![]() |
Image: AMD |
AMD ဟာ နိုဝင်ဘာလကတည်းက RX 6000 series နဲ့ သူ့အရှေ့ကထွက်ရှိခဲ့တဲ့ graphics card တွေအတွက် AMD Software 22.11.2 driver ကိုသာထုတ်ပေးထားပါတယ်။ အဲအချိန်ကစပြီး graphics driver အသစ်တွေဟာ Radeon RX 7000 series အတွက်သာထုတ်ပေးနေတာမို့ ကတ်အဟောင်းအသုံးပြုသူတွေအဖို့စိတ်ပျက်စရာဖြစ်နေခဲ့တာပါ။
AMD ရဲ့ Architect of Gaming & Marketing အကြီးအကဲဖြစ်သူ Frank Azor က ဒီအခြေအနေကို မှတ်ချက်ပေးခဲ့ပြီး လာမယ့် ၂ပတ်အတွင်းမှာ RX 6000 series နဲ့ ကတ်အဟောင်းတွေအတွက် graphics driver ကိုထုတ်ပေးမှာဖြစ်ကြောင်းအတည်ပြုပေးခဲ့ပါတယ်။
လက်ရှိ ခေတ်ပေါ် GPU ဈေးကွက်အတွက် driver တွေဟာ အင်မတန်အရေးပါပြီး bug fix တွေ၊ စွမ်းဆောင်ရည်မြှင့်တင်ပေးမှုတွေနဲ့ ဂိမ်းကစားဖို့ပိုကောင်းတဲ့အင်္ဂါရပ်တွေအတွက် အထောက်အပံ့ပေးရတာဖြစ်ပါတယ်။
#EnThueTech
#News
#GraphicsCard
#AMD #Radeon
0 Comments