Subscribe Us

header ads

Google Search တွင် ChatGPT ကဲ့သို့ စွမ်းရည်ထည့်သွင်းလာမည်

Image: Nicholas Sutrich / Future

  • Google ကိုတည်ထောင်သူတွေနဲ့ ကုမ္ပဏီအရာရှိကြီးတွေဟာ မကြာသေးခင်က တွေ့ဆုံကာ OpenAI ရဲ့ ChatGPT နဲ့ AI အကြောင်း ဆွေးနွေးသွားခဲ့ပါတယ်။
  • ChatGPT ပေါ်ပေါက်လာခြင်းဟာ Google ရဲ့ အစီအစဉ်ကိုပြောင်းလဲခဲ့ရပြီး ဝန်ဆောင်ပေးရာမှာ AI ကိုပိုမိုထည့်သွင်းဖို့ရာ ဖြစ်လာစေပါတယ်။
  • အစည်းအဝေးမှာ Google Search Engine မှာ chatbot ထည့်သွင်းဖို့သဘောတူညီမှုရရှိခဲ့တယ်လို့ New York Times ကဆိုပါတယ်။
Google ကိုတည်ထောင်သူဖြစ်ကြတဲ့ Larry Page၊ Sergey Brin နဲ့ ကုမ္ပဏီအရာရှိကြီးတွေဟာ နာမည်ကျော် chatbot ဖြစ်တဲ့ ChatGPT အကြောင်းဆွေးနွေးဖို့ တွေ့ဆုံခဲ့ကြပါတယ်။ New York Times ကအစီရင်ခံတဲ့သတင်းမှာ OpenAI ရဲ့ chatbot ဟာ Google ရဲ့ အတွင်းစည်းကိုဘယ်လောက်အထိလှုပ်ခပ်သွားခဲ့သလဲဆိုတာကို တင်ပြထားပါတယ်။

Google ရဲ့ CEO ဖြစ်သူ Sundar Pichai ဟာ Larry Page နဲ့ Sergey Brin တို့ကို AI အကြောင်းပြောကြားဖို့ ဖိတ်ကြားခဲ့တယ်လို့ New York Times ကရှင်းပြထားပါတယ်။ ဒီတည်ထောင်သူနှစ်ဦးဟာ Google ကနေ၂၀၁၉ခုနှစ်ကတည်းက အနားယူထားပြီး မိခင်ကုမ္ပဏီ Alphabet ရဲ့ 'အခြား Bet' လုပ်ငန်း‌များကိုသာစောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။

တည်ထောင်သူ၂ဦးဟာ Chatbot ရဲ့ feature ‌တွေကို Google ရဲ့ search engine မှာ အသုံးပြုသွားဖို့နဲ့ ကုမ္ပဏီရဲ့လက်ရှိဦးဆောင်အကြောင်းကို အကြံဉာဏ်မျှဝေပေးခဲ့ပါတယ်။

အသိဉာဏ်တုလို့ဆိုတဲ့ Artificial Intelligence ဟာ အသစ်အဆန်းမဟုတ်ပေမယ့် ChatGPT ပေါ်ထွန်း ကျော်ကြားလာခြင်းဟာ နယ်ပယ်တစ်ဝှမ်းလုံးကိုရိုက်ခတ်လာပါတယ်။ Microsoft ဟာ OpenAI ကို ၂၀၁၉ခုနှစ်‌မှာ ဒေါ်လာ ၁ဘီလီယံ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ဘယ်လိုအစီအစဉ်တွေရှိလာမလဲဆိုတာ မရှင်းလင်းပေမယ့် Microsoft ဟာ OpenAI ရဲ့ ရှယ်ယာ ၄၉%ကို ဒေါ်လာ ၁၀ဘီလီယံနဲ့ဝယ်ယူသွားနိုင်တယ်လို့ အစီရင်ခံစာတွေကဆိုပါတယ်။

ChatGPT က ဘာကြောင့် Google ကို စိုးရိမ်ရစေသလဲဆိုတာ ဒီ screenshot မှာကြည့်နိုင်ပါတယ်


ChatGPT နဲ့ အခြား AI tool တွေဟာ အန္တရာယ်အတော်ကြီးပါတယ်။ သူတို့မှာ ဘက်လိုက်ဖော်ပြတာတွေ၊ အလိမ်ခံရတာတွေရှိနိုင်သလို သူတို့ရဲ့တန်ဖိုးဟာ သူတို့ရရှိထားတဲ့ မူရင်းအချက်အလက်အပေါ်လည်း မူတည်နေတာဖြစ်ပါတယ်။ သူတို့အတွက် လူသားတွေကိုခန့်အပ်ထိန်းကြောင်းပေးဖို့ရာလိုအပ်ပါတယ်။ ဒီလိုအရာတွေကြောင့် search engine တွေမှာ AI ထည့်သွင်းလာတာဟာ ကျိုးကြောင်းစီလျော်တဲ့ စိုးရိမ်ပူပန်မှုတွေဖြစ်လာစေပါတယ်။ ဒီအချက်တွေကိုဖြေရှင်းနိုင်ခဲ့မယ်ဆိုရင် ChatGPT ဟာ Microsoft Bing ကိုပြန်လည်အားကောင်းလာစေမှာပါ။

ChatGPT က ဘာကြောင့် Google ကို စိုးရိမ်ရစေသလဲဆိုတာ ဒီ screenshot မှာကြည့်နိုင်ပါတယ်

Microsoft ဟာ Office နဲ့ Bing ၂ခုလုံးမှာ ChatGPT ကိုထည့်သွင်းဖို့ အစီအစဉ်တွေရှိနေတယ်လို့ဆိုပါတယ်။ Microsoft ရဲ့ CEO ဖြစ်သူ Stay Nadella အနေနဲ့ နောင်တစ်ချိန် Microsoft ထုတ်ကုန်အားလုံးထဲမှာ AI ကိုထည့်သွင်းတည်‌ဆောက်ပေးလာမယ်လို့ မကြာ‌ သေးခင်က ပြောဆိုထားခဲ့ဖူးပါတယ်။

ChatGPT ဟာ Google ကိုစိုးရိမ်ပူပန်မှုတွေရှိလာစေပြီး သူတို့ရဲ့ အစီအစဉ်တွေကိုပြောင်းလဲခဲ့ရပါတယ်။New York Times အဆိုအရ Google မှာ လက်ရှိ AI ထုတ်ကုန် ၂၀မျိုးလောက်ကိုဖန်တီးနေပြီး chatbot ပါတဲ့ search engine ကိုထုတ်ဝေလိုတယ်လို့ သိရပါတယ်။

ဒါဟာ Google ရဲ့ သိသာတဲ့အားနည်းချက်တစ်ခုဖြစ်တယ်လို့ Google ရဲ့ သုတေသနဒါရိုက်တာဟောင်း D. Sivakumar က New York Times ကိုပြောကြားပါတယ်။ "ChatGPT ဟာ ကြီးမားတဲ့အရွေ့တစ်ခုကိုဖြစ်ပေါ်စေခဲ့ကာ ဆွဲဆောင်မှုရှိတဲ့ ရှာဖွေမှုအတွေ့အကြုံဆိုတာဘယ်လိုမျိုးလဲဆိုတာပြသလိုက်တာဖြစ်တယ်"။

Google ရဲ့ ပြောရေးဆိုခွင့်ရှိသူ Lily Lin က "မိမိတို့အနေနဲ့ A.I နည်းပညာကို အထောက်အကူဖြစ်ကာ ဘေးကင်း‌ဖို့ ကုမ္ပဏီတွင်းမှာကြိုးပမ်းနေပြီး အတွေ့အကြုံတွေမကြာခင် ပင်ပကိုမျှဝေပေးဖို့ မျှော်လင့်ကြောင်း" New York Times ကိုပြောကြားခဲ့ပါတယ်။

Source: Windows Central

#EnThueTech
#News
#AI


Post a Comment

0 Comments