Subscribe Us

header ads

Crypto ကို မာကတ်တင်းလုပ်ပေးသည့် post ကြောင့် Kim Kardashian အနေဖြင့် ဒဏ်ငွေ ဒေါ်လာ ၁.၂သန်းပေးဆောင်ရန်သဘောတူ

Nathan Congleton/NBC via Getty Images

Kim Kardashian ဟာ မနှစ်က follower ၂၇၈သန်းရှိတဲ့ သူမရဲ့ Instagramအကောင့်မှာ EthereumMax (Ethereum နှင့်မသက်ဆိုင်ပါ)ရဲ့ Emax တိုကင်အကြောင်း story တစ်ခုတင်ခဲ့ပါတယ်။ ဒါပေမယ့် သူမဟာ ဒီအကြောင်းအရာဟာ အခကြေးငွေရတဲ့ကြော်ငြာတစ်ခုဖြစ်ကြောင်းကိုမပြောထားပဲ သူမရဲ့မိတ်ဆွေတွေကတဆင့်သိခဲ့ရတယ်လို့သာဆိုထားခဲ့တာဖြစ်ပါတယ်။ သူမအနေနဲ့ ဒီpost တင်ခအတွက် ဒေါ်လာ ၂သိန်းခွဲရယူခဲ့တယ်ဆိုတာကိုလည်းမပြောခဲ့ပါဘူး။

"Crypto ကိုစိတ်ဝင်စားနေလား၊ ဒါကဘဏ္ဍာရေးဆိုင်ရာအကြံပေးချက်မဟုတ်ပါဘူး ဒါပေမယ့် ကျွန်မမိတ်ဆွေတွေပြောတဲ့ EthereumMax တိုကင်အကြောင်းပြန်လည်မျှဝေပေးတာပါ" ဆိုပြီး ရင်းနှီးမြုပ်နှံလိုသူအတွက်တိုကင်တွေဘယ်လိုဝယ်ယူရမလဲဆိုတဲ့အကြောင်းရှင်းပြထားတဲ့ EthereumMax website ရဲ့ လင့်ကိုတွဲပြီးတင်ခဲ့တာဖြစ်ပါတယ်။

အဆိုပါပိုစ့်ဟာ အမေရိကန် လုံခြုံရေးနှင့်ငွေကြေးစောင့်ကြည့်ရေးအဖွဲ့ SECကို မျက်စိကျစေခဲ့ပါတယ်။ အေဂျင်စီဟာ Kardashian ရဲ့ အခကြေးငွေရယူပြီးကြော်ညာခဲ့ကြောင်းပြောဆိုရန်ပျက်ကွက်မှုအတွက်တရားစွဲဆိုခဲ့ပါတယ်။ အခုဆိုရင်သူမအနေနဲ့ ကြောညာမှု၊ အတိုးနှုန်းနဲ့ ဒဏ်ကြေး ဒေါ်လာတစ်သန်းအပါဝင်စုစုပေါင်း ‌ဒေါ်လာ ၁.၂၆သန်းပေးဆောင်ရတော့မှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ထင်ရှားကျော်ကြားသူတွေဟာ crypto အပါအဝင် ရင်းနှီးမြုပ်နှံမှုတွေအကြောင်းမိတ်ဆက်တဲ့အခါမှာ ရင်းနှီးမြုပ်နှံမယ့်သူအားလုံးအတွက်မှန်ကန်တယ်လို့မဆိုနိုင်ဘူး လို့ SEC အကြီးအကဲ Gary Gensler ကဆိုပါတယ်။ မိမိတို့ရဲ့ ဘဏ္ဍာရေးစီမံချက်တွေအတွက် ရင်းနှီးမြှုပ်နှံမှုတစ်ခုအကြောင်း စဉ်းစားတော့မယ်ဆိုရင် အန္တရာယ်တွေနဲ့ အခွင့်အလမ်းတွေရှိ‌နိုင်တယ်ဆိုတာကို စဉ်းစားဖို့တိုက်တွန်းလိုတယ်လို့ဆိုပါတယ်။

နာမည်ကျော်လက်ဝှေ့ကစားသမားဟောင်း Floyd Mayweather ဟာလည်း EthereumMax အပါအဝင် crypto ကိုထောက်ခံအားပေးခဲ့တဲ့အတွက် ပြဿနာတွေတက်နေခဲ့တာပါ။ သူက Logan Paul နဲ့ ထိုးသတ်တဲ့ပြပွဲမှာ EthereumMax ရဲ့လင့်ပါဝင်တဲ့ဗီဒီယိုအတိုတင်ခဲ့ဝာာဖြစ်ပါတယ်။ ရင်းနှီမြုပ်နှံသူတစ်စုဟာ ဒီနှစ်စမှာ Kim Kardashian, Floyd Mayweather နဲ့ ဘတ်စကက်ဘောအကျော်အမော် Paul Pierce တို့ကို crypto တိုကင်တွေကြော်ညာမှုနဲ့တရားစွဲထားခဲ့ပါတယ်။

Mayweather နဲ့ DJ Khaled တို့ဟာ initial coin offerings (ICO) ကိုအခကြေးငွေနဲ့ကြော်ငြာပေးခဲ့တာကိုမဖော်ပြခဲ့မှုအတွက် SEC ရဲ့‌ဒေါ်လာ ၆သိန်းနဲ့ တစ်သိန်းခွဲကြား ဒဏ်ကြေးကိုပေးဆောင်ရတော့မှာဖြစ်ပါတယ်။ နောက်ထပ် သရုပ်ဆောင် Steven Seagal ဟာလည်း အခကြေးငွေနဲ့ကြော်ငြာခဲ့တာကိုမဖော်ပြမှုအတွက် ဒေါ်လာ ၃သိန်း‌ထက်မနည်း ‌ဒဏ်ကြေးပေးဆောင်ရဖွယ်ရှိနေပါတယ် ဒါပေမယ့် သူ့အနေနဲ့နောက်ပိုင်းမှာ ရိုက်ကူးရေးတွေနည်းပါးတဲ့အတွက် ပိုက်ဆံလိုနေတာလည်းဖြစ်နိုင်ပါတယ်။

Source: TechSpot

#EnThueTech
#News

Post a Comment

0 Comments