Subscribe Us

header ads

Review: MSI Stealth 15M B12UE with Nvidia RTX 3060


နောက်ပိုင်းမှာ gaming laptop တွေဟာ ပုံစံမျိုးစုံနဲ့ ထွက်ရှိလာပါတယ်။ တစ်ချို့တွေကထူထဲပြီး စွမ်းဆောင်ရည်ကောင်းသလောက် ကြီးမားလေးလံကြပါတယ်။ ဒီလိုကြီးမားလေးလံမှုက အပြင်ခဏခဏထွက်တဲ့သူတွေအတွက်အဆင်သိပ်မပြေလှပါဘူး။ ဒီအတွက် ကွန်ပျူတာထုတ်လုပ်သူတွေဟာ thin and light gaming laptop တွေကို ထုတ်လုပ်လာကြပါတယ်။ ကျနော်အခုပြောပြပေးသွားမှာက ဒီလို thin and light gaming laptop ထဲကတစ်ခုဖြစ်တဲ့ MSI ရဲ့ Stealth 15M B12UE အကြောင်းပဲဖြစ်ပါတယ်။

Introduction

MSI Stealth 15M ဟာ ပေါ့ပေါ့ပါးပါးနဲ့စွမ်းဆောင်ရည်အတော်လေးကောင်းမွန်သလို Stealth GS ထက် ပိုမိုပေါ့ပါးပြီး ဈေးနှုန်းသက်သာဝာာကို လိုချင်သူတွေအတွက် MSI ရဲ့ဖြည့်ဆည်းမှုလို့ပြောနိုင်ပါတယ်။ သူ့ပုံစံက ကြည့်လိုက်ရင် MSI ရဲ့productivity laptop တွေဖြစ်တဲ့ Prestige တို့ Summit တို့နဲ့ဆင်တူတယ်ဆိုပေမယ့် တကယ်တမ်းက gaming laptop သာဖြစ်ပါတယ်။ ပေါ့ပါးပြီးသယ်ရလွယ်ကူအောင်ထုတ်လုပ်ထားတာမို့ ပါဝါစားသက်သာတဲ့ hardware တွေတပ်ဆင်ထားပေမယ့် gaming spec ပါတဲ့ productivity laptopတွေထက် ဂိမ်းဆော့ရတာအများကြီးပိုအဆင်‌ပြေလာပါတယ်။

Specifications

MSI Stealth 15M မှာ နောက်ဆုံးထွက်ရှိလာတဲ့ Intel 12th Gen Alder Lake P-series ထဲက အမြန်ဆုံးလို့ဆိုနိုင်တဲ့ Core i7-1280P CPU ကိုသုံးထားပါတယ်။ 12th Gen Alder Lake P-series ဆိုတာ ယခင် 11th Gen တုန်းကဆို Tiger Lake H35 နေရာကိုအစားထိုးဝင်လာတာဖြစ်ပါတယ်။ Core i7-1280P ဟာ ပါဝါစားသက်သာတယ်ဆိုပေမယ့် Core i7-12700H နဲ့ Cores/Threads တွေ အတူတူပဲဖြစ်ပါတယ်။ ဒီ Core i7-1280P CPU ကိုစမ်းတာအခု MSI Stealth 15M နဲ့ပါဆိုရင် ၂ကြိမ်မြောက်ဖြစ်ပါတယ်။
Intel Core i7-1280P မှာ Alder Lake CPU ရဲ့ ထုံးစံအတိုင်း ARM CPU တွေလိုမျိုး Hybrid Design ကိုသုံးလာပါတယ်။ Intel ရဲ့ Hybrid Designမှာ စွမ်းဆောင်ရည်ကောင်းတဲ့ core တွေကို performance cores (P-cores) တွေလို့ခေါ် ပြီး ပါဝါစားသက်သာတဲ့ core တွေကို efficiency cores (E-cores) လို့ခေါ်ဆိုပါတယ်။ Intel Core i7-1280P မှာ P-cores ကို 6 Cores 12 Threads ထည့်ထားပြီး E-cores ကိုတော့ 8 Cores 8 Threads အနေနဲ့ ထည့်သွင်းထားတဲ့အတွက် စုစုပေါင်း 14 Cores 20 Threads ရှိပါတယ်။

Intel Core i7-1280P ရဲ့ P-cores တွေဟာ Base Clock 1.8 GHz နဲ့ Boost Clock 4.8GHz အထိရနိုင်ပြီး E-cores တွေအနေနဲ့ Base Clock 1.3 GHz နဲ့ Boost Clock 3.6GHz အထိရနိုင်ပါတယ်။ သူကပုံမှန် gaming laptop တွေမှာ တွေ့ရတဲ့ 12th Gen Core i7-12700H နဲ့ စာရွက်ပေါ်မှာသိပ်မကွာဘူးထင်ရပေမယ့် TDP တစ်ဝက်လောက်လျော့နည်းလို့အပူပိုသက်သာအောင်နဲ့ ပါဝါစားသုံးမှုနည်းပါးအောင်ဖန်တီးထားပါတယ်။ ဒါကြောင့် benchmark တွေမှာ scoreတွေ ပိုလျော့နေနိုင်ပါတယ်။ Intel Core i7-1280P မှာ Intel Iris Xe graphics လည်းပါဝင်ပြီး ဘက်ထရီချွေတာဖို့လိုတဲ့အခါဖွင့်သုံးနိုင်ပါတယ်။

Graphics ပိုင်းအတွက် Stealth 15Mမှာ Nvidia RTX 3060 6GB GDDR6 GPU ကိုတပ်ဆင်ထားပါတယ်။ RTX 3060 ဟာ 8nm Ampere Architecture နဲ့ ထုတ်ထားတဲ့ GPU ဖြစ်ပြီး Max-Q ဖြစ်လို့ TDP 60W သာရှိပါတယ်။ RTX ဖြစ်တဲ့အတွက် Ray Tracing သုံးနိုင်ကာ ဂိမ်းတော်များများမှာ Ray Tracing ဖွင့်ကစားလို့ဖြစ်ပါတယ်။

MSI Stealth 15M မှာ Storage 1TB PCIe Gen 4 SSD ပါဝင်ပါတယ်။ Memory ပိုင်းအတွက် 16GB
MSI Stealth 15M B12UE ရဲ့ Specifications တွေကတော့
CPU: Alder Lake Core i7-1280P (14Cores/20Threads, 6 P-Cores and 8 E-Cores)
Memory: 2x8GB DDR4 (3200MHz)
Graphics: Nvidia RTX 3060 6GB GDDR6
Storage: 1TB NVMe PCIe Gen4 x4 SSD
Display: 15.6in 240Hz FHD IPS Level Screen
Dimensions (WxDxH): 358 x 248 x 17 mm
Weight: 1.8kg
I/O Ports: 1x Type-C (USB3.2 Gen2/DP)
1x USB Type-C 3.2 Gen 2
2x USB Type-A 3.2 Gen 1
1x (4K @60Hz) HDMI
Connectivity: Wi-Fi 6, Bluetooth 5.2
Camera: 720P Webcam
Speakers: 2x 2W
Audio Jack: 1x 3.5mm Audio Combo Jack (HiFi)
Operating System: Windows 11 Home Single Language
Battery: 53.8WH (3 Cell Li-ion)
Power Adaptor: 180W
Price: $1850-$200=$1650

Design and Build Quality

Design ပိုင်းအနေနဲ့ပြောရရင် MSI Stealth 15M B12UE ဟာ gaming laptop အမျိုးအစားထဲဝင်ပြီး Stealth GS ရဲ့ ညီလေးလို့ဆိုနိုင်ပေမယ့် သူ့ရဲ့ပုံစံက Summit/Prestige/Modern တို့နဲ့ အတော်လေးနီးနီးစပ်စပ်တူညီပါတယ်။ Premium laptop ဖြစ်တာမို့ ပိုမိုလှပသပ်ရပ်ပြီး လေထောင့်ဆန်ကာ တည်ငြိမ်တဲ့ ဒီဇိုင်းကိုတွေ့ရပါတယ်။ ကိုယ်ထည်ဟာ Core Black အနက်ရောင်ဖြစ်ပြီး တောက်ပတဲ့ပုံစံမဟုတ်ပဲ အရောင်မှိုင်းတဲ့ဘက်ကိုရောက်တယ်ဆိုနိုင်ပြီး ကိုယ်ထည်မှာ အများစုက aluminum ဆိုပေမယ့် အောက်ခြေ panel က ပလပ်စတစ်ကိုသုံးထားပါတယ်။ lid ရဲ့ ညာဘက်ထောင့်မှာ ပြောင်လက်နေတဲ့ MSI တံဆိပ်က ပတ်ဝန်းကျင်အလင်းပေါ်လိုက်ပြီး ရောင်ပြန်ပေးတာက တစ်မျိုးဆန်းသစ်တယ်လို့ဆိုနိုင်ပါတယ်။ ကိုယ်ထည်ဟာ လက်ရာတွေထင်စေတဲ့အတွက် မကြာခဏသန့်ရှင်းရေးလုပ်ပေးဖို့လိုပါတယ်။


Lid ကိုဖွင့်ကြည့်လိုက်ချိန်မှာ Stealth 15Mရဲ့ Screen ဟာ matte ဖြစ်တယ်လို့ဆိုနိုင်ပြီး ပြင်ပကအလင်းတွေအနှောင့်ယှက်မဖြစ်နိုင်ပါဘူး။ screen ရဲ့ အနားသတ်ဘောင်တွေက ပါးပါးလေးတွေဖြစ်ပါတယ်။ Lid ကတောင့်တင်းပြီး အရမ်းကျပ်နေတာမျိုးမရှိသလို အချိုင့်ကလေးတစ်ခုလည်းပါတာကြောင့် လက်တစ်ဖက်ထဲနဲ့ လွယ်လွယ်ကူကူဖွင့်လို့ရပါတယ်။ Display ထိပ်မှာ Webcam လေးကိုတပါတည်းထည့်သွင်းထားပြီး GS လို IR တော့မပါဝင်ပါဘူး။ Prestige တွေမှာလို Lid ကို 180°အထိလှန်ချလို့ရတာတွေ့ရပါတယ်။

ကီးဘုတ်ရှိတဲ့ကိုယ်ထည်ဟာတောင့်တင်းပြီး Cooling ပိုင်းအတွက် air intake အပေါက်တွေက laptop ကိုယ်ထည်အောက်နဲ့ ကီးဘုတ်အပေါ်မှာရှိပါတယ်။ exhaust အတွက်က ကိုယ်ထည်ရဲ့ထိပ်နဲ့ ဘေးနှစ်ချက်စီမှာတွေ့ရပါတယ်။

Stealth 15Mဟာ အလျား 358mm၊ အနံ 248 mm နဲ့ အမြင့် 17 mm လောက်အထူရှိပြီး ပုံမှန် Gaming Laptop တွေထက် သိသိသာသာပိုပါးတယ်ဆိုနိုင်ပါတယ်။ 1.8kg ဆိုတဲ့အလေးချိန်က Gaming Laptop တွေထဲမှာပေါ့ပါးတယ်လို့ဆိုနိုင်ပြီး Stealth GS66 ထက်ပိုပေါ့ပါတယ်။ သူ့မှာစွမ်းအားကောင်းလှတဲ့ CPU နဲ့ RTX GPUအတွက် Cooling စနစ်တွေ ပါဝင်တာကြောင့် productivity laptop တွေထက်နည်းနည်းပိုလေးတာလို့ဆိုနိုင်ပါတယ်။ Quick Access Panel မပါတဲ့အတွက် Laptop ကို Upgrade လုပ်ဖို့ Screw ၁၁လုံးလောက်ဖြုတ်ရမှာပါ။

Display

Stealth 15M မှာ 15.6လက်မ Full HD Display ကိုတပ်ဆင်ထားကာ Sharp ရဲ့ (LQ156M1JW03) Panel ကိုသုံးထားပါတယ်။ ဒီ panel ဟာ ကျနော်အရင်စမ်းဖူးတဲ့ MSI Pulse GL66Vector GP66 တို့နဲ့အတူတူပဲဖြစ်ပါတယ်။ သူ့ရဲ့ Full HD Display ဟာ 240Hz လည်းဖြစ်တာမို့ eSport ဂိမ်းတွေကိုကစားတဲ့အခါ သွက်လက်ပြီး 144Hz တွေထက် ပိုမိုသာလွန်တယ်ဆိုတာသိသိသာသာခံစားရပါတယ်။ Viewing Angle လည်း ကောင်းတယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့်သတိထားမိတဲ့အချက်က gaming laptop ဆိုပေမယ့် GP66 လို MSI Center ထဲမှာ Display Overdrive ကိုသုံးလို့မရတာပါ။


Color ပိုင်းအနေနဲ့
sRGB 99.89%
AdobeRGB 85.78%
DCI-P3 79.72% ရှိတဲ့အတွက် Color Gamut က Photo and Video Editing တွေမှာလည်းကောင်းကောင်းအသုံးချနိုင်လို့ နေ့လည်ခင်းအလုပ်လုပ်ပြီး ညဘက်ဂိမ်းဆော့ချင်တဲ့သူများအတွက် သင့်တော်တယ်ဆိုနိုင်ပါတယ်။ ကာလာပိုင်းအဆင်ပြေတဲ့အတွက် productivity ပိုင်မှာသုံးနိုင်သလို YouTube နဲ့ Netflix ကရုပ်ရှင်တွေ Video တွေကိုလည်း ကောင်းကောင်းအရသာခံနိုင်ပါတယ်။ screen ရဲ့ brightness က 270nits ဆိုတော့ အရမ်းလင်းလွန်းတဲ့နေရာမဟုတ်ဘူးဆိုရင် အဆင်ပြေပြေသုံးနိုင်ပါတယ်။

Keyboard and Trackpad

MSI Stealth 15M B12UE ရဲ့ ကီးဘုတ်ဟာ MSI Prestige/Modern/Summit တို့နဲ့ဆင်တူပါတယ်။ ကီးဘုတ်က ကိုယ်ထည်အလယ်လောက်မှာရှိပြီး ကီးတွေရဲ့အထားအသိုကအဆင်ပြေသလို စာရိုက်ရတဲ့ဖီလင်က အသံမကျယ်ပဲ Key တွေကိုနှိပ်ရတဲ့ခံစားမှုကကောင်းပါတယ်။ Key တစ်ခုနဲ့တစ်ခုအကြားအကွာအဝေးကလည်း ကောင်းမွန်ပြီး စာလုံးတွေမှားရိုက်မိတာမျိုးလဲမရှိပါဘူး။ ပါးတဲ့ဘက်ကိုရောက်ပေမယ့် တောင့်တင်းလှပြီး ကီးဘုတ်ကိုအားစိုက်ပြီးဖိတဲ့အခါ ညွှတ်လာတာမျိုးမရှိပါဘူး။


တစ်ခုသတိထားမိတာက အရင်မော်ဒယ်မှာ RGB Keyboard ဖြစ်ခဲ့ပေမယ့် အခုအခါ Spectrum Backlight Keyboard ဆိုပြီး LED မီးရောင် ၃မျိုးစပ်ထားတဲ့ ပုံစံကိုသုံးလာပါတယ်။ ဒါက တစ်မျိုးဆန်းသစ်တယ်လို့ယူဆနိုင်သလို အခြား gaming/productivity laptop တွေနဲ့ကွဲထွက်နေအောင် ဖန်တီးထားတယ်လို့ဆိုနိုင်ပေမယ့် LED မီးရောင် ကိုပြောင်းမရတဲ့အတွက် အချို့သူတွေအဖို့မကြိုက်တာမျိုးလည်း ရှိနိုင်တယ်လို့မြင်ပါတယ်။ ဂိမ်းကစားတဲ့အချိန်မှာဆိုရင် စွမ်းအားကောင်းလှတဲ့ hardware တွေကြောင့် ပူလာတာမျိုးရှိပါတယ် ဒါပေမယ့် အပူဆုံးနေရာတွေက လက်ထားတဲ့နေရာမှာမရှိပါဘူး။


Stealth 15M ရဲ့ Trackpad ဟာ အရွယ်အစားမသေးလွန်းဘူးဆိုနိုင်ပေမယ့် gaming laptop အတန်းအစားဖြစ်တာမို့ Prestige/Modern တို့ထက်ပိုမိုသေးငယ်တာကိုတွေ့ရပါတယ်။ touchpad မှာ မျက်နှာပြင်ဟာချောမွေ့ပြီး သီးခြား key တွေမပါပါဘူး။ သူ့ကို သုံးတဲ့အချိန်မှာ တုံ့ပြန်မှုအတော်လေးကောင်းမွန်တာကိုတွေ့ရပြီး စိတ်ကျေနပ်စရာစွမ်းဆောင်ရည်ကိုပေးပါတယ်။ click နှိပ်ရင်လည်းအသံဆူတာမျိုး လှုပ်စိလှုပ်စိဖြစ်တာမျိုးလည်းမရှိပါဘူး။

Ports

MSI Stealth 15M မှာ port တွေက သင့်တင့်လျောက်ပတ်တဲ့ပမာဏပါဝင်တယ်လို့ဆိုနိုင်ပါတယ်။


ဘယ်ဘက်မှာတော့ USB Type-A 3.2 Gen 1 ၁ခုနဲ့ 3.5mm Audio Combo Jack တစ်ခုပါပါတယ် ဒါပေမယ့် စိတ်မကောင်းစရာက အရင်မော်ဒယ်လို Micro SD Card Reader ကိုတော့မထည့်ပေးထားပါဘူး။


ညာဘက်မှာ Display Port အဖြစ်ပါသုံးနိုင်တဲ့ USB Type-C ၁ခု၊ USB Type-C 3.2 Gen 2၊ USB Type-A 3.2 Gen 1 နဲ့ (4K @60Hz) HDMI တစ်ခုပါဝင်ပါတယ်။

Webcam and Windows Hello

MSI Stealth 15M မှာ 720P Webcam တစ်ခုပါဝင်ပြီး Webcam ရဲ့ ရုပ်ထွက်က ကောင်းမွန်တယ်လို့ဆိုနိုင်ပါတယ်။

Windows Hello အတွက် fingerprint နဲ့ IR camera မပါဝင်တာမို့ PIN နဲ့သာ Sign-in လုပ်ရမှာပါ။

Audio

Audio ပိုင်းကိုပြောရမယ်ဆိုရင် MSI Stealth 15M မှာ 2w Speaker ၂လုံးကို laptop ရဲ့ အောက်ခြေဘယ်ညာထောင့်‌တစ်ခုစီမှာနေရာချထားပါတယ်။ သူ့စျေးတန်းနဲ့သူဆိုရင် Speaker တွေရဲ့အသံထွက်က base သိပ်မပေါ်ပေမယ့် အတော်လေးကောင်းပါတယ်။

Headphone နဲ့ Mic အတွက် 3.5mm Audio Combo Jack တစ်ခုပါဝင်ပြီး Headset အများစုနဲ့အဆင်ပြေပြေသုံးနိုင်မှာပါ။ Headphone အတွက် 24 bit 192 KHz အထိရတဲ့ Audio ကိုထုတ်ပေးနိုင်တာတွေ့ရပါတယ်။ သူ့ရဲ့အသံက အတော်လေးအဆင်ပြေတယ်လို့ပြောနိုင်ပါတယ်။

အသံပိုင်းအတွက် Nahimic Audio software ကိုတပါတည်းထည့်သွင်းပေးထားပြီး တစ်ခုပါဝင်ကာ surround ကို ပုံစံ ၅မျိုးလောက်ထားနိုင်ပါတယ်။ တာဖြစ်ပါတယ်။ ဂိမ်းဆော့ကြည့်ရာမှာတော့ Battlefield V Multiplayer မှာ အနီးအဝေးအထက်အောက်ဘယ်ညာအသံတွေကို ကောင်းစွာထုတ်ပေးနိုင်ပြီး ကျေနပ်လောက်စရာ အသံကိုကြားရပါတယ်။

သူမှာမူလပါဝင်တဲ့ mic ဟာ ပုံမှန်အခြေအနေမှာဆို ကြည်လင်တဲ့အသံကိုဖမ်းပေးနိုင်သလို အကယ်၍ မိမိပတ်ဝန်းကျင်ကဆူညံနေတယ်ဆိုရင် MSI Center က noise cancellation ကိုဖွင့်သုံးနိုင်ပါတယ်။ သူက Microphone အတွက်ရော Speaker အတွက်ပါအလုပ်လုပ်ပေးနိုင်ပါတယ်။

Storage

Stealth 15M မှာ 1TB ရှိတဲ့ Micron 2450 MTFDKBA1T0TFK PCIE 4.0 NVME SSD ကိုထည့်‌ထားပါတယ်။ SSDဟာ PCIE 4.0 ဆိုပေမယ့် သူရဲ့ Read/Write နှုန်းတွေဟာ PCIE 3.0 NVME SSD တွေထက် အနည်းငယ်သာပိုများပါတယ်။ စွမ်းဆောင်ရည်အတိအကျကို Benchmark ပုံမှာကြည့်ပါ။ SSD ရဲ့ Capacity ဟာ 1TB ရှိတဲ့အတွက်အများကြီးမဟုတ်တောင် သုံးရတာအတော်လေးအဆင်ပြေပါတယ်။ ပါးလွှာတဲ့ laptop မို့ ထပ်တိုးစရာ slot အပိုမပါပါဘူး။

Battery

MSI Stealth 15M မှာ 53.8WH ရှိတဲ့ 3 Cell Li-ion ဘက်ထရီ ကိုထည့်သွင်းပေးထားပြီး 180W power adapter နဲ့တွဲဖက်ပေးထားပါတယ်။ ဘက်ထရီ laptop အရွယ်အစား နဲ့ဆိုရင် သေးတယ်လို့တော့မဆိုနိုင်ပါဘူး။

MSI Center

MSI Stealth 15M မှာ Utility Software တစ်ခုဖြစ်တဲ့ MSI Center ပါဝင်ပါတယ်။ သူက ကိုယ်သုံးမဲ့ function အလိုက်အတွက် Setting ချိန်လို့ရမယ်၊ ဘက်ထရီခံအောင်သုံးမှာလား စွမ်းဆောင်ရည်အပြည့်သုံးမှာလားစတဲ့ Power တွေချိန်လို့ရမယ်၊ စက်ရဲ့ အပူချိန်နဲ့အမြန်နှုန်းတွေ ဘက်ထရီအခြေအနေတွေကြည့်လို့ရမယ်။ ဒါပေမယ့် gaming laptop တွေလို E-Cores တွေကိုပိတ်လို့ရတာမျိုး၊ dedicated graphics အဖွင့်အပိတ်ခလုပ်နဲ့ screen color တွေချိန်ညှိဖို့ function တွေထည့်ပေးထားတာမျိုးတော့မတွေ့ရပါဘူး။

Testing Methodology and Benchmarks

CPU Benchmark အတွက် Cinebench R15၊ Cinebench R20 နဲ့ Geekbench 5 ကိုထည့်သွင်းစမ်းသပ်ထားပါတယ်။ Core i7-1280Pဟာ 14 Cores CPU ဖြစ်ပြီး ယခင်ကျနော်စမ်းဖူးတဲ့ Core i7-12700Hနဲ့ဆင်တူကာ Clock Speed တွေလည်းသိပ်မကွာကြပါဘူး။ TDP တစ်ဝက်လောက်လျော့ထားတာမို့ ပါဝါစားပိုနည်းကာ အပူပို့လျော့သွားတာကိုတွေ့ရပါတယ်။ စွမ်းဆောင်ရည်ပိုင်းက ဒီလို thin and light laptop အတွက်အားရစရာကောင်းပါတယ်။

Single Core မှာ P-Cores ဟာ 4.3GHz အထိရပြီး
E-cores က 3.6GHz အထိတက်လာပါတယ်။ ဂိမ်းဆော့နေချိန်မှာဆို ပါဝါအများစုကို GPU ကိုပို့ပေးထားတာမို့ P-Cores ဟာ 2.8GHzအထိသာရှိပြီး E-cores က 2.1GHzရပါတယ်။ Multi Core Rendering လုပ်ချိန်မှာ‌‌တော့ P-Cores တွေဟာ 3.5GHz နဲ့ E-cores တွေဟာ 2.8GHz အထိသာအများဆုံးတွန်း‌ပေးတာတွေ့ရပါတယ်။


Gaming Performance အတွက် ဂိမ်း၁၁ခုနဲ့စမ်းသပ်ထားပါတယ် အများစုက AAA Titles တွေပါ။ RT Cores တွေပါတဲ့ RTX 3060 GPU အတွက် အချို့ဂိမ်းတွေကို Ray Tracing ကို Ultra ဖွင့်စမ်းထားပါတယ်။ Mobile RTX 3060 ဟာ ပါဝါစားသက်သာတဲ့ Max-Q version လို့ဆိုနိုင်ပြီး 80W ရှိတဲ့ GL66 ရဲ့ RTX 3060 နဲ့ဆို ကွာခြားမှုကြီးကြီးမားမားမရှိပါဘူး။ စမ်းသပ်ကြည့်တဲ့အခါ ဂိမ်းအများစုကို Ultra Setting မှာ 70FPS အထက်ကစားနိုင်ပြီး အချို့ဂိမ်းတွေဆို 100fps နီးပါးအထိရတာကိုတွေ့ရပါတယ်။ Ray Tracing ဖွင့်ကစားမယ်ဆိုရင်တောင် မူလက 100FPS ဝန်းကျင်ရနေတဲ့ဂိမ်းအများစုကို DLSS မသုံးပဲ 60FPS လောက်မှာကစားနိုင်တာကိုတွေ့ရပါတယ်။ သူ့မှာပါတဲ့ Iris Xe Graphics ဟာ အရင် Gen တုန်းက ဂိမ်းတွေနဲ့ သိပ် compatible မဖြစ်ပေမယ့် အခုပိုအဆင်ပြေလာတာကိုလည်းသတိထားမိပါတယ်။ ဒါ့အပြင် Intel ဟာ သူတို့ရဲ့ XeSS ကို Shadow of The Tomb Raider ဂိမ်းမှာ စတင်မိတ်ဆက်လာတာမို့ Iris Xe Graphics နဲ့ စမ်းသပ်ထားပါတယ်။


Productivity အတွက် Blender၊ Corona နဲ့ Vray ကိုထည့်သွင်းစမ်းသပ်ထားပါတယ်။ Overall Performance အတွက်ကတော့ PCMark 10 နဲ့ပါ။ Storage အတွက် CrystalDiskMark နဲ့စမ်းသပ်ထားပါတယ်။ Benchmark တွေစမ်းလို့ရလာတဲ့ အသေးစိတ်ကို graph တွေနဲ့ပြထားပေးပါတယ်။ Benchmark အားလုံးကို Windows 11 Version 21H2 နဲ့ GeForce Driver Version 516.94 မှာစမ်းသပ်ထားပါတယ်။


Stealth 15M ဟာ ဘက်ထရီသိပ်မကြီးပေမယ့်လည်း ပါဝါသိပ်မစားတဲ့ hardware တွေကြောင့် ထူထဲတဲ့ gaming laptop တွေထက် ဘက်ထရီအနည်းငယ်ပိုခံတာတွေ့ရပါတယ်။ ဘက်ထရီစွမ်းဆောင်ရည်ကို Audio Level and Brightness 50% နဲ့ Power Balanced Mode မှာ Netflix ကြည့်တာ ၆နာရီနီးပါးကြည့်လို့ရပါတယ်။ ဒီထက်နည်းတဲ့workloads တွေနဲ့ battery saving mode တွေမှာထားရင် ပိုခံမယ်လို့ထင်ပါတယ်။ ဂိမ်းဆော့မယ်ဆို၁နာရီလောက်သာရပါတယ်။ အားပြန်သွင်းရင် ၂နာရီခွဲလောက်သွင်းရမှာပါ။

Temperatures and Noise

MSI Stealth 15M ရဲ့ Core i7-1280P CPU ဟာ 14 Cores 20 Threads ရှိလို့ Core တွေ Thread တွေအများကြီးပါတယ်လို့ဆိုနိုင်ပါတယ်။ ဒါပေမယ့် CPU နဲ့ GPU ရဲ့ TDP တွေလျော့ချထားတာမို့ ပိုပါးပေမယ့် ပုံမှန် MSI Gaming Laptop ‌တွေထက်သိသိသာသာကိုအပူလျော့နည်းနေတာတွေ့ရပါတယ်။


ဂိမ်းကစားတဲ့အခါ Fan ကို Auto နဲ့ ကစားရင် အများဆုံး CPUက 74°C နဲ့ GPU က 70°C လောက်တက်လာပြီး Cooler Boost နဲ့ကစားမယ်ဆိုရင် CPU က 71°C နဲ့ GPU က 65°C လောက်သာရှိပါတယ်။ ဒါဟာ အတော်အားရစရာဖြစ်ပြီး ပုံမှန် 80°C အထက်မှာသာရှိတဲ့ ပိုထူပိုလေးတဲ့ MSI Gaming Laptop တွေနဲ့ သိသိသာသာကိုကွာခြားပါတယ်။
ပုံဆွဲတာ web browsing လို အလုပ်တွေမှာ fan အသံကို သိပ်မကြားရသလို ပူလည်းမပူပါဘူး။ အကယ်၍ ဂိမ်းတွေဆော့မယ် rendering လုပ်မယ်ဆိုရင် အသံက Gaming laptop တွေလောက်မကျယ်သလို Cooler Boost ဖွင့်ထားရင်တောင်အရမ်းမကျယ်လှပါဘူး။ ဒါပေမယ့် ဘာမှသိပ်မသုံးပဲထားတဲ့အချိန် စက်ရဲ့အပူချိန်မြင့်လာရင် အနှောင့်အယှက်ဖြစ်လှတယ်မဟုတ်ပေမယ့် fan အသံနည်းနည်းမြင့်လာတာ ကြုံရပါတယ်။

Power Draw

Power ပိုင်းအနေနဲ့ Benchmark တွေအရ Single Core မှာ 25W နဲ့ Multi Core မှာ 60Wလောက်အထိသုံးတာ‌ တွေ့ရပါတယ်။ Turbo Boost မှာ CPU ဟာ 65W အထိရတယ်ဆိုပေမယ့် စက္ကန့်အနည်းငယ်လောက်ပါပဲ။ Gaming အတွက်မဟုတ်လို့ပဲလားမသိရပေမယ့် BIOS နဲ့ MSI Center ကနေ ကလိစရာသိပ်မထည့်ပေးထားလို့ E-cores တွေကို ပိတ်ထားလို့ရတဲ့ function မျိုးမတွေ့ရပါဘူး။

Stealth 15Mဟာ 14 Cores CPU နဲ့ RTX GPU တွေပါတယ်ဆိုပေမယ့် ပါးလွှာတဲ့ကိုယ်ထည်မှာ စွမ်းအင်သုံးစွဲမှုနဲ့ အပူလျော့နည်းအောင် သေချာချိန်ညှိပေးထားတာတွေ့ရပါတယ်။ ဒီအတွက် ပါဝါစားသုံးမှုမှာ CPU နဲ့ GPU ၂ခုပေါင်း ဟာ အများအားဖြင့် 90W ထက်ပိုမစားအောင် ဒီဇိုင်းထုတ်ထားပါတယ်။ CPU အသားပေးတဲ့ အလုပ်တွေမှာ CPU ဟာ 60W လောက်အထိသုံးတာတွေ့ရပြီး GPU က 11Wဝန်းကျင်သာရှိပါတယ်။ ဂိမ်းကစားမယ်ဆိုရင် GPU ဟာ 50~60W အတွင်းမှာသာ ရှိနေပြီး CPU ဟာ 28W လောက်သာသုံးစွဲပါတယ်။ တစ်ခုကောင်းတာက Stealth 15Mဟာ gaming laptop ဖြစ်တာမို့ ဂိမ်းကစားတဲ့အချိန်မှာ အခြား gaming မဟုတ်တဲ့ thin and light laptop တွေလို ခဏခဏ FPS လျော့သွားတာမျိုးတွေမကြုံရပါဘူး။

The Good

  • Stylish and Good Build Quality
  • Powerful CPU and GPU for Thin and Light Laptop
  • Good Display with 240Hz
  • Solid Performance

The Bad

  • Small Battery
  • No Micro SD Card Reader for Creator Oriented Gaming Laptop
  • No IR Camera or Fingerprint Reader

Conclusion

Stealth 15M B12UE ဟာ ဂိမ်းချည်းသီးသန့်ဆော့မယ့်သူတွေအတွက် တကယ့် Gaming Laptop တွေနဲ့ယှဉ်ရင် အနည်းငယ်အားမလိုအားမရဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ပေါ့ပါးတဲ့အလေးချိန်က အပြင်ခဏခဏသွားရတဲ့သူတွေ၊ ဂိမ်းကစားလေ့ရှိတဲ့ creator တွေအနေနဲ့ မျက်စိကျနိုင်ပါတယ်။ Stealth 15M ဟာ Creator laptop တွေထက် ဂိမ်းကစားရတာပိုကောင်းပြီး solid performance ကိုပေးပါတယ်။ ဘက်ထရီသိပ်မခံဘူးဆိုနိုင်ပေမယ့် သူ့ဘက်ထရီအရွယ်အစားကမကြီးလှသလို သာမန် Gaming Laptop တွေထက်တော့ အနည်းငယ်ဘက်ထရီပိုခံတယ်လို့ဆိုနိုင်ပါတယ်။ တစ်ချို့လူ‌တွေအဖို့ အရင်model တုန်းက keyboard backlight ကို RGB ရနေရာကနေ Spectrum Keyboard ဆိုပြီးပြောင်းလဲလိုက်တာကို သဘောမကျတာမျိုးရှိကောင်းရှိနိုင်ပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးနဲ့စွမ်းဆောင်ရည်အတော်အတန်ကောင်းမွန်တဲ့ gaming laptop ကိုရှာနေတဲ့သူအတွက် Stealth 15M B12UE ကရွေးချယ်စရာတစ်ခုထဲပါဝင်တယ်လို့ဆိုနိုင်ပါတယ်။ Stealth 15M B12UEရဲ့စျေးနှုန်းက $1850ဖြစ်ပြီး cash back $200 ပေးတဲ့အတွက် $1650ရှိတယ်လို့သိရပါတယ်။ ကျနော့်ကို Review Unit ပေးတဲ့ MSI Gaming ကိုလည်းအထူးကျေးဇူးတင်ပါတယ်။

#EnThueTech
#Review
#Gaming #Laptop

MSI Spin, Shop, Win Promotion: https://msi.gm/3SgD4eA
#Stealth15M #MSIgaming

Post a Comment

0 Comments