Subscribe Us

header ads

နိုက်ထရိုဂျင်အရည်သုံးထားသည့် Core i9-13900K က 8.8GHz ဖြင့် အမြင့်ဆုံးစံချိန်တင် overclock လုပ်နိုင်ခဲ့


Image: TechSpot


HWbot ကအချက်အလက်အရ လွန်ခဲ့တဲ့ ၈နှစ်ခန့်က AMD FX-8370 က 8722MHz နဲ့ စံချိန်တင်ထားခဲ့တဲ့ အမြင့်ဆုံးCPU clock speed ကိုတင်ထားခဲ့ရာမှာအခုအပြောင်းအလဲဖြစ်သွားခဲ့ပါပြီ။ CPU-Z ကတော့ ဒီထက်အချိန်ပိုကြာညောင်းတဲ့ AMD FX-8350 က 8794MHz နဲ့အမြန်ဆုံးလို့ဆိုထားခဲ့ပါတယ် ဒါပေမယ့် လက်ရှိမှာ website ၂ခုလုံးက ပထမဆုံးအကြိမ်အဖြစ် 8.8GHz ကိုရောက်ရှိလာခဲ့တဲ့ Intel Core i9-13900K ကို ချန်ပီယံအဖြစ်သဘောတူထားကြပြီဖြစ်ပါတယ်။

ပုံမှန်အတိုင်းဆိုရင် Core i9-13900K ရဲ့ P-Cores ‌တွေရဲ့ clock ဟာ 5.8GHz အထိရနိုင်ပြီး အပူချိန်မြင့်တက်လာတဲ့အခါ 5.0-5.5GHz ဝန်းကျင်အထိရနိုင်ပါတယ်။ အပူကိုနိုင်နိုင်နင်းနင်းစွန့်ထုတ်နိုင်တယ်ဆိုရင် clock speed မြင့်မြင့်မားမားရနိုင်ပေမယ့် 300W လောက်ရှိတဲ့ CPU ရဲ့ အပူစွန့်ထုတ်မှုကိုအရွယ်ကြီးမား‌တဲ့ AIO တွေတောင် ကောင်းကောင်းမထိန်းထားနိုင်ပါဘူး။

Image: HWbot

Asus ကကျင်းပတဲ့ pre-release overclocking ပွဲမှာ Elmor ဟာ နိုက်ထရိုဂျင်အရည် LN2 နဲ့ CPU ကိုအအေးခံခဲ့ပါတယ်။ သူတို့ဟာ ကိုယ်တိုင်ဖန်တီးထားတဲ့ ElmorLabs Volcano ခွက်မှာ နိုက်ထရိုဂျင်အရည်ကိုလောင်းထည့်ခဲ့ပါတယ် ပုံအရဆိုရင်ခွက်မှာကြေးနီတွေအများအပြားပါဝင်ပုံရပါတယ်။

သူတို့ဟာ Asus Z790 ROG Maximus Apex မားသားဘုတ်နဲ့ 32GB ရှိတဲ့ DDR5-4800 Memory ကိုအသုံးပြုခဲ့ပါတယ်။ သူတို့ရဲ့ပုံထဲမှာ Lepa G1600 PSU ကိုတွေ့ရကာ Windows 7 နဲ့ဖြစ်ပါတယ်။

Image: HWbot

overclock လုပ်ရာမှာ CPU configuration က bus clock 100.15 MHz နဲ့ P-Cores ၆ခုမှာ multiplier ကို x88.0 ထားပြီး ကျန်တဲ့ P-Cores တွေကို Base Clock 3GHz ထားရှိကာ E-Cores တွေကိုပိတ်ထားပါတယ်။ Elmor အနေနဲ့ Voltage သို့ အပူချိန်ကိုတော့မျှဝေခဲ့ခြင်းမရှိပေမယ့် နောင် YouTube မှာတင်လာခဲ့ရင် ပါကောင်းပါလာနိုင်ပါတယ်။

နောက်ထပ် အထင်ကြီးစရာတစ်ခုက ဒီလိုအမြန်နှုန်းကို Engineering Sample အနေနဲ့ရရှိခဲ့တာဖြစ်ပါတယ်။ အခြား extreme overclocker တွေက binning လုပ်ပြီးသား 13900K တွေရရှိထားတာမို့ ဒီထက်နည်းနည်းပိုမြန်တာတွေတွေ့လာရနိုင်ပါသေးတယ်။

Source: TechSpot and HWBot

#EnThueTech
#News
#Overclocking

Post a Comment

0 Comments