Subscribe Us

header ads

Free To Play ဖြစ်လာတဲ့ Overwatch 2

Image: Overwatch

နာမည်‌ကျော် multiplayer FPS ဂိမ်းတစ်ခုဖြစ်တဲ့ Overwatchဂိမ်းရဲ့အဆက် Overwatch 2 ဟာမနေ့ကစပြီး Free To Play ဂိမ်းတစ်ခုအဖြစ်ထွက်ရှိလာခဲ့ပါတယ်။ အသင်းလိုက် 5v5 ကစားရတဲ့ ဒီ Overwatch 2 ဂိမ်းကို Blizzard Entertainmentကနေ ရေးဆွဲဖြန့်ချီပါတယ်။ Overwatch 2 ကို PC, PS4, PS5, Xbox One, Xbox Series X, Xbox Series S နဲ့ Nintendo Switch မှာကစားနိုင်ပါတယ်။

Image: Overwatch

Overwatch 2 ကို PC မှာကစားဖို့ရာ Battle.net အကောင့်ကိုဖွင့်ထားဖို့ရာလိုအပ်ပြီး Battle.net Launcher ကနေ ဒေါင်းလုဒ်ဆွဲရမှာဖြစ်ပါတယ်။ ဒါပေမယ့် ဂိမ်းကိုအလွဲသုံးရာက‌နေကာကွယ်ဖို့ အကောင့်မှာဖုန်းနံပတ်နဲ့ချိတ်ဆက်ထားပြီးကစားရမှာဖြစ်ပါတယ်။ ဂိမ်းထွက်ခါစဖြစ်တာမို့ သင့်အနေနဲ့ဂိမ်းကစားဖို့ချိတ်ဆက်ရာမှာပြဿနာအချို့ရှိနိုင်ပါတယ်။ ယခင် Overwatch ဂိမ်းကိုဝယ်ယူထားဖူးသူတွေအနေနဲ့ $39.99တန် Watchpoint Pack ကိုအခမဲ့ရရှိမှာဖြစ်ပါတယ်။

Overwatch 2 ရဲ့ PC Requirements တွေကအောက်ပါအတိုင်းဖြစ်ပါတယ်။

Minimum Requirements
Operating System: Windows 10 64-bit (latest Service Pack)
Processor: Intel Core i3 or AMD Phenom X3 8650
GPU: NVIDIA GeForce GTX 600 series, AMD Radeon HD 7000 series
Memory: 6GB RAM
Storage: 50 GB available hard drive space
Display resolution: At least 1024 x 768
Broadband internet connection

Recommended Specifications
Operating System: Windows 10 64-bit (latest Service Pack)
Processor: Intel Core i7 or AMD Ryzen 5
GPU: NVIDIA GeForce GTX 1060/ GeForce GTX 1650 or AMD R9 380/AMD RX 6400
Memory: 8GB RAM
Storage: 50GB available hard drive space
Display resolution: At least 1024 x 768
Broadband internet connection

Source: Blizzard Battle.net
https://t.me/EnThueTech

#EnThueTech
#News
#Gaming

Post a Comment

0 Comments