Subscribe Us

header ads

CAMM (သို့မဟုတ်) အနာဂတ်၏ laptop memory များ

Image: PC World

Laptop တွေအတွက် မျိုးဆက်သစ် memory အတည်ပြုဖို့နီးကပ်လာပါပြီ။ CAMM (သို့မဟုတ်) Compression Attached Memory Module လို့ခေါ်ဆိုတဲ့ ဒီ memoryဟာ လက်ရှိ form factor ဖြစ်တဲ့ SO-DIMM နေရာကို အစောဆုံးနောက်နှစ်မှာအစားထိုးလာမယ့် memory form factor အသစ်ဖြစ်ကာ စွမ်းဆောင်ရည်ပိုကောင်းသလို အရွယ်အစားပါသေးငယ်လာပါတယ်။

ကပ်သပ်ပြောရရင် CAMM memory module တွေဟာ လက်ရှိမှာရရှိနေပါပြီ။ Dell ဟာ ဒီ memory form factor ဦးစွာအသုံးချသူဖြစ်ပြီး အချို့သော Precision workstation laptop တွေဟာ CAMM module တွေနဲ့ရနိုင်ပါတယ်။

Image: PC World


ဘယ်လိုပဲဖြစ်ဖြစ် အဆိုပါ module တွေဟာ Dell အတွက်သီးသန့်ထုတ်ထားတဲ့ CAMM ဖြစ်တယ်လို့ဆိုပါတယ်။ CAMM ရဲ့ အသေးစိတ်အချက်အလက်တွေကို memory စံနှုန်းဆိုင်ရာအဖွဲ့အစည်းဖြစ်တဲ့ JEDEC ကအတည်ပြုပေးနေပြီး ဒီနှစ်မှာ အသေးစိတ်အချက်အလက်‌တွေနောက်ဆုံးထွက်မှာဖြစ်ကာ CAMM သုံးထားတဲ့ laptop တွေက ၂၀၂၄ခုနှစ်လောက်မှာ ထွက်ရှိလာလိမ့်မယ်လို့ PC World ကို Dell ကပြောကြားခဲ့ပါတယ်။

Image: Dell

CAMM ရဲ့ Compression Attached ဆိုတဲ့စကားရပ်ဟာ SO-DIMM တွေလို slot မှာတပ်ဆင်ရတာနဲ့ကွဲပြားတာကို‌ဖော်ပြတာပါ။ အသေးစိတ်ကို video မှာကြည့်နိုင်ပါတယ်။



SO-DIMMS တွေထွက်ပေါ်ခဲ့တာ ၂၅နှစ်ဝန်းကျင်လောက်ရှိပြီဖြစ်ပြီး အလွန်ကိုအောင်မြင်ခဲ့ကာ module တွေကိုထပ်ထားလို့တာမို့ နေရာကုန်သက်သာပါတယ်။ CAMM ကတော့ အလွှာများစွာရှိတဲ့ SO-DIMMS အစား အလွှာတစ်ခုသာရှိတာမို့ အင်မတန်ပါးလွှာပါတယ်။

သတိပြုစရာက CAMM memory ကိုအသုံးပြုခြင်းက laptopထုတ်လုပ်သူတွေအနေနဲ့ ဈေးသက်သာအောင် SO-DIMM တစ်ခုထဲထည့်ပေးတာမျိုးကြောင့် single channel သာရရှိမှာမို့ ဂိမ်းအတွက်မသင့်တော်တာမျိုးကနေကာကွယ်ပေး‌နိုင်တာပါ။ CAMM memory နဲ့ဆိုရင် module တစ်ခုတည်းကနေ muti-channel memory ကိုသုံးနိုင်မှာပါ။

နောက်ထပ် CAMM memory ရဲ့ အဓိကအားသာချက်က စွမ်း‌ဆောင်ရည်ဖြစ်ပါတယ်။ SO-DIMM တွေမှာ အမြင့်ဆုံး DDR5-6400MHz သာရရှိချိန်မှာ CAMM module တွေက အဆိုပါအမြန်နှုန်းလောက်ကနေစတင်ရရှိနိုင်ပါတယ်။

နောက်ထပ်အရေးကြီးတဲ့ မေးခွန်းတစ်ခုက CAMM moduleအနေနဲ့ laptop ထုတ်လုပ်သူတွေအနေနဲ့ memory ကို upgrade လုပ်မရအောင် အသေတပ်တာမလုပ်ဖို့တွန်းအားပေးမှာလားဆိုတာပါ။ laptop ထုတ်လုပ်သူတွေအနေနဲ့ စက်ကိုပါးလွှာအောင်ဖန်တီးရာမှာ memory ကိုအသပ်တပ်ဆင်လေ့ရှိတာမို့ CAMM အနေနဲ့ ကွဲပြားမှုကိုဖန်တီးပေးစေမှာပါ။

Image: Dell
CAMM Module 16GB (upper left) to 32GB (bottom left) and 128GB (upper right) and 64GB (lower right)


ဘယ်လိုပဲဖြစ်ဖြစ် bolt နဲ့တပ်ဆင်ရတဲ့ moduleထက် အသေတပ်ဆင်တာက အမြဲဈေးသက်သာနေမှာပါ။ အသေတပ်ဆင်ထားရတဲ့ memory ကိုရွေးချယ်ရတာဟာ ကုန်ကျစရိတ်က အဓိကအကြောင်းရင်းမို့ CAMM နည်းပညာက အကူအညီဖြစ်လာဖို့က သံသယဖြစ်ဖွယ်ပါပဲ။

Source: PC Gamer and PCWorld

#EnThueTech
#News
#Memory

Post a Comment

0 Comments