Microsoft Bing မှာ GPT-4 လို့လူသိများတဲ့ ChatGPT ရဲ့ အဆင့်မြှင့်တင်ထားတဲ့ version ပါဝင်လာနိုင်တယ်လို့သိရပါတယ်။ Semofor ရဲ့တင်ပြချက်အရ ဒီ AI Tool အသစ်ဟာ ChatGPT ကို စွမ်းအားပေးထားတဲ့ GPT-3 ထက်သိသိသာသာပိုမိုမြန်တယ်လို့ဆိုပါတယ်။ Bing ရှာဖွေရေးအင်ဂျင်မှာ AI ထည့်သွင်းနိုင်ဖို့ရာ အမြန်နှုန်းက အင်မတန်အရေးကြီးတဲ့အရာတစ်ခုဖြစ်ပါတယ်။ ChatGPT ဟာ စာသားတွေထုတ်ပေးနိုင်တဲ့ အလွန်စွမ်းအားကောင်းတဲ့ AI Tool တစ်ခုဖြစ်ပါတယ်။ ChatGPT ဟာ machine learning ကိုအခြေခံထားတဲ့အတွက် ကြာလာလေတိုးတက်လာလေဖြစ်ပါတယ်။
ဒီနှစ်အစောပိုင်းမှာ Microsoft ရဲ့ ဥက္ကဌနဲ့ CEO တို့ဟာ Microsoft ထုတ်ကုန်တွေအားလုံးမှာ AI တွေထည့်သွင်းတည်ဆောက်လာမှာဖြစ်ကြောင်းပြောကြားခဲ့ကြပါတယ်။
OpenAI ဟာ ChatGPT အတွက် မိုဘိုင်းလ် အက်ပ်တစ်ခုကိုလည်း ဖြန့်ချီတော့မှာလည်းဖြစ်ပါတယ်။ Semofor အဆိုအရ OpenAI ရဲ့ DALL-E ဟာလည်း Video တွေထုတ်ပေးနိုင်ဖို့ကြိုးပမ်းနေတယ်လို့သိရပါတယ်။ လက်ရှိမှာ DALL-E ဟာ ရုပ်ပုံတွေကိုထုတ်ပေးနိုင်ပြီး နောက်အခါ ဗီဒီယိုတွေကိုပါဖန်တီးလာနိုင်မှာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး Semofor မေးမြန်းရာမှာ Microsoft နဲ့ OpenAI တို့က မှတ်ချက်ပေးဖို့ငြင်းဆန်ခဲ့ပါတယ်။
![]() |
Image: Owen Yin |
မနေ့ကလည်း Microsoft Bing အသုံးပြုသူများစွာဟာ Bing အသစ်ရဲ့ Preview Version ကိုတွေ့မြင်ခဲ့ရကြောင်းနဲ့ Microsoft ကအလျင်အမြန်ဖြုတ်ချလိုက်ကြောင်း ဆိုကြပါတယ်။ ကံကောင်းထောက်မစွာနဲ့ Owen Yin ဆိုသူက screenshot အချို့ကိုရယူနိုင်ခဲ့ပြီး ပြန်ဖြုတ်မချခင်မှာ feature တွေကိုစမ်းသပ်ခွင့်ရခဲ့ပါတယ်။ အစမှာ Bing အသစ်ဟာ search box တစ်ခုအနေနဲ့သာမက သုတေသနလက်ထောက်၊ ကိုယ်ရေးကိုယ်တာကိစ္စစီစဉ်သူနဲ့ သင့်ရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်ကြောင်း ဖော်ပြထားတဲ့ကြော်ငြာကိုတွေ့မြင်ရပါတယ်။
ပုံမှန် Bing နဲ့မတူညီတာက AI ပါဝင်တဲ့ Bing မှာ search bar အတွင်း chat box ပါဝင်လာတာဖြစ်ပါတယ်။ အရွယ်အစားအနေနဲ့လည်းပိုကြီးမားလာသလို တိကျတဲ့အကြောင်းအရာတွေကိုရှာဖွေခိုင်းနိုင်သလို အကြံဉာဏ်ပါရယူနိုင်ပါတယ် ဒီအခါမှာ သင့်ကို chat bubble နဲ့တုန့်ပြန်ဖြေကြားမှာဖြစ်ပါတယ်။ သူဖြေကြားထားတဲ့ အရာတွေရဲ့ အကိုးအကားတွေကိုလည်း chat bubble အောက်မှာထည့်သွင်းပေးထားမှာမို့ click လုပ်ကာဆက်လက်လေ့လာနိုင်မှာပဲဖြစ်ပါတယ်။ ဥပမာ Owen Yin က Bing မှာလက်ရှိရုပ်ရှင်ဇာတ်ကားတွေကောင်းလဲမေးမြန်းတဲ့အခါ သင်ဘယ်လိုပုံစံကိုသိချင်တာလဲဆိုတာကို မေးခွန်းတစ်ခုပြန်မေးမှာဖြစ်ပါတယ်။
![]() |
Image: Owen Yin |
Bing အသစ်မှာ သင်ဟာမေးမြန်တာတွေ၊ သင့်ရဲ့အစားအသောက်နဲ့သက်ဆိုင်တဲ့အစီအစဉ်တွေ သို့ အချိန်ဇယားတိုက်နေတာတွေကိုပါစီစဉ်ပေးနိုင်ပြီး သင့်ရဲ့လိုအပ်ချက်နဲ့ကိုက်ညီမယ့်အကြောင်းအရာတွေကို အကောင်းဆုံးဖော်ပြပေးမှာဖြစ်ပါတယ်။ ဒါဟာ တကယ့်ကိုအံ့ဩမှင်သက်စရာပါပဲ။
Owen Yin အနေနဲ့ Bing အသစ်မှာ ယခင်အတိုင်းရှာဖွေမှုလုပ်လိုတယ်ဆိုရင်လည်း လုပ်နိုင်ကြောင်းဆိုပါတယ်။
Source: Windows Central
#EnThueTech
#News
#AI
0 Comments