Subscribe Us

header ads

အခမဲ့ကစားနိုင်တဲ့ multiplayer FPS ဂိမ်း World War 3

သင့်‌အနေနဲ့ Battlefield ဂိမ်းစီးရီး ဒါမှမဟုတ် Battlefield ဂိမ်းတွေလို နယ်မြေတွေသိမ်းတာ ခုခံတိုက်ခိုက်ရတာစတဲ့ tactical online multiplayer fps ဂိမ်းတွေသဘောကျပါသလား။ ဒါဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Free To Play ဂိမ်းအဖြစ်ပြောင်းလဲသွားတဲ့ World War 3 ဂိမ်းအကြောင်းပြောပြပေးချင်ပါတယ်။ World War 3 ကို The Farm 51 ကရေးဆွဲပြီး Wishlist Games နဲ့အတူပူးတွဲဖြန့်ချီပါတယ်။ ဒီဂိမ်းဟာ ၂၀၁၈ ခုနှစ်ကတည်းကထွက်ရှိခဲ့တယ်ဆိုပေမယ့် ကြားထဲမှာ အဆင်မပြေမှုတွေရှိခဲ့တာကြောင့် relaunch ပြန်လုပ်ထားရတာဖြစ်ပါတယ်။ ကျနော့်အနေနဲ့ စထွက်ခါစက ဝယ်ယူကစားကြည့်ဖူးပြီး FPS ကျတာနဲ့ physics တွေအဆင်မပြေတာကြောင့် refund လုပ်ခဲ့ရပါတယ်။

ဒီဂိမ်းကို Free To Play ဖြစ်သွားတဲ့ စက်တင်ဘာ ၂၉ရက်နေ့က ကျနော့်အနေနဲ့ဂိမ်းကိုဝင်ကစားဖို့ကြိုးစားရာမှာ အဆင်မပြေမှုတွေဖြစ်ခဲ့ပြီး ဒီနေ့မှကစားရတာအဆင်ပြေသွားပါတယ်။ ဂိမ်းဟာ ခုမှ Open Beta ပဲရှိသေးတာမို့ အချို့နေရာတွေအဆင်မပြေသေးသလိုရှိနိုင်ပေမယ့် FPS တွေကျတာမျိုးတော့ မကြုံရသေးပါဘူး။ ဂိမ်းမှာ စိတ်ကြိုက်သေနတ်တွေကိုပြုပြင်ပြောင်းလဲနိုင်တဲ့ features တွေ၊ ယာဉ်တွေပါဝင်ပေမယ့် Free To Play မို့ AAA ဂိမ်းတွေလိုမဟုတ်ပဲ တစ်ဖြေးဖြေး unlock လုပ်သွားရမှာဖြစ်ပါတယ်။ ဂိမ်းရဲ့graphics ဟာ လှပပြီး မြေပုံတွေကို မော်စကို၊ ဘာလင်စတဲ့တကယ့်နေရာတွေနဲ့ဖန်တီးထားတာကြောင့် မဆိုးလှဘူးလို့ဆိုနိုင်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခမဲ့ကစားလို့ရတဲ့ ဒီဂိမ်းဟာ စမ်းသပ်ကစားကြည့်ဖို့ထိုက်တန်တယ်လို့မြင်တာကြောင့် အင်တာနက်လိုင်းရှိတဲ့သူတွေ ကစားကြည့်သင့်တယ်လို့မြင်ပါတယ်။

World War 3 ရဲ့ PC Requirements တွေကအောက်ပါအတိုင်းဖြစ်ပါတယ်။ 

SYSTEM REQUIREMENTS
MINIMUM:
Requires a 64-bit processor and operating system
OS: Windows 10 (x64)
Processor: Intel Core i3-4340K / AMD FX-6300
Memory: 8 GB RAM
Graphics: Geforce GTX 670/ GTX 1650 or AMD Radeon HD 7950
DirectX: Version 11
Network: Broadband Internet connection
Storage: 80 GB available space

RECOMMENDED:
Requires a 64-bit processor and operating system
OS: Windows 10 (x64)
Processor: Intel Core i5 2500k / AMD Ryzen R5 1600X
Memory: 16 GB RAM
Graphics: Geforce GTX 1060 or AMD Radeon R9 390 / AMD RX 580
DirectX: Version 12
Network: Broadband Internet connection
Storage: 80 GB available space

Source: Steam
https://t.me/EnThueTech

#EnThueTech
#News
#Gaming


Post a Comment

0 Comments