![]() |
Image: TechSpot |
Twitter ရဲ့ ဆင်ဆာပြုလုပ်ခြင်းမရှိတဲ့ အခြားရွေးချယ်စရာလူမှုကွန်ယက်ပလက်ဖောင်းတစ်ခုဖြစ်တဲ့ Parler ကို နာမည်ကျော် ရက်ပ်အဆိုတော် Kanye West က ဝယ်ယူဖို့ကြိုးပမ်းနေတယ်လို့ဆိုပါတယ်။ Parler ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Parlement Technologies က ဝယ်ယူဖို့သဘောတူမှုရရှိခဲ့တယ်လို့ဆိုပါတယ်။
"ရှေးရိုးစွဲကွန်ဆာဗေးတစ်ထင်မြင်ယူဆချက်တွေကို အများသူငှာတွေအမြင်နဲ့ဆန့်ကျင်တယ်လို့ ယူဆနေကြတဲ့ကမ္ဘာကြီးမှာ ကျွန်တော်တို့ဟာ မိမိတို့ရဲ့လွတ်လပ်စွာပြောဆိုခွင့်ကို သေချာအောင်လုပ်ရမယ်"လို့ Kanye West က သတင်းစာရှင်းလင်းပွဲတစ်ခုမှာပြောကြားခဲ့ပါတယ်။သင်ဒီနေရာမှာရယူအသုံးပြုနိုင်တဲ့ Parler ဟာ ကွန်ဆာဗေးတစ်တွေနဲ့ Twitter နဲ့ Facebook တို့ကိုသူတို့ရဲ့အသံကိုပိတ်ပင်ထားတယ်လို့စွပ်စွဲကြတဲ့ လက်ယာယိမ်းနိုင်ငံရေးသမားတွေအကြားရေပန်းစားလှပါတယ်။ ပါလာဟာ တက္ကဆက်အမတ် Ted Cruz နဲ့ Fox News က Sean Hannity လိုနာမည်ကျော်တွေကိုလည်းဆွဲဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် မနှစ် ဇန်နဝါရီလ ၆ရက်က Capitol ကိုတိုက်ခိုက်မှုဖြစ်ပွားခဲ့ရာမှာ Parler ဟာ Google Play နဲ့ Apple App တွေကနေပိတ်ပင်ခြင်းခံခဲ့ရပါတယ်။ Parler အနေနဲ့ မူဝါဒတွေကိုပြောင်းလဲပေးပြီး ၁၈လအကြာမှာသာ Google Play မှာပြန်လည်ထည့်သွင်းပေးခဲ့ပါတယ်။
အနာဂတ်မှာ "လူတိုင်းရဲ့အသံအားလုံးကိုကြိုဆိုသည့်မပယ်ဖျက်နိုင်တဲ့စနစ်တစ်ခု"ကို ဖန်တီးရာမှာအခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်ကြောင်း Kanye West ဟာ "လွတ်လပ်စွာပြောဆိုခွင့်အတွက်တိုက်ပွဲဝင်တဲ့သူတစ်ဦးအဖြစ်ကြိုဆိုကြောင်း" CEO George Farmer က ဆိုပါတယ်။
"ဒီသဘောတူညီမှုဟာ ကမ္ဘာကြီးနဲ့ လွတ်လပ်စွာပြောဆိုခွင့်နဲ့ပတ်သက်ပြီး ကမ္ဘာကြီးရဲ့တွေးခေါ်ပုံတွေကို ပြောင်းလဲစေပါလိမ့်မယ်။ Kanye West ဟာ လွတ်လပ်စွာပြောဆိုခွင့်ရှိတဲ့မီဒီယာအတွက် အပြင်းထန်လှုပ်ရှားနေပြီး social media ကနေဘယ်တော့မှဖယ်ရှားခံရမှာမဟုတ်တော့ပါဘူး။ Parlement အနေနဲ့သူ့ရဲ့ရည်မှန်းချက်တွေအောင်မြင်ပါစေလို့ဂုဏ်ပြုလိုက်ပါတယ်" လို့ထုတ်ပြန်ချက်ထဲမှာ Farmer ကရေးသားထားပါတယ်။
၂ဘက်စလုံးက တိကျတဲ့ဝယ်ယူမှုသဘောတူချက်ကိုသွားနေပြီး ၂၀၂၂ခုနှစ်အတွင်းအပြီးသတ်သဘောတူညီမှုရမယ်လို့ယူဆရပါတယ်။
Kanye West ဟာ ယခင်အပတ်က လူမှုစံနှုန်းမူဝါဒတွေချိုးဖောက်ခဲ့လို့ဆိုပြီး Instagram နဲ့ Twitter ကနေပိတ်ပင်ခြင်းခံခဲ့ရပါတယ်။
Source TechSpot
#EnThueTech
#News
#TechCulture

0 Comments