Subscribe Us

header ads

SpaceX အနေဖြင့် ယူကရိန်းရှိ Starlink ကို အမြဲတမ်း ငွေကြေးမထောက်ပံ့ပေးနိုင်သဖြင့် ပင်တဂွန်မှကျခံစေလိုကြောင်း Elon Musk ဆို

Credit: Getty Images/MARK GARLICK/SCIENCE PHOTO LIBRARY)

SpaceX ဟာ ယူကရိန်းစစ်ပွဲစတင်စဉ်ကတည်းက Starlink ဂြိုလ်တုစက်သွယ်ရေး ၂၅၀၀၀ ‌ခန့်ထောက်ပံ့ပေးခဲ့ပါတယ်။ Elon Musk အနေနဲ့ဒီလိုပေးအပ်ခဲ့တာ ဒေါ်လာ သန်း၈၀လောက်ရှိနေပြီး နှစ်ကုန်ဆိုရင် ဒေါ်လာသန်း ၁၀၀ကျော်လွန်သွားမှာလို့ဆိုပါတယ်။

ဒီလိုပေးအပ်ခဲ့တဲ့အတွက် ယူကရိန်းရဲ့ဆက်သွယ်ရေးအခြေအခံအဆောက်အဦတွေကို ရုရှားကပစ်မှတ်ထားတိုက်ခိုက်နေခဲ့ချိန်မှာတောင် အရပ်ဖက်နဲ့စစ်ဘက်ဆိုင်ရာအတွက်ဆက်သွယ်ရေးနဲ့အင်တာနက်အဆက်မပြတ်စေခဲ့တာမို့ ယူကရိန်းဒုတိယဝန်ကြီးချုပ် Mykhailo Federov ဟာ Elon Musk ကိုကျေးဇူးတင်ရှိကြောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် SpaceX ရဲ့ ရက်ရောမှုဟာ အကန့်အသတ်မဲ့ဖြစ်မနေခဲ့ပါဘူး။ CNN သတင်းအရ SpaceX ဟာ Starlink ဝန်ဆောင်မှုကိုဆက်လက်ပြုလုပ်တော့မှာမဟုတ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်ကို သတိပေးစာတစ်စောင်ကို‌ပေးပို့ခဲ့ပါတယ်။ ခန့်မှန်းတွက်ချက်မှုအရ နောက်၁၂လအတွက် ဒေါ်လာသန်း ၃၈၀အထိရှိလာနိုင်ပြီး ထပ်ဆောင်း terminal များနဲ့ လက်ရှိဝန်ဆောင်မှုစရိတ်တွေအတွက် အမေရိကန်အစိုးရကိုကျခံစေလိုကြောင်းဆိုထားပါတယ်။

SpaceX အနေနဲ့ ပင်တဂွန်ကိုပေးအပ်လိုက်တဲ့စာရွက်စာတမ်းတွေထဲမှာ ယူကရိန်းဗိုလ်ချူပ်ကြီး Valerii Zaluzhniyရဲ့ နောက်ထပ်terminal ၈၀၀၀ နီးပါးလိုအပ်ကြောင်းတောင်းဆိုမှုလည်းပါဝင်တယ်လို့ CNN ကဆိုပါတယ်။
Elon Musk အနေနဲ့ ဒီသတင်းဟာအတည်ဖြစ်ကြောင်းညွန်းဆိုနေတဲ့ ပိုစ့်အများအပြားကို ဒီနေ့ Twitter မှာတင်ခဲ့ပြီး "ဒေါ်လာဘီလီယံ၆၀ကျော်ရထားတဲ့ပြိုင်ဘက်ကုမ္ပဏီ Lockheed နဲ့ Boeing တို့လိုအကြီးဆုံးကာကွယ်ရေးကန်ထရိုက်တွေရဲ့ ပရောဂျက်တွေမပေါက်ကြားပဲ သူ့ကိစ္စသာပေါက်ကြားလို့ထူးဆန်းကြောင်း" ဆိုပါတယ်။
အခြားသူတွေပြန်ပြောထားတဲ့ tweet တွေမှာလည်း Elon Musk က "ငြိမ်းချမ်းတဲ့ကာလနဲ့ စစ်မက်ကာလမှာဆက်သွယ်ရေးဟာ ကြီးမားစွာကွာခြားကြောင်း၊ ရှေ့တန်းစစ်‌မြေပြင်မှာ Starlink သာအလုပ်လုပ်နေပြီး အခြားဆက်သွယ်ရေးစနစ်များမှာအလုပ်မလုပ်တော့ကြောင်း၊ ရုရှား‌အနေဖြင့် Starlink ကိုရပ်ဆိုင်းသွားစေရန် အစဉ်ကြိုးပမ်းနေပြီး SpaceX အနေဖြင့်အရင်းမြစ်များကို ခုခံရေးအဖြစ်ပြောင်းလဲထားရကြောင်း သို့သည့်တိုင် Starlink အနေဖြင့်ရပ်ဆိုင်းနိုင်ချေရှိနေကြောင်း" ဆိုထားပါတယ်။

Elon Musk က ယူကရိန်းကိုထောက်ပံ့ပေးတဲ့ terminal တွေဟာ သာမန်အိမ်ထောင်စုထက် ဒေတာအသုံးပြုမှု အဆ၁၀၀ပိုမိုများပြား‌နေချိန် SpaceX အနေဖြင့် လက်ရှိစနစ်များကို ငွေကြေးထောက်ပံ့ပေးရန်မတက်နိုင်ကြောင်းဆိုပါတယ်။
Elon Musk အနေနဲ့ မကြာခင်က သိမ်းပိုက်ထားတဲ့နယ်မြေတွေကိုရုရှားထံနယ်မြေခွဲဝေပေးကာ ကြားနေအဖြစ်နေဖို့ ငြိမ်းချမ်းရေးအစီအစဉ်ကိုတင်ပြခဲ့တာမို့ ယူကရိန်းနဲ့အနောက်နိုင်ငံတွေကိုဒေါသဖြစ်စေခဲ့ပါတယ်။ ဂျာမနီဆိုင်ရာယူကရိန်းသံအမတ် Andriy Melnyk ကလည်း F**k off လို့ဆဲဆိုခဲ့ပြီး Starlink အနေဖြင့်ယူကရိန်းတွင်အထောက်အပံ့ပေးနေခြင်းကိုရပ်ဆိုင်းဖို့ တစ်စုံတစ်ယောက်ကပြောကြားလာတဲ့အခါ Elon က "သူ့အကြံပြုချက်အတိုင်းလိုက်နာပေးတာဖြစ်တယ်" လို့ဆိုလိုက်ပါတယ်။

ရုရှားဟာ ယခင်က ယူကရိန်းကိုထောက်ခံမှုအတွက် Elon Musk ကိုခြိမ်းခြောက်ခဲ့ပြီး Starlink ဂြိုလ်တုများကိုပစ်မှတ်ထားလာနိုင်ကြောင်းသတိပေးထားပါတယ် ဒါပေမယ့် သူရရှိခဲ့တဲ့ချစ်ခင်လေးစားခံရမှုဟာ သူတင်ပြတဲ့ငြိမ်းချမ်းရေးအစီအစဉ်ကြောင့် ဆုံးရှုံးသွားခဲ့ရပါတယ်။

Source: TechSpot

#EnThueTech
#News
#TechCulture

Post a Comment

0 Comments