![]() |
ဝါကျင့်ကျင့်ဖြစ်နေသည့် GPU memory Image: Iskandar Souza/Paulo Gomes |
Mining လုပ်ထားတဲ့ graphics card တွေကို အသစ်ပါဆိုပြီး လိမ်ရောင်းတာဟာ အခုမှမဟုတ်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုဇာတ်လမ်းတွေဖန်တီးလာတာနဲ့အမျှ miner တွေဟာ သူတို့ရဲ့ကတ်အဟောင်းတွေဘယ်လိုရောင်းချရမယ်ဆိုတာ ရှာကြံလျက်ရှိနေပါတယ်။
Paulo ဟာ graphics card အဟောင်းမှန်းဘယ်လိုသိသာရှာဖွေမလဲဆိုတဲ့အကြောင်းကို မျှဝေထားပါတယ်။ စတစ်ကာတွေ screw တွေမရှိတာဟာ ပထမဆုံးရှာဖွေရမှာဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချို့ကတ်တွေဟာ အသစ်ပုံစံနဲ့မျိုးဖြစ်အောင်လုပ်ထားနိုင်ပါတယ်(အာမခံ စတေကာများ၊ ဖုန်သို့ အစင်းကြောင်းတွေ လုံးဝမရှိတာမျိုး)။ကတ်အဟောင်းမှန်း အသိသာဆုံးဖြစ်စေတဲ့အရာကတော့ graphics card ရဲ့ memory နဲ့ GPU chip ဟာ အဝါရောင်သမ်းနေတာဖြစ်ပါတယ်။ ဒါပေမယ့် ခုချိန်မှာ ဒီလိုအဝါရောင်သမ်းမှန်းမသိအောင် ဝယ်ယူသူတွေကကတ်ကိုသစ်လွင်တယ်ထင်ရအောင် memory ကိုဆေးတွေမှုတ်ထားတာမျိုးတွေလည်းရှိလာပါတယ်။
![]() |
ဆေးမှုတ်ထားသည့် GPU memory Image: Iskandar Souza/Paulo Gomes |
![]() |
ဆေးမှုတ်ထားသည့် GPU memory Image: Iskandar Souza/Paulo Gomes |
Graphics card ရဲ့ memory ပေါ်မှာ အဝါရောင်သမ်းလာတယ်ဆိုတာက အချို့အစိတ်အပိုင်းတွေကို ခဲဆော်ပြီးလဲလှယ်ထားတာကြောင့်ဖြစ်နိုင်သလို အပူချိန်များများနဲ့အကြာကြီးသုံးထားတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ Paulo အနေနဲ mining လုပ်ထားတဲ့ graphics card ကဘယ်လိုဆိုတာ နမူနာတွေအများကြီးပြသထားပါတယ်။
![]() |
ဝါကျင့်ကျင့်ဖြစ်နေသည့် GPU Image: Iskandar Souza/Paulo Gomes |
![]() |
ဝါကျင့်ကျင့်ဖြစ်နေသည့် GPU Image: Iskandar Souza/Paulo Gomes |
GPU ကို resolder လုပ်တာမျိုးက အထူးအဆန်းမဟုတ်ပဲ graphics card ထုတ်လုပ်သူတွေအနေနဲ့ ဈေးအကြီးဆုံးအစိတ်အပိုင်းတွေကို ပြန်လည်အသုံးပြုနိုင်အောင် ပြုပြင်ရာမှာ အသုံးပြုနေကြဖြစ်ပါတယ်။ ဥပမာ အပေါ်က video မှာလိုမျိုးကိုဆိုလိုတာပါ။
Source: Videocardz
#EnThueTech
#News
#GPU
0 Comments