![]() |
Image: TechSpot |
ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ Elon Musk ဟာ လပေါင်းများစွာ အခြေအတင်ဖြစ်ပြီးနောက်ဒီနေ့မှာ Twitter ကို အပြီးသတ်ဝယ်ယူလိုက်ပါတယ်။ သူဟာ Twitter ကိုဝယ်ယူဖို့ ဧပြီလလယ်မှာ ကနဦးကမ်းလှမ်းမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကုမ္ပဏီအနေနဲ့ပြောဆိုထားတဲ့ အကောင့်တုတွေပိုများနေတယ်လို့ဆိုကာ ဝယ်ယူဖို့သဘောတူညီမှုကိုရုတ်သိမ်းလိုက်ပါတယ်။
Twitter ရော Elon Musk ကပါ ဒီကိစ္စနဲ့ပတ်သက်ပြီးတရားရုံးမှာဖြေရှင်းဖို့ ဦးတည်နေခဲ့ကြပေမယ့် Elon Musk အနေနဲ့ မူရင်းဈေးအတိုင်းဝယ်ယူဖို့ သဘောတူခဲ့ပါတယ်။ ဒီလမ်းကိုရွေးခဲ့တာသူ့အနေနဲ့တရားရုံးမှာ အနိုင်မရနိုင်တာကြောင့်လို့တော့ သံသယဖြစ်ကြပါတယ်။Entering Twitter HQ – let that sink in! pic.twitter.com/D68z4K2wq7
— Elon Musk (@elonmusk) October 26, 2022
မနေ့က Elon အနေနဲ့ ဆန်ဖရန်စ္စကိုက Twitter ဌာနချုပ်ကိုသွားရောက်ခဲ့ရာမှာ Let that sink in! ဆိုတဲ့သဘောနဲ့ လက်ဆေးကြွေခွက်ကြီးကိုကိုင်ပြီးဝင်ရောက်လာခဲ့ပါတယ်။ သူ့အနေနဲ့ ဝန်ထမ်း ၇၅%ကို အလုပ်ထုတ်ပယ်ဖို့မရှိကြောင်း ပြောဆိုခဲ့ပြီး သူ့ရဲ့အစီအစဉ်တစ်စိတ်တစ်ပိုင်းဟာ Twitter ကိုပိုမိုမြတ်စွန်းမှုပိုရရှိဖို့လို့ ရင်းနှီးမြုပ်နှံသူတွေကိုပြောဆိုခဲ့ပါတယ်။ Elon Musk ဟာ Twitter ကို တရားရုံးကချမှတ်ထားတဲ့နောက်ဆုံးဝယ်ယူဖို့သတ်မှတ်ရက်မတိုင်ခင်တစ်ရက်အလိုမှာ ဝယ်ယူခဲ့ပြီး ဒီလိုမဝယ်ခဲ့ရင် ၂ဘက်စလုံးက နိုဝင်ဘာလမှာတရားရင်ဆိုင်ရမှာပါ။
Elon Musk အနေနဲ့အလုပ်သမားအများစုကိုထုတ်ပယ်မယ်လို့မဆိုပေမယ့် Twitterရဲ့ အမှုဆောင်အရာရှိချူပ်နဲ့ ဘဏ္ဍာရေးအရာရှိချုပ်အပါအဝင်အခြားထိပ်တန်းအရာရှိတွေကိုအလုပ်မှထုတ်ပယ်ခဲ့တယ်လို့သိရပါတယ်။
Dear Twitter Advertisers pic.twitter.com/GMwHmInPAS
— Elon Musk (@elonmusk) October 27, 2022
Elon Musk က Twitter ကိုဘာကြောင့်ဝယ်ယူရသလဲဆိုတဲ့အကြောင်း ကြော်ငြာရှင်တွေကိုပြောဆိုမှုမှာတော့ "အနာဂတ်လူ့ဘောင်အတွက် အယူအဆအမျိုးမျိုးရှိတဲ့သူတွေ အကြမ်းမဖက်ပဲငြင်းခုံဆွေးနွေးနိုင်တဲ့
တူညီတဲ့ဒစ်ဂျစ်တယ်မြို့လေးအဖြစ်ရှိစေလိုတာဖြစ်ပါတယ်။ လက်ရှိလူမှုကွန်ယက်တွေမှာ လက်ဝဲစွန်းနဲ့လက်ယာစွန်းအစုတွေကွဲပြားနေပြီး ကိုယ့်အစုအဖွဲ့နဲ့ကိုယ်သီးခြားစီနေထိုင်နေခြင်းက တစ်ဖက်နဲ့တစ်ဖက်ပိုမိုမုန်းတီးလာပြီး ကိုယ့်ရဲ့လူ့အဖွဲ့အစည်းမှာခွဲခြားဆက်ဆံမှုတွေတိုးပွားလာစေတယ်လို့ဆိုပါတယ်။
သမားရိုးကျမီဒီယာတွေဟာ လူကြည့်များအောင်ဆွဲဆောင်နေရင်း ပိုက်ဆံပိုရတယ်လို့ယုံကြည်တာကြောင့် ဒီအစွန်း၂ဘက်ကို မီးလောင်ရာလေပင့်ပေးနေကြတဲ့အတွက် ဆွေးနွေးအဖြေရှာတဲ့ ကဏ္ဍဟာပျောက်ဆုံးလို့နေပါတယ်။
ဒါဟာ မိမိအနေနဲ့ Twitter ကိုဝယ်ယူရတဲ့အကြောင်းပြချက်ဖြစ်ပါတယ်။ ဒါကလွယ်ကူတဲ့ကိစ္စမဟုတ်ပါဘူး။ ပိုက်ဆံပိုရဖို့အတွက်လည်းမဟုတ်ပါဘူး။ ဒါဟာ မိမိချစ်ခင်ရတဲ့ လူသားတွေအတွက် ကူညီဖို့ကြိုးစားတာဖြစ်ပါတယ်။ မိမိတို့အနေနဲ့ ဘယ်လိုပဲကြိုးစားနေလင့်ကစား ကျရှုံးမှုတွေရှိလာနိုင်တယ်ဆိုတာ တကယ်ဖြစ်တန်ချေတစ်ခုအဖြစ်သိရှိနားလည်ထားတယ်လို့ဆိုပါတယ်။
မိမိအနေဖြင့် ကြော်ငြာကိုနည်းလမ်းတကျဆောင်ရွက်ပါက သင့်ကို ကျေနပ်ခြင်း ဖျော်ဖြေခြင်းနှင့် အသိပေးခြင်းပြုလုပ်နိုင်တယ်ဆိုတာ လေးလေးနက်စွာယုံကြည်ပါတယ်၊ ကြော်ငြာခြင်းဟာ သင်ကိုယ်တိုင်ရှိမှန်းမသိပေခဲ့မယ့် သင့်အတွက်အလွန်အသုံးဝင်မယ့် ဝန်ဆောင်မှု၊ ထုတ်ကုန် သို့ ဆေးဝါးကုသမှုတစ်ခုကိုပြသပေးနိုင်ပါတယ်။ ဒီလိုအမှန်တကယ်ဖြစ်ပေါ်လာဖို့အတွက် လူတွေရဲ့လိုအပ်ချက်နဲ့အကိုက်ညီဆုံးဖြစ်တဲ့ကြောငြာတွေကိုပြသပေးဖို့အရေးကြီးပါတယ်။ သက်ဆိုင်မှုနည်းပါးတဲ့ ကြော်ငြာတွေဟာ spam ဖြစ်ကာ သက်ဆိုင်မှုအလွန်ရှိတဲ့ကြောငြာတွေဟာ တကယ့် content ဖြစ်ပါတယ်။
အခြေခံအားဖြင့် Twitter ဟာ သင့်ရဲ့ အမှတ်တံဆိပ်ကိုအားကောင်းစေပြီး သင့်လုပ်ငန်းကိုကြီးထွားစေတဲ့ ကမ္ဘာပေါ်မှာ အလေးစားခံရတဲ့ကြော်ငြာပလက်ဖောင်းတစ်ခုဖြစ်လာဖို့ မျှော်မှန်းထားပါတယ်။ မိမိတို့နှင့် ပူးပေါင်းဆောင်ရွက်သူအားလုံးကို ကျွန်ုပ်အနေဖြင့်ကျေးဇူးတင်ရှိပါတယ်။ အင်မတန်ထူးခြားတဲ့အရာတစ်ခုကို အတူတကွတည်ဆောင်ကြပါစို့" လို့ရေးသားထားပါတယ်။
Elon Musk အနေနဲ့ Twitter မှာ လွတ်လပ်စွာပြောဆိုခွင့်အတွက် ထိန်းကွပ်မှုအချို့ကိုလျော့ချမှာဖြစ်ကြောင်း ယခင်ကဆိုထားပြီး ဒီအချက်ကို Bill Gates က စိတ်ပူစေခဲ့ပါတယ်။ ဒါပေမယ့် Elon က လူတိုင်းပြောချင်ရာပြောခွင့်ရှိတဲ့ မနှစ်မြို့ဖွယ်ရာနေရာတစ်ခုဖြစ်လာမှာမဟုတ်ကြောင်း အာမခံထားပါတယ်။ သူဟာ သမ္မတဟောင်းဒေါ်နယ်ထရမ့်အပေါ်ပိတ်ပင်ထားမှုကိုဖယ်ရှားမယ်လို့ ကတိပြုထားခဲ့ပါတယ်။
Twitter ကိုဝယ်ယူပြီးနောက် Elon Musk ဟာ သူ့ရဲ့အကောင့်မှာ The Bird is Freed လို့ tweet ခဲ့ပါတယ်။ သူ့ရဲ့ Twitter အကောင့်မှာလည်း Chief Twit လို့ဖော်ပြထားပြီး အကြီးအကဲဖြစ်လာပြီလို့အသိပေးထားပါတယ်။
Source: TechSpot and Elon Musk's Twitter
https://t.me/EnThueTech
#EnThueTech
#News
#Internet

the bird is freed
— Elon Musk (@elonmusk) October 28, 2022

0 Comments