Blizzard ဟာ NetEase ရဲ့ မိတ်ဖက်အဖြစ် သက်တမ်းတိုးနိုင်ခဲ့ခြင်းမရှိတာကြောင့် ဒီနေ့မှာ တရုတ်နိုင်ငံမှာရှိတဲ့ ဝန်ဆောင်မှုတွေကို ရပ်ဆိုင်းတော့မယ်လို့ဆိုပါတယ်။ Blizzardရဲ့ တရုတ်နိုင်ငံဈေးကွက်အတွက် တရုတ်ကုမ္ပဏီ NetEase က ဒေသတွင်းစည်းမျဉ်းစည်းကမ်းလိုက်နာမှု၊ ဆာဗာအထားအသိုနဲ့ ငွေပေးချေမှုလက်ခံဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ NetEase CEO ဖြစ်သူ William Ding က မိတ်ဖက်အဖြစ်သက်တမ်းမတိုးနိင်ခဲ့ရတာဟာ အဓိကအချက်တွေမှာ ပါဝင်မှုကွဲပြားတာကြောင့်လို့ဆိုပါတယ်။ ဒါကြောင့် တရုတ်နိုင်ငံက ဂိမ်းကစားသူတွေအနေနဲ့ MMORPG ဂိမ်းအမျိုးအစားဖြစ်တဲ့ World of Warcraft၊ StarCraft နဲ့ အခြားနာမည်ကျော်ဂိမ်းတွေကို ဆော့ကစားနိုင်တော့မှာမဟုတ်ပါဘူး။ ပြီးခဲ့တဲ့ဆယ်စုနှစ်၂ခုအတွင်း တရုတ်နိုင်ငံရဲ့ ပြည်တွင်းဂိမ်းလုပ်ငန်းဟာ အပြောင်းအလဲများစွာဖြစ်ခဲ့ပြီး ဒါဇင်ချီတဲ့နာမည်ကျော်ဂိမ်းစတူဒီယိုတွေမှာ ကိုယ်ပိုင် MMORPG ဂိမ်းတွေရှိနေကြတာဖြစ်ပါတယ်။
Source: Techpowerup
#EnThueTech
#News
#Gaming
#Regional
0 Comments