Electronic Arts ဟာ သူတို့ရဲ့ ဘဏ္ဍရေးအခြေအနေကို ကြေညာပြီးနောက် mobile ဂိမ်းတွေဖြစ်တဲ့ Apex Legends Mobile နဲ့ Battlefield Mobile ဂိမ်းတွေကို ရပ်ဆိုင်းတော့မှာဖြစ်တယ်လို့ကြေညာလိုက်ပါတယ်။ ဒီကြေညာချက်နဲ့အတူ Battlefield Mobile ကိုဖန်တီးတဲ့ Industrial Toys စတူဒီယိုကိုလည်းပိတ်သိမ်းမှာဖြစ်တယ်လို့ဆိုပါတယ်။
Apex Legends နဲ့ Apex Legends Mobile ကိုရေးဆွဲသူ Respawn Entertainment ကလည်း မရှေးမနှောင်းမှာပဲအရေအသွေးစံနှုန်း၊ ပမာဏနဲ့ ဖြန့်ချီမှုပုံစံကျဆင်းမှုတွေကြောင့် Apex Legends Mobile ကိုရပ်ဆိုင်းမယ့်အစီအစဉ်ကိုကြေညာလိုက်ပါတယ်။ ဒီဂိမ်းကို မေလ၁ရက်နေ့အထိ ဆက်ကစားနိုင်ဦးမှာဖြစ်ပေမယ့် ဂိမ်းမှာပြင်ပပိုက်ဆံနဲ့ဝယ်ယူရမယ့် အရာတွေကိုရပ်ဆိုင်းထားပြီးဖြစ်ပါတယ်။ Respawn Entertainment အနေနဲ့ သူတို့ရဲ့ လူသိများကျော်ကြားတဲ့ဂိမ်းတစ်ခုဖြစ်တဲ့ Star Wars Jedi: Fallen Order ရဲ့ နောက်ဆက်တွဲဂိမ်း Star Wars Jedi: Survivor ကိုလည်း မတ်လ ၁၇ရက်နေ့ထွက်ရှိဖို့ကြေညာထားရာကနေ ဧပြီလ ၂၈ရက်ကိုရွေ့ဆိုင်းလိုက်ပါသေးတယ်။
Battlefield Mobile ပိတ်သိမ်းမှုနဲ့အတူ ဒီဂိမ်းကို ရေးဆွဲသူ Industrial Toys ကိုလည်း EA ကပိတ်သိမ်းသွားမှာပါ။ Industrial Toys ကို Bungie ရဲ့ တွဲဖက်တည်ထောင်သူ Alex Seropian က ၂၀၁၂ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး mobile shooter ဂိမ်းတွေကိုအသားပေးခဲ့ပါတယ်။ ဒီအချိန်မှာ Industrial Toys ပိတ်သိမ်းမှုကြောင့် developer တွေဘယ်လောက်အထိအလုပ်လက်မဲ့ဖြစ်သွားမလဲဆိုတာကိုမသိရသေးပါဘူး။
Source: OC3D
#EnThueTech
#News
#Gaming
0 Comments