Asrock ရဲ့ ကနဦးနေ့ရက်တွေကို တွေကိုပြန်လည်အမှတ်ရမိမယ်ဆိုရင် ပုံမှန်မဟုတ်တဲ့ motherboard တွေကိုထုတ်လုပ်ခဲ့တယ်ဆိုတာ ပြန်လည်သတိရဖွယ်ပါပဲ။ နောက်ပိုင်းမှာ Asrock ဟာ ပုံမှန် mainstream motherboard ထုတ်လုပ်သူဖြစ်လာခဲ့ပေမယ့် အခုဆိုရင် X670 Xpansion Kit နဲ့ ယခင်တုန်းကခြေလှမ်းတွေကိုပြန်လှမ်းလာသလိုပါပဲ။ လက်ရှိမှာ ဒီ expansion card ဟာ B650 LiveMixer motherboard နဲ့အလုပ်လုပ်နေတာတွေ့ရပြီး အခြားဘုတ်တွေနဲ့ကိုက်ညီမှုရှိမရှိမသိရသေးပါဘူး။ ဒီကတ်ဟာ Asrock motherboard တွေနဲ့ အလုပ်လုပ်မယ်လို့ယူဆရပြီး x4. PCIe slot သာလိုအပ်သလို I2C နဲ့ SPI တို့လို low speed IO တွေအတွက် custom cable တစ်ခုလည်းပါဝင်ပါတယ်။
X670 Xpansion Kit လို့နာမည်ပေးထားတဲ့အတိုင်း ဒီကတ်ဟာ B650 motherboard တွေကို X670 motherboard လိုဖြစ်အောင်လုပ်ပေးနိုင်ပါတယ်။ ဒီကတ်မှာ ဒုတိယ chipset ပါဝင်ပြီး PCIE 4.0 NVMe SSD တွေအတွက် M2 slot ၂ခုပါဝင်လာပါတယ်။ ဒါ့အပြင် SATA port ၂ခု၊ 10 Gbps USB Type-C တစ်ခုနဲ့ 10 Gbps Ethernet လည်းပါဝင်ပါတယ်။ ဒီပစ္စည်းဟာ Level1Tech ကိုအထောက်အပံ့ပေးတာမို့ engineer unit လားဆိုတာမဖြစ်နိုင်သလို ဈေးကွက်မှာအမှန်တကယ်ရောင်းချမယ့်ထုတ်ကုန်တစ်ခုဖြစ်မလားဆိုတာမရှင်းလင်းပါဘူး။
Source: Techpowerup
0 Comments