ရှိမှာ သေးငယ်မြန်ဆန်တယ်ဆိုပေမယ့် ဒီထက်ပိုကျစ်လစ်တဲ့စနစ်တွေထွက်ပေါ်လာဖို့ အချိန်တစ်ခုသာလိုပါတော့တယ်။ ဒီလိုစနစ်တွေကိုပေါင်းစပ်ပြီး parallel စနစ်တစ်ခုတည်းအဖြစ်ပေါင်းစပ်ကာ server rack တစ်ခုတည်းကနေ အလွန်များပြားတဲ့ bandwidth တွေဖြစ်လာဖို့ရှိနေပါတယ်။

ဆိုလိုတာက အင်တာနက်ကွန်ယက်ဟာ ဒီထက်အများကြီးမြန်နှုန်းတိုးပွားလာစရာရှိနေပါတယ်။

Source: PC Gamer

#EnThueTech
#News

Post a Comment

0 Comments