Subscribe Us

header ads

တရုတ်နိုင်ငံ၏ကျူးကျော်မှုခံရပါက TSMC စက်ရုံများကို ဖျက်ဆီးရန်မလိုအပ်ကြောင်း ထိုင်ဝမ်လုံခြုံရေးဗျူရိုဆို

Bloomberg | Getty Images

တရုတ်နိုင်ငံအနေဖြင့် ရွှေဥမဥသည့်ငန်းကိုသာ ရလိမ့်မည်

ထိုင်ဝမ်ရဲ့ ဆီမီးကွန်ဒတ်တာထုတ်လုပ်ရေးကုမ္ပဏီ TSMC ရဲ့ ချပ်စ်ထုတ်လုပ်ရေးစက်ရုံတွေဟာ တရုတ်နိုင်ငံအနေနဲ့ ထိုင်ဝမ်ကိုသိမ်းပိုက်လိုတဲ့ အကြောင်းရင်းတစ်ခုဖြစ်နိုင်ပါတယ်။ ဒီလိုသိမ်းပိုက်ခံခဲ့ရရင် ဖြစ်ပေါ်လာနိုင်တဲ့တုန့်ပြန်မှုတွေထဲကတစ်ခုက ဝန်ထမ်းတွေကိုကယ်ထုတ်ပြီး စက်ရုံကိုဖျက်ဆီးလိုက်ဖို့ဖြစ်ကြောင်း အမေရိကန်ကြည်းတပ်ရဲ့ထိပ်တန်းစာနယ်ဇင်းတစ်ခုဖြစ်တဲ့ Parametersက အကြံပြုထားပါတယ်။ ဒါပေမယ့် ထိုင်ဝမ်အမျိုးသားလုံခြုံရေးဗျူရိုကတော့ ဒီလိုလုပ်ဆောင်ဖို့ရာမလိုအပ်ကြောင်းဆိုပါတယ်။

TSMC အနေနဲ့ထိပ်တန်းအဆင့်ချစ်ပ်တွေဖန်တီးဖို့ရာ ASML၊ Applied Materials နဲ့ KLA တို့ရဲ့ထိပ်တန်းအဆင့်ချစ်ပ်ထုတ်လုပ်ရေးစက်တွေကိုလိုအပ်ပါတယ်။ အကယ်၍တရုတ်အနေနဲ့ထိုင်ဝမ်ကျွန်းကိုကျုး‌ကျော်ပြီး TSMCစက်ရုံတွေကိုသိမ်းပိုက်ခဲ့ရင်‌တောင် နည်းပညာမြင့်စက်တွေနဲ့ အလွန်တရာသန့်စင်တဲ့ကုန်ကြမ်းတွေကိုမရရှိနိုင်တာမို့ တရုတ်နိုင်ငံအနေနဲ့ အဆင့်မြင့်node တွေဆက်လက်ဖန်တီးနိုင်မှာမဟုတ်သလို လက်ရှိနည်းပညာနဲ့ထုတ်လုပ်‌ပေးနေတဲ့စက်ရုံတွေကိုလည်း အခက်အခဲမရှိလည်ပတ်ဖို့ရာမဖြစ်နိုင်ပါဘူး။

"TSMC ဟာ နောက်ဆုံးပေါ်ချစ်ပ်တွေမထုတ်လုပ်ခင်မှာ ကမ္ဘာအနှံ့ကကုန်ကြမ်းတွေရရှိဖို့လိုအပ်တယ်" လို့ထိုင်ဝမ်အမျိုးသားလုံခြုံရေးဗျူရိုရဲ့ ညွှန်ကြားရေးမှူးချုပ် Chen Min-tong က ထိုင်ဝမ်အမတ်တွေကိုယခုသတင်းပတ်က ပြောကြားခဲ့ကြောင်း Bloomberg ကဆိုပါတယ်။ "ASML ရဲ့ lithography စက်တွေနဲ့ အရေးကြီးတဲ့စက်ပစ္စည်းတွေကိုသာမရခဲ့ဘူးဆိုရင် TSMC အနေနဲ့ထုတ်လုပ်မှုဆက်လက်လုပ်ဆောင်နိုင်မှာမဟုတ်ပဲ တရုတ်နိုင်ငံအနေနဲ့ ရွှေဥမဥတဲ့ငန်းကိုသာရနိုင်မယ်" လို့ဆိုပါတယ်။

တရုတ်နိုင်ငံဟာ စီးပွားရေးတိုးတက်မှုနှေးကွေးမှု၊ အမေရိကန်ပြည်ထောင်စုနဲ့တင်းမာမှုနဲ့ မကြာသေးခင်ကပြည်တွင်းနိုင်ငံရေးတိုက်ပွဲများက ထိုင်ဝမ်ကိုကျူးကျော်ဖို့ဖြစ်နိုင်ချေတွေတိုးပွားလာစေခဲ့ကာ ကျွန်းကိုသိမ်းပိုက်ပြီး ထိပ်တန်းနည်းပညာများကိုရယူခြင်းဖြင့် ရှီကျင့်ဖျင်အ‌ပေါ်ထောက်ခံမှုကိုတိုးပွားစေမှာဖြစ်ပါတယ်။ ဒါပေမယ့်ဖြစ်နိုင်ချေဆိုတာဖြစ်လာမယ်လို့မဆိုပါဘူး။ တရုတ်နိုင်ငံဟာ သူရဲ့အဓိကကုန်သွယ်ဖက်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့ရဲ့ ဆက်ဆံရေးကိုထိန်းသိမ်းထားရမှာဖြစ်ပါတယ်။ ဒါ့အပြင် ထုတ်လုပ်ရေးစက်ပစ္စည်းအပေါ်လက်လှမ်းမမှီမှုအပြင် အမေရိကန်နဲ့ ဥရောပမှာပြုလုပ်တဲ့ဒီဇိုင်းနဲ့ ကုန်သွယ်ဖက်တွေရဲ့ ငွေကြေးမရှိပဲ တရုတ်နိုင်ငံရဲ့ ထိုင်ဝမ်အပေါ်ကျူးကျော်မှုဟာ ဆုံးရှူံးမှုကြီးမားတဲ့အောင်ပွဲတစ်ခုသာဖြစ်သွားစေနိုင်ပါတယ်။

ပို့ကုန်စည်းမျဉ်းအသစ်များ

တရုတ်နိုင်ငံရဲ့ စူပါကွန်ပျူတာနဲ့ ဆီမီးကွန်ဒတ်တာနယ်ပယ်အပေါ် အမေရိကန်ပြည်ထောင်စုရဲ့ ပိတ်‌ဆို့မှုအသစ်တွေဟာ အတော်လေးထိရောက်မှုရှိတယ်လို့သက်သေပြနေပါတယ်။ ပြီးခဲ့တဲ့အပတ်က ကုန်သွယ်ရေးဌာနရဲ့ စက်မှုနှင့်လုံခြုံရေးဗျူရို (BIS)ဟာ အောက်တိုဘာလ ၁၂ရက်မှာအသက်ဝင်မယ့် တရုတ်နိုင်ငံမှာရှိတဲ့ဆီမီးကွန်ဒတ်တာထုတ်လုပ်ရေးစက်ပစ္စည်းတွေအတွက် လိုင်စင်လိုအပ်ချက်အသစ်တွေပါဝင်တဲ့ပို့ကုန်စည်းမျဉ်းအသစ်တွေကိုထုတ်ပြန်ခဲ့ပါတယ်။

ပို့ကုန်စည်းမျဉ်းအရ အမေရိကန်ကုမ္ပဏီတွေဟာ 14nm၊ 16nm သို့ ပိုမိုသေးငယ်တဲ့ nodeတွေ၊ DRAM IC တွေမှာဆိုရင် 18nm သို့ ပိုမိုသေးငယ်တဲ့ node တွေနဲ့ ၁၂၈လွှာ သို့ ဒီထက်ပိုများတဲ့ 3D NAND ချစ်ပ်တွေဖန်တီးနိုင်တဲ့ ကရိယာတွေအတွက် ကုန်သွယ်ရေးဌာနရဲ့ လိုင်စင်တစ်ခုကို မဖြစ်မနေရယူထားရမှာပါ။ တရုတ်နိုင်ငံကပိုင်ဆိုင်တဲ့ ချစ်ပ်စက်ရုံတွေအတွက် လိုင်စင်လျှောက်ထားတဲ့အခါ ငြင်းပယ်တာခံရနိုင်ပြီး နိုင်ငံစုံကော်ကိုရေးရှင်းတွေကိုင်ဆောင်ထားတဲ့လိုင်စင်တွေကတော့ ကိစ္စရပ်အလိုက်ဆုံးဖြတ်ပါိလိမ့်မယ်။

အမေရိကန်အခြေစိုက် Applied Materials၊ KLA နဲ့ Lam Research တို့ဟာ ဒီအပတ်ထဲမှာ Semiconductor Manufacturing International Corp.(SMIC) နဲ့ Yangtze Memory (YMTC) အပါအဝင် တရုတ်နိုင်ငံကဖောက်သည်တွေအတွက် သက်ဆိုင်ရာ ကရိယာတွေထောက်ပံ့ခြင်းကိုရပ်ဆိုင်းလိုက်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ကမ္ဘာ့ဆီးမီးကွန်ဒတ်တာထုတ်လုပ်ရေးကဏ္ဍကို ဒေါ်လာဘီလီရာနဲ့ချီလျော့ကျစေခဲ့ပြီး Applied Materials၊ KLA နဲ့ Lam Research တို့ရဲ့စီးပွားရေးကို ဘယ်လောက်အထိသက်ရောက်လာမလဲဆိုတာစောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ဒါဟာ အမေရိကန်ပြည်ထောင်စုအနေနဲ့ တရုတ်နိုင်ငံရဲ့ ဆီးမီးကွန်ဒတ်တာထုတ်လုပ်မှုကို ရက်ပိုင်းအတွင်းနှိမ်နင်းနိုင်စွမ်းရှိပုံကိုပြသနေတာပဲဖြစ်ပါတယ်။

Source: Tom's Hardware

#EnThueTech
#News
#Semiconductors


Related Posts

တရုတ်နိုင်ငံအနေဖြင့် အဆင့်မြင့်ချစ်ပ်များ လက်လှမ်းမှီခြင်းမရှိစေရန် အမေရိကန်မှထပ်မံပိတ်ဆို့ဖွယ်ရှိ (enthuetech.blogspot.com)







 

Post a Comment

0 Comments