![]() |
Image: TechSpot |
Nvidia ဟာ RTX 4090 graphics card တွေမှာဖြစ်ပွားနေတဲ့ power cable တွေအရည်ပျော်ကျမှု၂ခုလောက်ကိုစုံစမ်းစစ်ဆေးနေတယ်လို့ဆိုပါတယ်။ power connector စံနှုန်းအသစ်လိုအပ်ချက်ကြောင့် ဝေဖန်မှုအချို့ဖြစ်ပေါ်နေတာပါ။
Reddit အသုံးပြုသူ၂ဦးဟာ power connector တွေနဲ့ ကတ်ပေါ်မှာ လောင်ကျွမ်းအရည်ပျော်နေတဲ့ပုံတွေကို မျှဝေခဲ့တာဖြစ်ပါတယ်။ Nvidia အနေနဲ့ ပြဿနာကိုအဖြေရှာနိုင်ဖို့မျှော်လင့်ကာ ကတ်ပိုင်ရှင်တစ်ဦးထံဆက်သွယ်ခဲ့ပါတယ်။ မရှင်းတာတစ်ခုက အခုဖြစ်ပေါ်လာတဲ့ ထိခိုက်မှုဟာ Peripheral Component Interconnect Special Interest Group (PCI-SIG) ကထောက်ပြခဲ့တဲ့ကိစ္စနဲ့ပတ်သက်သလားဆိုတာမသိရသေးပါဘူး။![]() |
Image: NoDuelsPolicy |
![]() |
Image: TechSpot |
ဝေဖန်မှုတွေမြင့်တက်နေတဲ့အဓိကအကြောင်းရင်းက RTX 4000 series graphics cardတွေမှာ power connectorအသစ်ကိုစံနှုန်းအနေနဲ့သတ်မှတ်ထားတာကြောင့်ဖြစ်ပါတယ်။ GPU တွေဟာ ATX 3.0 PSU တွေရဲ့ 16pin 12VHPWR cable ကိုစံနှုန်းအဖြစ်သတ်မှတ်ထားပါတယ်။ ပုံမှန် ATX 2.0 PSU အသုံးပြုသူတွေအနေနဲ့ PSU မပြောင်းလဲလိုဘူးဆိုရင် ကတ်မှာ 8pin ၃ခု သို့ ၄ခုကနေ 12VHPWR ကြိုးကိုပြောင်းပေးတဲ့ adapter တပါတည်းထည့်သွင်းပေးထားပါတယ်။
ပြီးခဲ့တဲ့လက PCI-SIG ဟာ adapterတွေအနေနဲ့ over current နဲ့ over-power ဖြစ်ပေါ်ချိန်အချို့အခြေအနေမှာ အန္တရာယ်ဖြစ်ပေါ်နိုင်တယ်ဆိုပြီး သတိပေးခဲ့ဖူးပါတယ်။ ဥပမာဆိုရရင် PSU ပါဝါစားသုံးမှုအလွန်လိုအပ်ချိန်မှာ adapter connector တွေကို လောင်ကျွမ်းမှုဖြစ်ပေါ်စေနိုင်တာပါ ဒါပေမယ့် Nvidia အနေနဲ့ ဒီပြဿနာကိုတရားဝင်မိတ်ဆက်ချိန်မတိုင်ခင်ဖြေရှင်းပြီးဖြစ်တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ Cable ရောင်းချသူဖြစ်တဲ့ Cable Mod ကလည်း 12VHPWR connector တွေဟာ ယခင်မျိုးဆက်ထက်သေးသွယ်တာမို့ cable ကို 35mm ထက်ပိုပြီးကွေးညွှတ်ခဲ့ရင် ပြဿနာရှိနိုင်တယ်ဆိုပြီးသတိပေးခဲ့ပါတယ်။
![]() |
MSI ၏ MEG Ai1300 PCIE5 PSU (Image: MSI) |
Reddit အသုံးပြုတွေကြုံတွေ့ခဲ့ရတဲ့ဖြစ်ရပ်နောက်ကွယ်မှာ ဘာတွေရှိသလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။ ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် မိမိဘက်ကငွေကုန်ခံနိုင်မယ်ဆိုရင် RTX 4000 GPU တွေကို ATX 3.0 PSU နဲ့ အဆင့်မြှင်တင်တွဲဖက်အသုံးပြုခြင်းကသာ အန္တရာယ်အကင်းဆုံးဖြစ်နိုင်ပါတယ်။
လောင်ကျွမ်းနေတဲ့ connector ပုံတွေထွက်ပေါ်လာပြီးနောက်ပိုင်း RTX 4000 Serie ရဲ့ ပြိုင်ဘက်ဖြစ်လာမယ့် RDNA 3 GPU တွေမှာ 12VHPWR connector ကိုအသုံးပြုမှာမဟုတ်ကြောင်းတရားဝင်ကြေညာလိုက်ပါတယ်။ သုံးစွဲသူအများအပြားဟာ သူတို့ရဲ့ ရှိရင်းPSUနဲ့ graphics card ကတ်အသစ်တွေ တွဲသုံးဖို့သာ ပိုမိုလိုလားကြမယ်လို့ယူဆရပါတယ်။
ကနဦးအစမှာ RTX 4090 အနေနဲ့ 800W လောက်အထိသုံးလာနိုင်တဲ့အတွက် 12VHPWR connector အပေါ်စိုးရိမ်မှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ Nvidia အနေနဲ့ 450W သာအသုံးပြုမယ်လို့အတည်ပြုပေးခဲ့ပြီး ကတ်ကိုအသုံးပြုလိုတဲ့ PC မှာ 850W PSU ရှိသင့်တယ်လို့အကြုံပြုထားပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ အချို့ AIB partner တွေကတော့ 1000W လောက်အထိအကြံပြုထားပြီး ဈေးချိုတဲ့ PSU နဲ့တွဲသုံးဖို့ကြိုးစားတဲ့သူတွေအနေနဲ့သတိထားဖို့လိုပါတယ်။
Nvidia ဟာ Lovelace architecture သုံးထားတဲ့ Titan GPU ကိုလည်းထုတ်ဖို့ရှိနေတယ်ဆိုတဲ့ကောလာဟလတွေလည်းထွက်ပေါ်နေပြီး ထုတ်မယ့်အစီအစဉ်ကိုဖျက်သိမ်းလိုက်တယ်လို့ဆိုပါတယ် အကြောင်းကတော့ Nvidia ရဲ့ ကိုယ်ပိုင်စမ်းသပ်မှုတွေမှာ PSU တွေလောင်ကျွမ်းသွားတာတွေနဲ့ ဘရိတ်ကာတွေကျကုန်တာတွေဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ဒီကတ်ဟာ 27Gbps သို့ GDDR7 memory နဲ့ပြန်လည်ထွက်ပေါ်လာနိုင်ချေရှိပါတယ်။
Source: TechSpot and Reddit
#EnThueTech
#News
#PSU
0 Comments