Subscribe Us

header ads

ဂျူးဆန့်ကျင်ရေးပိုစ့်များကြောင့် Kanye West ၏ အကောင့်များကို Instagram နှင့် Twitter တို့မှကန့်သတ်မှုပြုလုပ်

Credit: Getty Images/Edward Berthelot

နာမည်ကျော်ရက်ပ်အဆိုတော် Kanye West ဟာ သူမျှဝေခဲ့တဲ့ ဂျူးဆန့်ကျင်ရေးပိုစ့်တွေကြောင့် Instagram နဲ့ Twitter တို့ကန့်သတ်မှုပြုလုပ်ခံခဲ့ရတယ်လို့ဆိုပါတယ်။

TechCrunch ရဲ့သတင်းအရ Meta ကပိုင်ဆိုင်တဲ့ Instagram ဟာ မကြာသေးခင်က Kanye West ဟာ ရက်ပ်ပါ Sean Combs ဟာ ဂျူးလူမျိုးတွေရဲ့ထိန်းချုပ်ခြင်းခံထားရကြောင်း ထပ်ခါထပ်ခါစွပ်စွဲချက်တွေအပါအဝင် မူဝါဒတွေကို ထပ်ခါထပ်ခါချိုး‌ဖောက်ခဲ့မှုကြောင့် ကန့်သတ်မှုတွေပြုလုပ်ခဲ့ရတယ်လို့ဆိုပါတယ်။

West ဟာ Meta ရဲ့ CEO ဖြစ်သူ Mark Zuckerberg ကို Twitter ကနေတဆင့် "မင်းငါ့ကို Instagram ကနေဘယ်လိုကန်ထုတ်လိုက်တာလဲ" ဆိုပြီး သူ့နဲ့ Zuckerberg တို့ရဲ့မှုန်ဝါးနေတဲ့ပုံကိုတင်ကာ Tweet ခဲ့ပါတယ်။ ဒီ tweet ကို Twitter ကိုဝယ်ယူမယ်ဆိုတဲ့ Elon Musk က "Twitterမှ နွေးထွေးစွာကြိုဆိုပါတယ်"ဆိုပြီးရေးသားခဲ့ပါတယ်။

Image: Screenshot from PCMag

Twitter ကပြောရေးဆိုခွင့်ရှိသူက Kanye West ရဲ့ အကောင့်ကိုကန့်သတ်လိုက်ကြောင်း PCMagကိုအတည်ပြုခဲ့ပြီး ဘယ်အချိန်မှာပြန်ဖွင့်ပေးမလဲဆိုတာကိုမပြောခဲ့ပါဘူး။ Instagram အနေနဲ့ကတော့ PCMag ကမှတ်ချက်တောင်းထားတာကို ချက်ချင်းတုန့်ပြန်လာတာမရှိသေးဘူးလို့သိရပါတယ်။

Source: PCMag
https://t.me/EnThueTech

#EnThueTech
#News



Post a Comment

0 Comments