![]() |
Image: Alex Wong/Getty Images |
ဂိမ်းဖန်တီးတွေအတွက် Metaverse နဲ့ Blockchain တွေဟာ မနှစ်ကလောက်စိတ်ဝင်စားမှုမရှိတော့ကြောင်း Game Developer Conference ရဲ့ စစ်တမ်းကောက်ယူမှုတစ်ခုအရသိရပါတယ်။
GDC ဟာ ၂၀၂၃ခုနှစ် State of the Game Industry မှာ လုပ်သက် ၂နှစ်ကနေ ၂၀ အထိရှိတဲ့ ပရောဖက်ရှင်နယ်တွေကို စစ်တမ်းကောက်ယူမှုပြုလုပ်ခဲ့ပါတယ်။ကုမ္ပဏီ သို့ ပလက် ဖောင်းတွေကို Metaverse အကြောင်းမေးမြန်းရာမှာ ဂိမ်းရေးဆွဲသူတစ်ဝက်နီးပါး (၄၅%) ခန့်က metaverse concept ဟာ သူတို့ရဲ့ကတိကိုတည်နိုင်ဖို့မယုံကြည်ကြောင်းပြောဆိုခဲ့ပြီး အကြီးဆုံး metaverse ကုမ္ပဏီဖြစ်တဲ့ Meta ဟာ ဖြေကြားသူတွေရဲ့ထောက်ခံမှု ၇%ခန့်သာရရှိခဲ့ပါတယ်။ VentureBeat ရဲ့အစီရင်ခံစာတွေအရ metaverse အပေါ်မယုံကြည်သူတွေဟာ ၂၀၂၂ခုနှစ်ကထက် ၁၂% တိုးတက်လာတယ်လို့ဆိုပါတယ်။
Epic Games/ Fortnite ဟာ ၁၄%နဲ့ထောက်ခံမှုအများဆုံးရရှိခဲ့ပြီး Microsoft/Minecraft က Meta/Horizon လို ထောက်ခံမှု ၇%သာရရှိခဲ့ပါတယ်။
မေးခွန်းတွေကိုဖြေကြားချက်တွေအရ ဂိမ်းဖန်တီးသူတွေဟာ metaverse concept ကို ယုံကြည်မှုပျောက်ဆုံးရတဲ့အချက်များစွာရှိနေပြီး hardware တွေဈေးကြီးမြင့်မှုနဲ့ အပြန်အလှည်တုံ့ပြန်မှုကင်းမဲ့မှုတွေစတဲ့အချက်တွေပါဝင်ပါတယ်။
Blockchain နည်းပညာကို ဂိမ်းဖန်တီးရာမှာ အသုံးပြုခြင်းဟာလည်း ရေပန်းမစားလှပါဘူး။ ဂိမ်းရေးဆွဲသူ ၂၃% ခန့်ကသာ crypto ငွေကြေး၊ NFT နဲ့ Web3 တို့အပေါ်မှာ စိတ်ဝင်စားမှုအချို့ရှိကြောင်းပြသခဲ့ပါတယ်။ ဒါဟာ ၂၀၂၂ခုနှစ်ကထက် ၄% ပိုလျော့နည်းသွားတာဖြစ်ပါတယ်။
ဂိမ်းဖန်တီးသူတွေရဲ့ ၁၇%က Blockchain နည်းပညာအပေါ်ယုံကြည်မှုရှိပြီး ၆၁%ခန့်ကတော့ ငြင်းဆန်ကြပါတယ်။ ၂၅%ကတော့ သူတို့ရဲ့အမြင်တွေကိုမျှဝေခြင်းမရှိပါဘူး။ ၂%သော ဂိမ်းဖန်တီးသူတွေကသာ သူတို့ရဲ့ ပရောဂျက်တွေမှာ Blockchain နည်းပညာကို အသုံးပြုနေပြီဖြစ်တယ်လို့ဆိုပါတယ်။
Source: PCMag
#EnThueTech
#
0 Comments