VESA ဟာ DisplayPort 2.1 ရဲ့ Specification ကိုပြုပြင်ပြောင်းလဲလိုက်ကြောင်းကြေညာခဲ့ပြီး ယခင်မျိုးဆက်တွေအနေနဲ့ဆက်လက်အသုံးပြုနိုင်ကာ ယခင်version တွေအပေါ်လွမ်းမိုးပယ်ဖျက်လိုက်ပါတယ်။ အမြင့်ဆုံးမြန်နှုန်းတွေကိုထောက်ပံ့မှုဟာအတူတူဆိုပေမယ့် စံနစ်အသစ်မှာ တိုးတက်ပြောင်းလဲမှုတွေနဲ့ ပိုပြီးတိကျတဲ့cable လိုအပ်ချက်တွေထည့်သွင်းလာပါတယ်။
VESA အနေနဲ့ကုမ္ပဏီတွေနဲ့ပူးပေါင်းကာ DisplayPort 2.0 နဲ့ကိုက်ညီတဲ့ကုန်ပစ္စည်းတွေဟာ ပိုမိုသစ်လွင်ကာ အသေးစိတ်အချက်အလက်တွေ ပိုမိုလိုအပ်လာပါတယ်။ ဒီအထဲမှာ cable တွေ၊ docking station chip တွေ၊ monitor scaler chip တွေ၊ PHY repeater chip တွေနဲ့ Intel ARC နဲ့ AMD 6000 series mobile CPU တွေလို integrated graphics တွေလည်းပါဝင်လာပါတယ်။
![]() |
Source: VESA |
DisplayPort 2.1 ဟာ USB4 လို တူညီတဲ့ physical layer (PHY) specification တွေပါဝင်လာပြီး USB4 အပေါ်မှာ DisplayPort အနေနဲ့အသုံးပြုတဲ့အခါပိုမိုထိရောက်စေဖို့ bandwidth management စနစ်အသစ်လည်းထပ်မံထည့်သွင်းလာပါတယ်။ နောက်ဆုံးထွက် DP ဟာ VESA ရဲ့ Display Stream Compression(DSC) codec နဲ့ Panel Replay ကိုပါ အထောက်အပံ့ပေးတာပါတယ်။
DSC bitstream အထောက်အပံ့ဟာ အမြင်အရ losses ကိုထိန်းသိမ်းထားချိန်မှာ DP transport bandwidth ကို ၆၇%လျော့ချပေးနိုင်ပါတယ်။ Panel Displayကတော့ ငြိမ်သက်နေတဲ့ပုံရိပ်တွေမှာ DP tunneling အသုံပြုတဲ့ bandwidth ကို ၉၉%ကျော်အထိလျော့ချပေးနိုင်ပါတယ်။ ဒီလိုတိုးတက်လာမှုဟာ DisplayPort tunneling လုပ်နေချိန်မှာတောင် USB4 ကတဆင့် အချက်အလက်တွေကိုမြန်နှုန်းမြင့်စွာကူးပြောင်းနိုင်ပါတယ်။
VESA ဟာ Mini DP connector အပါအဝင် DisplayPort cable တွေကိုလည်းအပြောင်းအလဲပြုလုပ်လိုက်ပါတယ်။ 40Gbps အထိရတဲ့ passive DP cable တွေဟာ အခုဆိုရင် အရှည်၂မီတာထက် ကျော်လွန်ပြီး အထောက်အပံ့ပေးလာပြီဖြစ်ပါတယ်။ 80Gbps အထိအများဆုံးအထောက်အပံ့ပေးတဲ့ passive DP cable တွေက ၁မီတာထက်ပိုမိုရှည်လျားလာပြီဖြစ်ပါတယ်။
လက်ရှိမှာ DP 2.1 ကိုအထောက်အပံ့ပေးမယ့် AMD ရဲ့ Radeon RX 7000 GPUတွေဟာ လာမယ့် အပတ်တွေထဲထွက်ရှိလာမယ်လို့ကောလာဟလတွေထွက်ပေါ်နေပါတယ်။ နှိုင်းယှဉ်ပြောရမယ်ဆိုရင် Nvidia ရဲ့ GeForce RTX 4000 GPU တွေဟာ DP 1.4a ကိုသာအထောက်အပံ့ပေးထားပြီး နောက်ဆုံးပေါ် spec ကိုအထောက်အပံ့ ပေးမယ့် gaming monitor တွေအနာဂတ်မှာထွက်ပေါ်လာဖို့ဝေးကွာနေသေးတယ်လို့ ကုမ္ပဏီကဆိုပါတယ်။
Source: TechSpot
#EnThueTech
#News
0 Comments