![]() |
Image: Biren Technology |
Bloomberg သတင်းအရ TSMC ဟာ တရုတ်နိုင်ငံရဲ့ AI နဲ့ HPC အတွက်ဒီဇိုင်းပြုပေးနေတဲ့ တရုတ်အခြေစိုက် Biren အတွက်ချစ်ပ်ထုတ်လုပ်ပေးမှုရပ်ဆိုင်းလိုက်တယ်လို့သိရပါတယ်။ ဒီအချက်အလက်ဟာ အတည်မပြုနိုင်တဲ့သတင်းရင်းမြစ်ကနေလာတာမို့ ချင့်ချိန်ယုံဖို့တော့လိုပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ တရုတ်ရဲ့ စူပါကွန်ပျူတာနဲ့ AI နယ်ပယ်ကို တင်းတင်းကျပ်ကျပ်အရေးယူပိတ်ဆို့နေခဲ့ပါတယ်။ အထူးသဖြင့် 41600 cubic feet (1178 cubic meters) အတွင်းမှာ စွမ်းဆောင်ရည် 100 FP64 PetaFLOPS သို့ 200 FP32 PetaFLOPS ရှိတဲ့ချစ်ပ်အသစ်တွေ ဖန်တီးနိုင်တဲ့စက် တွေ မရောင်းချဖို့ဖြစ်ပါတယ်။![]() |
Image: Biren Technology |
တရားဝင်အမည် Biren Technology ဟာ ဩဂုတ်လမှာ တန်ဖိုး၂.၇ဘီလီယံတန်ကြေးရှိပြီး Nvidia အင်ဂျင်နီယာအချို့နောက်ကွယ်တွင်ရှိသည့် fabless ကုမ္ပဏီဖြစ်ပါတယ်။ Biren ဟာ ဩဂုတ်လမှာ TSMC 7nm နဲ့တည်ဆောက်ထားတဲ့ computing GPU BR100 နဲ့ PCIe အခြေခံ BR104 တွေကိုပြသခဲ့ပါတယ်။ Biren GPU တွေဟာ Nvidia ရဲ့ Ampere A100 ထက်ပိုမိုမြန်ဆန်တယ်ဆိုပေမယ့်နောက်ဆုံးပေါ် Hopper လောက်တော့မမြန်ဆန်ပါဘူး။
![]() |
Image: Biren Technology |
နောက်ဆုံးပေါ်တရားဝင်ရထားတဲ့သတင်းတွေအရ တရုတ်နိုင်ငံကို Nvidia ရဲ့ Hopper H100 နဲ့ Ampere A100 ကိုမရောင်းချဖို့တားမြစ်ထားပါတယ်။ ဒီကိစ္စနဲ့အကျွမ်းတဝင်ရှိသူက Bloomberg ကိုပြောကြားရာမှာ အမေရိကန်အစိုးရအနေနဲ့ TSMC အနေနဲ့ Biren ကိုချစ်ပ်ထုတ်လုပ်ပေးမှုရပ်ဆိုင်းပေးဖို့ တရားဝင်တောင်းဆိုခဲ့တယ်လို့ဆိုထားပါတယ်။
လက်ရှိမှာ Biren နဲ့ TSMC ၂ဘက်စလုံးက ဒီကိစ္စအပေါ်တရားဝင်ကြေညာချက်တွေမထုတ်ပြန်သေးပါဘူး ဒါပေမယ့် မကြာခင်ရက်တွေအတွင်းရှင်းလင်းလာနိုင်ပါတယ်။ စိတ်မကောင်းစရာက BR100 နဲ့ BR104 လိုတရုတ် GPU အသစ်တွေ မကြာခင်ဈေးကွက်ထဲဝင်ရောက်လာဖို့အခွင့်အလမ်းနည်းပါးသွားခဲ့ပြီဖြစ်ပါတယ်။
Source: Notebookcheck, Tom's Hardware and Bloomberg
#EnThueTech
#News
#GPU
Related Post
0 Comments