Subscribe Us

header ads

မိမိတို့၏စက်ရုပ်များကို လက်နက်သဖွယ် အသုံးမပြုရန် Boston Dynamics မှ တောင်းဆို


Boston Dynamics ဦးဆောင်တဲ့ မဟာမိတ်ကုမ္ပဏီတွေဟာ စက်ရုပ်လုပ်ငန်းနယ်ပယ်နဲ့ အများပြည်သူတွေကို လိပ်မူထားတဲ့ အိတ်ဖွင့်ပေးစာတစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီစာထဲမှာ အထွေထွေသုံး စက်ရုပ်တွေဟာ ဈေးအလွန်သက်သာလာပြီး ဖျက်အားပြင်းလက်နက်တွေဖြစ်လာတာကိုထောက်ပြထားပါတယ်။ ဒီကိစ္စဟာအနာဂတ်စက်ရုပ်နည်းပညာကိုထိခိုက်စေနိုင်တယ်လို့ဆိုပါတယ်။

အိတ်ဖွင့်ပေးစာထဲမှာ Boston Dynamics၊ Agility Robotics၊ ANYbotics၊ Clearpath Robotics၊ Open Robotics နဲ့ Unitree Robotics တို့ပါဝင်ကာ ခေတ်ပေါ်စက်ရုပ်တွေကြောင့် အကျိုးကျေးဇူးခံစားရပုံတွေကိုအလေးပေးထားပါတယ်။ အဆိုပါကုမ္ပဏီ ၆ခုဟာ မျိုးဆက်သစ်အဆင့်မြင့်စက်ရုပ်တွေကို ကမ္ဘာကိုမိတ်ဆက်ဖို့အလုပ်များနေကြပြီး အလိုအလျောက်ဆောင်ရွက်နိုင်တဲ့စက်ပစ္စည်းတွေဟာ ပိုမိုလက်လှမ်းမှီ၊ ပိုမိုသုံးစွဲရလွယ်ကူကာ ပိုပိုသက်သာပြီး ယခင်မျိုးဆက်တွေထက် ပြောင်းလွယ်ပြင်လွယ်ဖြစ်လာပါတယ်။

ဒီစက်ရုပ်အသစ်တွေဟာ ယခင်ကသွားလာလို့မရ‌ခဲ့တဲ့နေရာတွေကိုသွားလာနိုင်ကာ လုပ်ငန်းနယ်ပယ်အတွက်အကျိုးရှိစေသလို လူတွေအတွက်အိမ်မှာလည်း အဖော်မွန်ကောင်းဖြစ်လာနိုင်ပါတယ်။ ဒီလိုဆိုပေမယ့် နည်းပညာမြင့်စက်ရုပ်တွေဟာ အလွဲသုံးခံရတာမျိုးလည်းရှိနိုင်ပါတယ်။ မျိုးဆက်သစ်စက်ရုပ်တွေကို မသမာသူတွေက လူမှုအခွင့်အရေးနဲ့ ထိခိုက်နာကျင်စေဖို့ရာ အသုံးပြုလာနိုင်‌ကိန်းရှိနေပါတယ်။

စက်ရုပ်နည်းပညာကုမ္ပဏီတွေဟာ စက်မှုလုပ်ငန်းသုံး သို့ ကယ်ဆယ်ရေးလုပ်ငန်းမှာအသုံးပြုတဲ့အလိုအလျောက် သို့ အဝေးထိန်းစနစ်နဲ့ထိန်းချုပ်နိုင်တဲ့စက်ရုပ်တွေကို ပြုပြင်ပြောင်းလဲပြီး လက်နက်တင်ဆောင်တာနဲ့ ဖျက်ဆီးရေးလက်နက်အသွင်အသုံးပြုလာမှာကို စိုးရိမ်နေကြပါတယ်။

အများပြည်သူလက်လှမ်းမှီတဲ့ အထွေထွေလုပ်ငန်းသုံးစက်ရုပ်တွေမှာ လက်နက်တပ်ဆင်တာဟာ အန္တရာယ်အသစ်တွေနဲ့ ကျင့်ဝတ်ဆိုင်ရာပြဿနာတွေကိုလည်း မြင့်တက်လာစေပါတယ်။



လောလောလတ်လတ်လက်နက်တပ်ဆင်ထားတဲ့စက်ရုပ်တွေဟာ စက်ရုပ်နည်းပညာအပေါ်လူတွေယုံကြည်မှုကိုထိခိုက်စေပြီး စက်ရုပ်နည်းပညာက လူ့အဖွဲ့အစည်းအတွက်သယ်ဆောင်လာနိုင်အကျိုး‌တရားအားလုံးအပေါ်ချိန်းခြောက်လျက်ရှိနေပါတယ်။

ယခင်ကလည်း လက်နက်ဆန့်ကျင်ရေးအကြောင်းတွေကိုထုတ်ဖော်ပြောဆိုမှုတွေရှိခဲ့ပေမယ့် စာအရ မကြာသေးခင်ကအချို့သောလူနည်းစုဟာ စက်မှုလုပ်ငန်းနဲ့ကယ်ဆယ်ရေးအတွက်အသုံးပြုတဲ့စက်ရုပ်တွေကို ရှင်းလင်းချေမှုန်းရေးစက်ရုပ်အဖြစ်အသွင်ပြောင်းမှုဟာ စိုးရိမ်မှုတွေကိုမြင့်တက်လာစေခဲ့တာဖြစ်ပါတယ်။ Boston Dynamics နဲ့ အခြားကုမ္ပဏီတွေဟာ သူတို့ရဲ့စက်ရုပ်တွေ သို့ အခြေခံsoftware‌ တွေမှာ လက်နက်တပ်ဆင်တာမလုပ်ဖို့ကတိပြုထားပြီး ဒီလိုလုပ်တဲ့ လူပုဂ္ဂိုလ်‌ သို့ အဖွဲ့အစည်းတွေကိုလည်း ဘာမှပံ့ပိုးပေးမှာမဟုတ်ဘူးလို့ဆိုပါတယ်။

Source: TechSpot

#EnThueTech
#News
#TechCulture

Post a Comment

0 Comments