Subscribe Us

header ads

Nvidia မှ RTX 4080 ၏ စွမ်းဆောင်ရည်အချို့ကိုထုတ်ပြန်

 

Image: NVIDIA

Nvidia ဟာ RTX 4090 ကိုမိတ်ဆက်လိုက်ခြင်းနဲ့အတူ RTX 4080 ၏ စွမ်းဆောင်ရည်အချို့ကိုလည်း ထုတ်ပြန်လိုက်ပါတယ်။

RTX 4080 ကို ပုံစံ၂မျိုးနဲ့ရရှိနိုင်ပြီး GDDR6X Memory ပမာဏကွာခြားမှုအပြင် CUDA Cores အရေအတွက်လည်းကွဲပြားကြပါတယ်။ ကတ်၂မျိုးစလုံးဟာ သိသိသာသာကွဲပြားနေတာမို့ 16GB မော်ဒယ်ကို RTX 4080Ti သို့ 12GB မော်ဒယ်ကို RTX 4070လို့ဘာကြောင့်နာမည်မပေးရတာလည်းဆိုတာ အတော်လေးအံ့ဩစရာဖြစ်ရပါတယ်။ RTX 4080 16GB နဲ့ 12GBကို MSRPဈေးနှုန်း $1199 နဲ့ $899 ဆိုပြီးအသီးသီးရောင်းချမှာဖြစ်ပါတယ်။

Image: NVIDIA

A Plague Tale: Requiem ဂိမ်းမှာဆိုရင် RTX 30/40 Series GPU အများစုဟာ ray tracing ပိတ်ထားချိန်မှာတောင် 60+‌FPS ရဖို့ DLSS အကူအညီကိုယူနေရတာ တွေ့ရတဲ့အတွက် တောင်းဆိုမှုအတော်လေးမြင့်မားဖွယ်ရှိနေပါတယ်။ ဒီဂိမ်းဟာ DLSS 3 နဲ့ပွဲထွက်လာမှာမို့ RTX 40 Series GPU တွေအနေနဲ့အားသာချက်ကြီးကြီးမားမားရှိနေပါတယ်။ DLSS မပါဘူးဆိုရင် RTX 4080 12GB ဟာ RTX 3090Ti ထက်ကိုသိသိသာသာနှေးကွေးနေပါတယ်။

Image: NVIDIA

F1 22 ဂိမ်းမှာဆိုရင်လည်း RTX 40 Series တွေဟာ DLSS 3 ရဲ့ အစွမ်းကိုသိသိသာသာခံစားရမယ်ဆိုပေမယ့် DLSS မပါရင် RTX 4080 12GB ဟာ RTX 3090Ti ကိုမမှီတာတွေ့ရပါတယ်။

Image: NVIDIA

လက်ရှိhardwareတောင်းဆိုမှုအမြင့်ဆုံးဂိမ်းတစ်ခုမှာပါဝင်တဲ့ Microsoft Flight Simulator မှာဆိုရင်လည်း RTX 40 Series တွေဟာ DLSS 3 ရဲ့ အစွမ်းကိုခံစားရမှာဖြစ်ပေမယ့် DLSSသာမပါရင် RTX 3090Ti ဟာ RTX 4080 12GB ထက်နှာတစ်ဖျားသာနေတုန်းပါပဲ။

ဒီဂိမ်းတွေကိုကြည့်ခြင်းအားဖြင့် DLSS 3 ရဲ့ စွမ်းပကားကိုကောင်းစွာတွေ့နိုင်မှာဖြစ်ပြီး DLSS ရဲ့ ပြိုင်ဘက်တွေဖြစ်တဲ့ XeSS နဲ့ FSR 2.0 တွေရှိလာပြီမို့ DLSS 3 ကိုအထောက်အပံ့ပေးတဲ့ဂိမ်းတွေများနိုင်သမျှများလာအောင်ကြိုးပမ်းဖွယ်ရှိနေပါတယ်။

Source: OC3D

#EnThueTech
#News #GPU

Post a Comment

0 Comments