Subscribe Us

header ads

SuperSpeed USB ကိုအဆုံးသတ်ပြီး ပိုမိုရိုးရှင်းသည့် logo အသစ်များဖြင့် ပြောင်းလဲလိုက်တဲ့ USB


Image: Pixabay

USB Implementers Forum (USB-IF) ဟာ USB စံနှုန်းမှာရှိတဲ့ logo တွေနဲ့ပတ်သတ်တဲ့ အပြောင်းအလဲအချို့ကိုကြေညာခဲ့ပါတယ်။ ဒါဟာ လက်ရှိအသုံးပြုနေတဲ့ များပြားစုံလင်လှတဲ့ logo တွေကိုပိုမိုရိုးရှင်းစေကာ သုံးစွဲသူဝယ်ယူတဲ့အခါ ပိုမိုလွယ်ကူစေဖို့ပဲဖြစ်ပါတယ်။ တချိန်ထဲမှာပဲ SuperSpeed USB အမှတ်တံဆိပ်ကို အနားပေးလိုက်ပြီဖြစ်ပြီး ထုတ်ကုန်အသစ်တွေမှာပါဝင်လာတော့မှာမဟုတ်ပါဘူး။ ဒီအစား USB4 စံနှုန်းနဲ့ USB PD 3.1 တွေအတွက် အမှတ်တံဆိပ်အသစ်တွေကိုဖန်တီးလိုက်ပြီဖြစ်ကာ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာမှာဖြစ်ပါတယ်။ အပြောင်းအလဲအသစ်တွေဟာ ဒီနှစ်ထဲမှာပဲ သက်ရောက်လာမှာဖြစ်သလို ထုတ်ကုန်အသစ်တွေအပေါ်ယခုနှစ်မကုန်ခင်မှာတွေ့ရမှာဖြစ်ပါတယ်။

Image: USB -IF

SuperSpeed logo ကိုအစားထိုးတာကအင်မတန်ရိုးရှင်းပြီး 5 နဲ့ 10 Gbps logo တွေဟာ ကျနော်တို့မင်းတွေ့ဖူးနေကျ 20 နဲ့ 40 Gbps logo တွေထဲပေါင်းထည့်လိုက်မှာပါ။ ဒီ logo တွေကို ထုတ်ပိုးခြင်း၊ cable တွေပေါ်ထည့်သွင်းခြင်းနဲ့ အချို့စက်ပစ္စည်းတွေပေါ်မှာတွေရမှာပါ။

Image: USB -IF

5 နဲ့ 10 Gbps logo အသစ်တွေဟာလည်း USB Type-C cable နဲ့ အသုံးပြုတဲ့အခါ 60W နဲ့ 240W charging logo တွေထဲထပ်မံပေါင်းထည့်နိုင်ပါသေးတယ်။ ဒီလိုပြောင်းလဲလိုက်တာတွေအားလုံးဟာ သုံးစွဲသူအနေနဲ့ ဘယ်လို cable ဝယ်ရမလဲဆိုတာရွေးချယ်ဖို့လွယ်ကူစေပါတယ် ဒါပေမယ့် သိထားသင့်တာက logo အသစ်တွေအားလုံးဟာ certified ဖြစ်တဲ့ cable တွေပေါ်မှာသာသက်ရောက်နိုင်တယ်ဆိုတာပါပဲ။ logo အသစ်တွေကိုနည်းလမ်းတကျအသုံးပြုလာမယ်ဆိုရင်တော့ cable တွေဝယ်ယူတဲ့အခါအများကြီးကိုလွယ်ကူလာမှာပဲဖြစ်ပါတယ်။

Source: Techpowerup
https://t.me/EnThueTech

#EnThueTech
#News

Post a Comment

0 Comments