Subscribe Us

header ads

DLSS 3 ၏ hardware ကန့်သက်ချက်ကို ကျော်လွှားကာ RTX 2070တွင် စွမ်းဆောင်ရည်၂ဆတိုးစေခဲ့သည့် Modder

Image: NVIDIA

DLSS 3ဟာ RTX 40 Series နဲ့ အတူမိတ်ဆက်ခဲ့ပြီး ယခင်ထက်စွမ်းဆောင်ရည်သိသိသာသာတိုးတက်လာခဲ့ပါတယ်။ ဒါပေမယ့် DLSS 3 ဟာ RTX 40 Series အတွက်သီးသန့်အဖြစ်ကန့်သတ်ထားကာ RTX 30 RTX 20 Series တွေမှာ ရရှိမှာမဟုတ်ပဲ DLSS 2သာရရှိမှာပါ။

ဒါဟာ အသုံးပြုသူတွေကိုစိတ်ပျက်စေခဲ့ပါတယ် ဘယ်လိုပဲဖြစ်ဖြစ် Modder တွေကတော့ DLSS 3 ထွက်ရှိပြီးတာနဲ့ hardware အကန့်အသတ်ကိုဖယ်ရှားလာနိုင်ခဲ့ပါတယ်။ Reddit က အသုံးပြုသူ u/JusDax ဟာ VRAM Overhead ကိုဖယ်ရှားထားတဲ့ config.ini ကိုထည့်သွင်းလိုက်ရုံနဲ့ Cyberpunk 2077 မှာframe generationကိုအသုံးပြုနိုင်တယ်လို့ဆိုပါတယ်။ u/JusDax အနေနဲ့ DLSS 3 ကို RTX 2070 မှာအသုံးပြုလိုက်တဲ့အခါ စွမ်းဆောင်ရည်၂ဆတိုးလာတာတွေ့ရတယ်လို့ဆိုပါတယ်။ သူ့အနေနဲ့လက်ရှိမှာစမ်းသပ်ထားတဲ့ Cyberpunk 2077 ဖိုင်ဟာ မထွက်ရှိရသေးတဲ့ဖိုင်ဖြစ်တာမို့ အသေးစိတ်ကိုမပြောနိုင်သေးဘူးလို့ဆိုပါတယ်။ ဒါ့အပြင် u/JusDax အနေနဲ့Cyberpunk 2077 ကို DLSS 3 မရတဲ့ RTX 2070 စမ်းသပ်ရာမှာလည်း stable မဖြစ်တာ၊ frame တွေကျဆင်းတာအပြင် glitch တွေရှိနေတယ်လို့ဆိုပါတယ်။

Image: Hardware Unboxed

DLSS 3 ဟာ စွမ်းဆောင်ရည်သိသိသာသာတိုးတက်လာတယ်ဆိုပေမယ့် အထောက်အပံ့ပေးတဲ့ GPU ‌တွေပေါ်မှာလည်း အားနည်းချက်တွေရှိနေပါတယ်။ Hardware Unboxed ရဲ့ video အရ DLSS 3 ဟာ frame generation လုပ်ပေးရာမှာ UI တွေကိုပါတပါတည်းလုပ်ပေးတာမို့ UI တွေဟာ glitch တွေဖြစ်နေတာတွေ့ရပါတယ်။

Source: Sportskeeda and Hardware Unboxed

#EnThueTech
#News
#GPU

Post a Comment

0 Comments