Subscribe Us

header ads

PlayStation ရှိနေသမျှ Call of Duty ရှိနေမှာဖြစ်ကြောင်း Microsoft ဆို


YouTuber တွေဖြစ်တဲ့ Justine နဲ့ Jenna Ezarik တို့နဲ့ Same Brain YouTube channel မှာ ပြုလုပ်ခဲ့တဲ့ podcast မှာ Phil Spencer ကို Microsoft အနေနဲ့ Activision Blizzard ကိုဝယ်ယူမှုက PlayStation ပေါ်မှာ အချို့ဂိမ်းတွေမမြင်ရတော့တာဖြစ်လာနိုင်မလားဆိုပြီးမေးမြန်းခဲ့ပါတယ်။


မိမိတို့အနေနဲ့ Call of Duty ဂိမ်းကို PlayStation ကနေဖယ်ရှားမှာမဟုတ်ပါဘူး။ သင့်အနေနဲ့ ဒီလိုတည့်တည့်မမေးဘူးဆိုတာသိပါတယ် ဒါပေမယ့် မိမိတို့အနေနဲ့ ဒီလိုလုပ်ဖို့စိတ်ကူးမရှိပါဘူး။ အရင်က Minecraftကိုဝယ်ယူတုန်းကလိုမျိုး PlayStation ထွက်နေသမျှ Call of Duty တွေလည်း PlayStation မှာထွက်ရှိပေးနေမှာပါ။

မိမိတို့အနေနဲ့ Minecraft ကစားနိုင်တဲ့ နေရာတွေကိုလျော့ချလိုက်ခြင်းမရှိပဲ ပိုသာတိုးချဲ့ခဲ့ပြီး ဒါကကောင်းပါတယ်။ မိမိအမြင်အရ ဒါဟာ Minecraft community အတွက်အတော်လေးကောင်းပြီး Call of Duty ကိုလည်း အရင်လိုနှစ်နဲ့ချီပြီးထုတ်သွားပေးလိုပါတယ်။

ပြီးခဲ့တဲ့အပတ်က The Verge ကတင်ထားတဲ့ Wall Street Journal ရဲ့ နည်းပညာညီလာခံမှာလည်း Phil Spencerက Call of Duty ကို Switch အတွက်ထုတ်ပေးဖို့ရှိပြီး Minecraft လို အခြားပလက်ဖောင်းတွေမှာ ဆက်လက်တည်ရှိနေမယ့်အကြောင်း အရိပ်အမွက်ဆိုခဲ့ပါတယ်။



ဒီနှစ်အစောပိုင်းမှာ Phil Spencer က Microsoft ဟာ PlayStation အတွက် Modern Warfare 2 အပြင်နောက်ထပ်ဂိမ်း၂ခုအတွက် Sony နဲ့ ချူပ်ဆိုထားတဲ့သဘောတူညီချက်အပြင် Call of Duty ကို နှစ်အတန်ကြာရှိစေဖို့ ကတိခံထားတယ်လို့ပြောကြားခဲ့ပါတယ်။ PlayStation CEO Jim Ryan ကတော့ သိပ်သ‌ဘောကျပုံမရပဲ အဆင့်တွေအများကြီးကျန်သေးတယ်လို့ဆိုပါတယ်။

Activision Blizzard ဂိမ်းပေါ်မှာထားရှိတဲ့ Microsoft ရဲ့ရည်ရွယ်ချက်တွေဟာ ဒီဝယ်ယူမှုအပေါ်အကဲဖြတ်နေကြတဲ့ ဥပဒေပညာရှင်တွေအတွက် အတားအဆီးတစ်ခုဖြစ်နေပါတယ်။ ယူကေရဲ့ ပြိုင်ဆိုင်မှုထိန်းညှိပေးတဲ့ CMA ဟာ Microsoft အနေနဲ့ ဝယ်ယူမှုပြီးဆုံးသွားတဲ့အခါမှာ Activision Blizzard ဂိမ်းတွေကို လျော့ချခြင်း သို့ ဖယ်ရှားခြင်းပြုမှာကိုစိုးရိမ်နေကြပါတယ်။

Microsoft အနေနဲ့ Sony ဟာ Call of Duty ဂိမ်းစီးရီးရဲ့အရေးပါမှုကို ချဲ့ကားပြောဆိုနေပြီး franchise တစ်ခုလောက်ဆုံးရှုံးမှုဟာ ဂျပန်ကုမ္ပဏီရဲ့ လွှမ်းမိုးနိုင်စွမ်းကိုစိန်ခေါ်နိုင်မှာမဟုတ်ကြောင်း ကြီးကြပ်ရေးအဖွဲ့တွေကိုပြောဆိုခဲ့ပါတယ်။ Call of Duty ကို Game Pass မှာထည့်သွင်းထားခြင်းဟာ Xbox ဂိမ်းစက်ရောင်းအားကိုတိုးတက်လာစေမယ်လို့အာမမခံနိုင်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ Call of Duty ဂိမ်းကို Xbox/PC အတွက် သီးသန့်ပြုလုပ်လိုက်မယ်‌ဆိုရင် ဝင်ငွေဘယ်လောက်ထိခိုက်သွားနိုင်မလဲဆိုတာကို စိုးရိမ်နေပါတယ်။

Spencer အနေနဲ့ Microsoft ရဲ့ ရည်ရွယ်ချက်တွေနဲ့ပတ်သက်ပြီး သံသယအချို့ချန်ထားခဲ့ဟန်ပေါ်ပါတယ် ဒါပေမယ့် သူ့အနေနဲ့ ကတိချိုးဖျက်တဲ့ အမှုဆောင်တစ်ယောက်တော့ဖြစ်လာမှာမဟုတ်ပါဘူး။ ဝယ်ယူမှုကိုအတည်ပြုပြီးတဲ့အခါ Microsoft ဟာ Activision Blizzard ကို ကုမ္ပဏီရဲ့ ဘဏ္ဍာရေးနှစ်အကုန်ဖြစ်တဲ့ ၂၀၂၃ခုနှစ် ဇွန်လမှာ တရားဝင်ဝယ်ယူပါလိမ့်မယ်။

Source: TechSpot
https://t.me/EnThueTech

#EnThueTech
#News
#Gaming

Post a Comment

0 Comments