![]() |
Image: AMD |
AMD သူတို့ရဲ့ Navi 31. RDNA 3 GPU တွေရဲ့ စွမ်းဆောင်ရည်ကို လွယ်လွယ်ကူကူတိုးမြှင့်ဖို့ရာ 3D V-Cache နည်းပညာကိုအသုံးပြုလာနိုင်တယ်လို့ ဆီမီးကွန်ဒတ်တာအင်ဂျင်နီယာဖြစ်သူ Tom Wassick ကဆိုပါတယ်။ Wassick ဟာ RX 7900 XT ရဲ့ die ကို infrared imaging နဲ့ ကြည့်ရှုရာမှာ Zen 3 နဲ့ Zen 4 တုန်းကလို 3D V-Cache connection တွေကို MCD die ပေါ်မှာတွေ့ရတယ်လို့ဆိုပါတယ်။ ဒီယူဆချက်သာမှန်ခဲ့မယ်ဆိုရင် MCD ရဲ့ L3 Cache ကို 16MB ကနေတိုးမြှင့်လာနိုင်သလို GPU တစ်ခုလုံးရဲ့ infinity cache ကိုပါတိုးမြှင့်လာနိုင်ပါတယ်။ cache ပိုများလာခြင်းဟာ cache sensitive အလုပ်တွေမှာ ပိုနှေးကွေးတဲ့ GDDR6 ကိုသွားရမယ့် လမ်းကြောင်းပိုတိုတောင်းစေတာမို့ စွမ်းဆောင်ရည်မြင့်တက်လာစေပါတယ်။
![]() |
Image: AMD via Techpowerup |
ဒီလိုပုံစံကိုယခင် RX 6000 series RDNA 2 GPU တွေမှာတုန်းက သုံးခဲ့ပြီး ပိုနှေးတဲ့ GDDR6 memory ကိုသာသုံးထားပေမယ့် ပါဝါပိုစားတဲ့ Nvidia RTX 30 Series GPU တွေကိုယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ 3D V-Cache ကို GPU မှာသုံးတဲ့အခါဘာတွေဖြစ်လာမလဲဆိုတာမသိနိုင်သေးသလို ဘယ်လို application တွေအတွက်အသုံးဝင်မလဲဆိုတာမသိနိုင်ပါဘူး။ နောက်ထပ်ကြုံရနိုင်တာတစ်ချက်က die ပေါ်က ကြီးမားတဲ့ cache ကြောင့် X3D CPU လိုအပူစွန့်ထုတ်မှုအားနည်းသွားနိုင်ပြီး clock speed ကိုလျော့ချရတာမျိုးလည်းဖြစ်နိုင်ပါတယ်။
ဒါပေမယ့် AMD ရဲ့ ခြေလှမ်းကဘယ်လိုရှိမလဲဆိုတာကို ဆက်လက်စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။
Source: Tom's Hardware
#EnThueTech
#News
#GPU
0 Comments