![]() |
Image: Intel |
Bloomberg UK ရဲ့ သတင်းအရ PC ရောင်းအားကျဆင်းမှုကြောင့် ဝန်ထမ်းတွေကိုအလုပ်ရပ်နားဖို့ပြင်ဆင်နေတယ်လို့ဆိုပါတယ်။ ဒီသတင်းဟာ "အခြေအနေကိုနားလည်သုံးသပ်နိုင်စွမ်းရှိသူများ" ထံမှဖြစ်ပြီး အတည်ပြုဖို့လိုအပ်ပါသေးတယ်။ ရပ်နားမှုဟာ ဌာနအသီးသီးက ထောင်နဲ့ချီတဲ့ဝန်ထမ်းတွေအပေါ်သက်ရောက်မှာဖြစ်တယ်လို့ Bloomberg ရဲ့ သတင်းရင်းမြစ်ကဆိုပါတယ်။ ကုမ္ပဏီအနေနဲ့ဆုံးဖြတ်ချက်ကို လကုန်လောက်မှာကြေညာနိုင်တယ်လို့သိရပါတယ်။
မကြာခင်နှစ်တွေအတွင်း Intel ဟာ သူတို့ရဲ့စီးပွားရေးလုပ်ငန်းကို အပြောင်းအလဲပြုလုပ်ဖို့ကြိုးပမ်းခဲ့ပြီး လုပ်ငန်းနယ်ပယ်အသစ်ကိုဝင်ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် PC ရောင်းအားကျဆင်းမှုနဲ့ data center လုပ်ငန်းဟာလည်းကျဆင်းလာဖွယ်ရှိတာကြောင့် ဝန်ထမ်းပေါင်း ၁၂၁၀၀၀ ထဲက ၁၁%ခန့်ဖြစ်တဲ့ ၁၂၀၀၀ လောက်ကို လျော့ချလာရဖို့ရှိနေတယ်လို့ Bloombergကိုဆိုပါတယ်။
Intel ရပ်ဆိုင်းရမယ့်လူအရေအတွက်ကို အပြီးသတ်ဖို့လိုသေးပေမယ့် အရေအတွက်ဟာထောင်ချီရှိလိမ့်မယ်လို့ Bloomberg ကဆိုပါတယ်။ Intel ရဲ့ ဌာနအချို့ဖြစ်တဲ့ အရောင်းနဲ့စျေးကွက်ရှာဖွေရေးအဖွဲ့တွေဟာ ၂၀%အထိထုတ်ပယ်ခံရနိုင်ပြီး အချို့ဌာနတွေက ကံပိုကောင်းနိုင်ပါတယ်။
Intel ဟာ PC ရောင်းအားအပေါ် ကြီးကြီးမားမားမှီခိုနေရပါတယ်။ ပြီးခဲ့တဲ့ ၃လပတ်အတွင်း ကုမ္ပဏီရဲ့အမြတ်အစွန်း ၅၀ရာခိုင်နှုန်းခန့်ဟာ Intel Client Computing Group အောက်ကနေရရှိတာဖြစ်ကာ အကယ်၍ PC ရောင်းအားကြာရှည်ကျဆင်းနေပါက တာဝန်ရှိသူတွေဟာ ဝန်ထမ်းလျော့ချမှုတွေလုပ်လာနိုင်တယ်လို့ဆိုပါတယ်။
ဇူလိုင်လတုန်းက ကုမ္ပဏီဟာ ဆယ်စုနှစ်အတွင်း ပထမဆုံးရောင်းအားကျဆင်းမှုကြုံတွေ့ခဲ့ရတယ်လို့အစီရင်ခံခဲ့ပြီး ၂၀၂၂ခုနှစ်ရဲ့ ဝင်ငွေဟာ မျှော်မှန်းထားတာထက် ဒေါ်လာ၁၁ဘီလျံလျော့ကျမယ်လို့ဆိုခဲ့ပါတယ်။ တကယ်လည်း PC ရောင်းအားဟာ ထင်ထားတာထက်သိသိသာသာကျဆင်းနေပြီး data centerမှာအသုံးပြုမယ့် 4th Gen Xeon Scalable "Sapphire Rapids" ဟာလည်း နှောင့်နှေးမှုဖြစ်ပေါ်လာနိုင်တဲ့အတွက် Intel ဟာ ငွေလုံးငွေရင်းအသုံးစရိတ်လျော့ချဝာာထက် ကုန်ကျစရိတ်ကိုချိန်ညှိဖို့လိုအပ်နေပါတယ်။
Intel ရဲ့ ဝန်ထမ်းလျော့ချမှုတွေဟာ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ graphics card ဖန်တီးမှုလိုလက်ရှိလုပ် ဆောင်နေတဲ့ စီမံကိန်းတွေအပေါ်သက်ရောက်မှုရှိမရှိစောင့်ကြည့်ရမှာဖြစ်ပါတယ်။
Source: Tom's Hardware
#EnThueTech
#News
0 Comments