![]() |
Image credit: Lê Thành on Facebook |
ဗီယက်နမ်နိုင်ငံက King of VGA လို့ ကိုယ့်ကိုကိုယ်ခံယူထားတဲ့ Lê Thành ဟာ Facebook မှာပျော်ရွှင်စရာတွေဖန်တီးနေပါတယ်။ သူတင်ထားတဲ့ ဓာတ်ပုံတွေဗီဒီယိုတွေအရ သူဟာ GPU တွေကိုလမ်းဘေးဈေးဆိုင်ပုံစံနဲ့ရောင်းချနေပြီး GPU တွေကိုကီလိုနဲ့တွက်ပြီးရောင်းချပေးနေတာပါ။
![]() |
Image: Lê Thành on Facebook |
Lê Thành ဟာ တစ်ပတ်ရစ် GPU အထပ်လိုက်နဲ့ ဗီယက်နမ် street food စတိုင် လမ်းဘေးမှာရောင်းချနေတဲ့ပုံတွေကို ဟာသဆန်ဆန်တင်ထားခဲ့ပါတယ်။ ဗီဒီယိုတစ်ခုမှာ ဝယ်ယူသူကိုစောင့်မျှော်ရင်း ယင်မနားအောင်ယပ်ခပ်ပေးနေတာကိုလည်းတွေ့ရပါတယ်။ ခဏအကြာမှာ ဝယ်ယူသူတစ်ဦးဟာဆိုင်ကယ်တစ်စီးနဲ့ရောက်လာကာ GPU အထပ်လိုက်ကို ကီလိုနဲ့ချိန်ပြီး ပါဆယ်ထုတ်တဲ့အိတ်အနီနဲ့ထည့်ယူသွားတာကိုတင်ထားတာပါ။ ဒါ့အပြင် Lê Thành ရဲ့ဆိုင်မှာ နာမည်ကြီးတံဆိပ်တွေပါဝင်တဲ့ GPU တွေအထပ်လိုက်ရှိနေပါတယ်။
![]() |
Image: Lê Thành on Facebook |
Ethereum ရဲ့ GPU mining ခေတ်ကုန်ဆုံးချိန်မှာ ဈေးကွက်ထဲကို တစ်ပတ်ရစ် GPU တွေအများအပြားလိမ့်ဝင်လာခဲ့သလို GPU အသစ်ဈေးနှုန်းတွေကလည်းကျဆင်းလာခဲ့ပါတယ်။ ဒါတင်မက GPU mining ခေတ်ကုန်ဆုံးခြင်းအပြင် crypto တန်ဖိုးသိသိသာသာကျဆင်းလာကာစျေးကွက်ပျက်မှု၊ ကမ္ဘာ့နိုင်ငံတွေမှာ စီးပွားရေးပျက်ကပ်ဖြစ်ပေါ်လာဖွယ်ရှိနေသလို ကမ္ဘာ့နိုင်ငံတွေရဲ့ ကိုဗစ်ကာလကန့်သတ်ချက်တွေဖြေလျော့လာမှု၊ စွမ်းအင်မလုံလောက်တဲ့ပြဿနာတွေကလည်း အီလက်ထရောနစ်ပစ္စည်းတွေရဲ့ရောင်းအားကိုထိခိုက်စေခဲ့ပါတယ်။
အကြီးဆုံး GPU ရောင်းချသူ Nvidia အနေနဲ့လည်း ၃လပတ်ကုန်တိုင်း ရောင်းအားဆက်တိုက်ကျဆင်းလာဖွယ်ရှိတယ်လို့ခန့်မှန်းရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အသစ်ထွက် GPU တွေကြောင့်ရောင်းအားတက်လာနိုင်သေးတယ်ဆိုပေမယ့် တရုတ်နိုင်ငံအပေါ်ချမှတ်လိုက်တဲ့ ဆန်ရှင်အသစ်တွေကြောင့် ဘယ်လိုထိခိုက်လာနိုင်မလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။
စာဖတ်သူတွေအနေနဲ့ အနီးအပါးမှာ ဈေးချိုတဲ့တစ်ပတ်ရစ် GPU ရှိနေတာကိုသတိထားကောင်းထားမိနိုင်ပါတယ်။ upgrade လုပ်ရတာလွယ်တယ်ဆိုပေမယ့် တစ်ပတ်ရစ် GPU တွေဝယ်ယူတဲ့အခါသတိတော့ထားပြီးဝယ်ယူသင့်ပါတယ်။
Source: Tom's Hardware
#EnThueTech
#News
#Regional #GPU
Related Posts
0 Comments