Subscribe Us

header ads

Origin ကို ကျောခိုင်းလိုက်တဲ့ EA



Image: EA

Electronic Arts (EA) ဟာ သူတို့ရဲ့ ဆယ်နှစ်ကျော်အသုံးပြုလာခဲ့တဲ့ Origin client software ကို အစားထိုးဖို့ရာ EA App ကိုမိတ်ဆက်ကြောင်း သူတို့ရဲ့ blog မှာဆိုထားပါတယ်။

အခုဆိုရင် EA Appဟာ Beta အဆင့်ကိုကျော်လွန်ခဲ့ပြီမို့ full versionအနေနဲ့ထွက်ရှိလာပြီဖြစ်ပါတယ်။ Electronic Arts အနေနဲ့ EA App ဟာ Origin ထက်ပိုမိုမြန်ဆန်၊ ပိုမိုစိတ်ချရပြီး ပိုမိုရိုးရှင်းမယ်လို့ကတိပြုထားပါတယ်။

Image: EA

EA App အသစ်မှာ ဂိမ်းမာတွေဟာ သူတို့ရဲ့အကောင့်တွေကို Steam Xbox PlayStation အကောင့်တွေကိုချိတ်ဆက်စုစည်းပြီး အကောင့်တွေထဲကသူငယ်ချင်းတွေကိုစုစည်းပြထားမှာဖြစ်ပါတယ်။ ဒီလိုလုပ်ပေးခြင်းဟာ cross platform ဂိမ်းတွေအတွက်အတော်အဆင်ပြေလာစေခဲ့ပါတယ်။

Screenshot from EA Origin App

လက်ရှိ Origin အသုံးပြုသူတွေအနေနဲ့ EA App ကိုအစားထိုးအသုံးပြုလိုက်တာနဲ့ ဂိမ်းတွေ၊ saveမှတ်ထားတာတွေဟာအလိုအလျောက်ရွေ့ပြောင်းသွားမှာဖြစ်ပါတယ်။ EA App ဟာလက်ရှိမှာ Windows အတွက်သာဖြစ်နေသေးပြီး Mac ကတော့ Origin ကိုဆက်သုံးရဦးမှာပါ။ Origin App မှာတော့ ဒီနှစ်ကုန်ရင် EA App ကိုပြောင်းလဲအသုံးပြုမှာဖြစ်တယ်လို့ဆိုပါတယ်။

Origin ဆိုတဲ့နာမည်ဟာ Ultima နဲ့ Wing Commander ကိုဖန်တီးသူ Richard Garrison ရဲ့ ကုမ္ပဏီ Origin Systems ကနေဆင်းသက်လာတယ်လို့ထင်ကြပြီး အ‌ဆိုပါကုမ္ပဏီကို EA က ၁၉၉၂ခုနှစ်မှာဝယ်ယူခဲ့တာဖြစ်ပါတယ်။

Source: Electronic Arts and The Gamer

#EnThueTech
#News
#Gaming

Post a Comment

0 Comments