Subscribe Us

header ads

Intel အနေဖြင့် ပြိုင်ဘက်ကုမ္ပဏီများ၏ချစ်ပ်များကိုပါထုတ်လုပ်ပေးနိုင်ဟု Intel CEO ဆို

Image: Intel

Intel ရဲ့ CEO Pat Gelsinger ဟာ အိုဟိုင်းယိုး Fab ဖွင့်လှစ်စဉ်က "ချစ်ပ်တွေကိုယ်တိုင်ထုတ်လုပ်နိုင်စွမ်းမရှိတဲ့ fabless ကုမ္ပဏီတွေရဲ့CEO တွေနဲ့အတူထိုင်ခဲ့စဉ်မှာ သူတို့ရဲ့ ကုန်ပစ္စည်းအသစ်တွေကို Intel ကနေထုတ်လုပ်ဖို့ကြိုဆိုခဲ့တယ်" လို့ The Verge နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာပြောကြားခဲ့ပါတယ်။ ဒါတင်မကသေးပဲ Intel ရဲ့ fab တွေမှာ ပြိုင်ဘက်ကုမ္ပဏီတွေဖြစ်တဲ့ AMD နဲ့ Nvidia တို့ရဲ့ ချစ်ပ်တွေကိုပါထုတ်လုပ်ပေးနိုင်ဖို့ပါ စိတ်လှုပ်ရှားမိ‌ကြောင်းပြောဆိုခဲ့ပါတယ်။

Pat Gelsingerအနေနဲ့ Intel ရဲ့ fab တွေဟာ AMD နဲ့ Nvidia အပြင် မိမိဖောက်သည်တွေရဲ့လိုအပ်ချက်ကိုဖြည့်စွမ်းနိုင်တဲ့ ကမ္ဘာ့ထိပ်တန်းချပ်စ်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုအဖြစ်ပါစွမ်းဆောင်ပြလိုတယ်လို့ဆိုပါတယ်။ ဒါကအချိန်ယူရဦးမှာဖြစ်ပေမယ့် Intel ရဲ့ Foundry Service ဟာ MediaTek နဲ့ မဟာဗျူဟာမြောက်မိတ်ဖက်အဖြစ် သဘောတူညီမှုရခဲ့ပြီး ၎င်းတို့ရဲ့ထိပ်တန်းချစ်ပ်တွေကိုထုတ်လုပ်ပေးလာမှာဖြစ်ပါတယ်။

Intel ရဲ့ Meteor Lake CPU တွေဟာ နောက်နှစ်မှာထွက်ရှိဖို့ရည်မှန်းထားပြီး ကုမ္ပဏီအနေနဲ့ Ponte Vecchio ကိုဆက်ခံမယ့် HPC GPU အသစ် Rialto Bridge ကိုလည်းလုပ်ဆောင်နေပြီဖြစ်ပါတယ်။ Intel CEO ဟာ ARC GPU တွေအဆုံးသတ်မယ်ဆိုတဲ့ကောလာဟလကိုလည်း ချေဖျက်ခဲ့ပြီး Battlemage နဲ့ Celestial ကိုဆက်လက်ဖန်တီးနေတယ်လို့ဆိုပါတယ်။

Source: wccftech

#EnThueTech
#News
#Semiconductors

Post a Comment

0 Comments