Subscribe Us

header ads

Apple မှ M2 Pro နှင့် M2 Max SoC များကို ကြေညာ

Image: Apple

M2 Pro နဲ့ M2 Max အခြေခံထုတ်ကုန်တွေထွက်ရှိဖို့နှောင့်နှေးမယ်လို့ သတင်းတွေထွက်ပေါ်နေလင့်ကစား Apple ဟာ မနေ့က SoC အသစ်တွေသုံးထားတဲ့ MacBook Pro တွေနဲ့ Mac Mini တွေကိုကြေညာလိုက်ပါတယ်။ M2 Pro နဲ့ M2 Max တို့ဟာ မနှစ်ကကြေညာခဲ့တဲ့ MacBook Air မှာတပ်ဆင်ထားတဲ့ M2 ထက် စွမ်းဆောင်ရည်ပိုကောင်းတဲ့ version တွေဖြစ်ပါတယ်။

M2 Pro

Apple ရဲ့ ဖြေရှင်းချက်မှာ M2 ကို အဆင့်မြှင့်ထားတဲ့ M2 Pro မှာ CPU Core ၁၀ခု သို့ ၁၂ခု နဲ့ GPU Core ၁၉ခုအထိပါဝင်မှာပါ။ Core ၁၂ခုပါတဲ့ version မှာဆိုရင် performance core ၈ခုနဲ့ efficiency core ၄ခုပါဝင်ပါတယ်။ Core ၁၂ခုပါတဲ့ M2 Pro ဟာ Core ၁၀ခုပါတဲ့ M1 Pro ထက် multi thread app တွေမှာ ၂၀%ပိုမြန်တယ်လို့ Apple ကဆိုပါတယ်။ M2 Pro ရဲ့ GPU ကလည်း M1 Proထက် ၂၀% အထိပိုမြန်တယ်လို့ဆိုပါတယ်။

Image: Apple


တကယ့်ပြင်ပအခြေအနေမှာဆိုရင် M2 Pro အနေနဲ့ Xcode မှာ compile လုပ်ရင် M1 Pro ထက် ၂၅% ပိုမြန်တယ်လို့ Apple ကဆိုပါတယ်။ Intel i9 CPU တက်ဆင်ထားတဲ့ မျိုးဆက်ဟောင်း ၁၆လက်မ MacBook Pro ထက် ၂.၅ဆပိုမြန်တယ်လို့ဆိုပါတယ်။ နောက်ထပ် Photoshop မှာ ဓာတ်ပုံပြင်ရာမှာလည်း M1 Pro ထက် ၄၀%ပိုမြန်ပြီး Core i9 version ထက် ၈၀% ပိုမြန်တယ်လို့ဆိုပါတယ်။

M2 Max

M2 Max ကတော့ flagship SoC ဖြစ်ပြီး M2 Pro လို CPU Core ၁၂ခုခြင်းတူပေမယ့် GPU Core ၃၈ခုအထိပါဝင်ပါတယ်။ unified memory ကို ပိုကောင်းအောင် 400 GB/s အထိ၂ဆတိုးထားပါသေးတယ်။ graphics စွမ်းဆောင်ရည်က M1 Max ထက် ၃၀% ပိုမြန်ပါတယ်။ M2 Pro မှာ memory ကို 32GB အထိသာအများဆုံးတိုးထားပေမယ့် M2 Max မှာ 96GB အထိတပ်ဆင်နိုင်ပါတယ်။

Image: Apple

M2 Pro နဲ့ M2 Max တွေဟာ 5nm process node နဲ့ဖန်တီးထားပြီး ထရန်စ္စတာပေါင်း ၄၀ဘီလီယံနဲ့ ၆၇ဘီလီယံအသီးသီးပါဝင်ပါတယ်။ ၂မျိုးစလုံးမှာ 16 trillion operations per second ရတဲ့ 16 Core Neural Engine ပါဝင်ပါတယ်။ အခြား feature တွေက ပိုမိုကောင်းမွန်အောင်ဖန်တီးထားတဲ့ Secure Enclave လုံခြုံရေးပ‌လက်ဖောင်းနဲ့ ကြီးမားတဲ့ media engine တွေပဲဖြစ်ပါတယ်။

M2 Pro ကို အသစ်ထွက်ရှိလာတဲ့ Mac Mini၊ ၁၄လက်မ MacBook Pro နဲ့ ၁၆လက်မ MacBook Pro တို့မှာရရှိနိုင်ပါတယ်။ M2 Max ကတော့ MacBook Pro အသစ်တွေမှာသာရနိုင်ပါတယ်။ M2 Pro နဲ့ M2 Max တွေတပ်ဆင်ထားတဲ့ Mac တွေကို ဇန်နဝါရီလ ၂၄ရက်နေ့ကစပြီး ရောင်းချသွားမှာဖြစ်ပါတယ်။

Source: Tom's Hardware and Apple

#EnThueTech
#News
#Apple

Post a Comment

0 Comments