ဒီနေ့မနက်ကကျင်းပခဲ့တဲ့ MSIology ပွဲမှာ MSI ဟာ laptop အသစ်တွေကိုမိတ်ဆက်ပေးခဲ့ပါတယ်။ ဒီ MSIology ပွဲ ဟာ ဒီနှစ်အတွက်ကျင်းပတဲ့ ပထမဆုံးအကြိမ်မြောက်ပွဲဖြစ်ပါတယ်။ MSI ဟာ လွန်ခဲ့တဲ့ ၁၀နှစ်ကတည်းက ပထမဆုံး ဂိမ်းမာတွေနဲ့ စီးပွားရေးသမားတွေအတွက် thin-and-light performance laptop တွေကိုဖန်တီးပေးခဲ့ပြီး laptop တွေအပေါ်လူတွေရဲ့အတွေးအမြင်ကိုပြောင်းလဲပေးနိုင်ခဲ့ပါတယ်။
Stealth Series
သေးငယ်တဲ့ကိုယ်ထည်ပေါ်မှာ မြင့်မားတဲ့စွမ်းဆောင်ရည်ရရှိအောင်ဖန်တီးထားတဲ့ MSI Stealth Series တွေဟာ စွမ်းဆောင်ရည်မြင့်မြင့်မားမားလိုအပ်တဲ့ ဂိမ်းတွေနဲ့ ပရောဖက်ရှင်နယ်အလုပ်တွေကိုနိုင်နင်းစွာကိုင်တွယ်နိုင်တဲ့စွမ်းပကားရှိနေပါတယ်။ မြင့်မားတဲ့စွမ်ဆောင်ရည်၊ သယ်ဆောင်ရလွယ်ကူမှု၊ တည်ငြိမ်သပ်ရပ်တဲ့ပုံစံနဲ့ ချိတ်ဆက်မှုအများပြားလုပ်ဆောင်နိုင်မှုကြောင့် Stealth Series ဟာ ဂိမ်းမာတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ လက်စွဲတော်ဖြစ်ပါတယ်။ အခုဆိုရင် MSI ဟာ Stealth Studio 14 နဲ့ Stealth Studio 16 laptop အမျိုးအစားအသစ်စက်စက်ကိုယူဆောင်လာခဲ့ပြီပဲဖြစ်ပါတယ်။ ဒီlaptop တွေဟာ စွမ်းဆောင်ရည်ပိုကောင်းလာသလို ပိုမိုကြွရွတဲ့ပုံစံအမြင်ကိုပေးစွမ်းပါတယ်။Stealth Studio 16 ဟာ CES 2023 ရဲ့ Innovation Award ကိုရရှိခဲ့ပြီး အလူမီနီယံနဲ့ မဂ္ဂနီဆီယံသတ္တူစပ်နဲ့တည်ဆောက်ထားတာကြောင့် ပေါ့ပါးခိုင်မာလှပါတယ်။ အလေးချိန်က ၂ကီလိုအောက်မှာသာရှိမှာဖြစ်ကာ အထူက၂စင်တီမီတာအောက်သာရှိပါမယ်။ ရိုးရှင်းလှပတဲ့ Stealth 16 Studio ကို Star Blue နဲ့ Pure White ဆိုပြီးအရောင်၂မျိုးနဲ့ရရှိနိုင်ပါတယ်။ creative ပိုင်းအတွက်ပိုအဆင်ပြေအောင် မျက်နှာပြင်ကို 16:10 golden ratio နဲ့ဖန်တီးထားပါတယ်။ စွမ်းဆောင်ရည်ဆိုတာ MSI Stealth Series တွေရဲ့ အမှတ်သညာတစ်ခုမို့ နောက်ဆုံးပေါ် NVIDIA RTX 40 Series graphics နဲ့ Intel ရဲ့ 13th Gen Core processor တွေကိုအသုံးပြုပေးထားပါတယ်။ စွမ်းဆောင်ရည်ကိုထိန်းသိမ်းထားဖို့အတွက် Cooler Boost ပုံစံအသစ်က အပူစွန့်ထုတ်မှု ၁၅%တိုးတက်စေမှာဖြစ်ပါတယ်။
သုံးစွဲရတာပိုမိုအဆင်ပြေစေဖို့ရာ touchpad ကို ၂၀%ပိုကြီးပေးထားသလို 100W USB Power Delivery ကိုလည်းအထောက်အပံ့ပေးမှာဖြစ်ပါတယ်။ Windows Hello အတွက်လည်း 1080P IR Camera နဲ့ privacyအတွက် Wecam Shutterကိုလည်း တပ်ဆင်ပေးထားတာဖြစ်ပါတယ်။ အသံပိုင်းအတွက်လည်း စပီကာ၆ခုပါတဲ့ Dynaudio အသံစနစ်ကိုအသုံးပြုထားကာ စပီကာ ၂ခုနဲ့ woofer ၄ခုပါဝင်မှာဖြစ်တာကြောင့် ပါးလွှာတဲ့ laptopဖြစ်လင့်ကစား ကြည်လင်ပြတ်သားပြီး မြင့်မားတဲ့ base အသံကိုပါခံစားနိုင်မှာဖြစ်ပါတယ်။
Stealth 14 Studio ရဲ့ဒီဇိုင်းဟာ အာကာသခရီးသွားခြင်းကို မှီငြမ်းထားတာလို့ဆိုနိုင်ပြီး ကျယ်ပြန့်လှတဲ့အာကာသအမှောင်ထုမှာ ဖြူဖွေးတောက်ပနေတဲ့အာကာသလွန်းပျံယာဉ်လို အသွင်သဏ္ဌာန်နဲ့ဆင်တူအောင်ဖန်တီးထားပါတယ်။ ဒါ့အပြင် အပြောကျယ်လှတဲ့အာကာသကိုကိုယ်စားပြုတဲ့ Star Blue ဆိုတဲ့အရောင်နဲ့ပါရရှိနိုင်ပါတယ်။
သေးငယ်လှတဲ့ ၁၄လက်မကိုယ်ထည်မှာ အပူကောင်းကောင်းစွန့်ထုတ်နိုင်ဖို့ Vapor Chamber Cooling ကိုအသုံးပြုထားကာ အပူစွန့်ထုတ်ဖို့ မားသားဘုတ်တစ်ဝက်လောက်အထိကိုကျယ်ကျယ်ပြန့်ပြန့်နေရာယူပေးထားပါတယ်။ ဒါကြောင့် ၁၄လက်မ laptop မှာမကြုံဖူးတဲ့ အရသာကိုခံစားရမှာဖြစ်တယ်လို့ဆိုပါတယ်။
Stealth 14 မှာ အခြား Stealth Series laptop အသစ်တွေလို MUX Switch လည်းပါဝင်မှာဖြစ်ပါတယ်။
Titan GT HX and Raider GE HX Series
ကြီးမားခန့်ထည်တဲ့ Titan ကိုကိုယ်စားပြုတဲ့ Titan GT ကိုလည်း ဒီနှစ်မှာ HX CPU နဲ့ တဖန်ပြန်လည်တွေ့မြင်ရပြီဖြစ်ပါတယ်။ စွမ်းဆောင်ရည်ကို ထိပ်ဆုံးနေရာမှာရှိစေဖို့ နောက်ဆုံးပေါ် 13th Gen Intel Core i9-13980HX ကိုအသုံးပြုပေးထားကာ စွမ်းဆောင်ရည် ၄၀%ပိုမိုရရှိမှာဖြစ်ကာ P-Cores ၂ခုကိုလည်း 5.6GHz အထိတွန်းတင်ပေးနိုင်ပါတယ်။GT 77HX အနေနဲ့ အခြား laptop တွေထက်ပိုမိုသာလွန်စေတာက ကမ္ဘာ့ပထမဦးဆုံး 4K 144Hz Mini LED display ကိုအသုံးပြုထားတာပဲဖြစ်ပါတယ်။ ဒီလိုထူးခြားလှတဲ့ နည်းပညာတွေအသုံးပြုထားတာကြောင့် Titan GT 77HX ဟာ CES 2023 မှာ Innovation Award ဆုကိုရရှိခဲ့ပါတယ်။
Raider GE HX Series ဟာလည်း CES 2023 Innovation Award ဆုကိုရရှိခဲ့ပါတယ်။ သူ့မှာမူလကတည်းကပြည့်စုံနေတဲ့ အအေးပေးစနစ်ကို ပိုကောင်းအောင်ဖန်တီးထားကာ VRAM အတွက် သီးသန့်အပူစွန့်ထုတ်ပေးမယ့်ကြေးပိုက်တွေပါထည့်သွင်းလာပါတယ်။ GE HX Series ကို RTX 40 Series graphics နဲ့ ထိပ်တန်း CPU ဖြစ်တဲ့ 13th Gen Intel Core i9-13980HX ကိုအသုံးပြုထားပါတယ်။ ဒါအပြင့် နောက်ဆုံးပေါ် PCIe Gen 5 SSD ကိုအထောက်အပံ့ပေးတာကြောင့် 12000MB/s အထိမြန်နှုန်းကိုရရှိမှာဖြစ်ပါတယ်။
Raider GE HX ဟာ flagship Titan GT HX လို ဆင်တူတဲ့ဒီဇိုင်းပုံစံမျိုးရှိပြီး ပြိုင်ကားတွေရဲ့ပုံစံကိုမှီးပြီး တောင့်တောင့်တင်းတင်းနဲ့ aerodynamic ဆန်ဆန်အလှတရား ၂ခုကိုပေါင်းဖက်ပေးထားပါတယ်။
Matrix Light Bar လို့ခေါ်ဆိုတဲ့ RGB light bar ကိုလည်းအပြောင်းအလဲပြုလုပ်ထားပြီး အခြား laptop တွေနဲ့ကွဲပြားတဲ့အမြင်ကိုခံစားရစေမှာဖြစ်ပါတယ်။ Screen ကိုလည်း creative ပိုင်းအတွက်ပိုအဆင်ပြေအောင် မျက်နှာပြင်ကို 16:10 golden ratio နဲ့ ပြောင်းလဲဖန်တီးထားပါတယ်။ အသံပိုင်းကိုပိုအားရစေဖို့ စပီကာ၆ခုပါတဲ့ Dynaudio အသံစနစ်ကိုအသုံးပြုထားကာ စပီကာ ၂ခုနဲ့ woofer ၄ခုပါဝင်မှာဖြစ်ပါတယ်။
Raider GE HX Special Edition မှဆိုရင် အသံအတိုးအကျယ်၊ macro စတဲ့ function တွေစိတ်ကြိုက်ဖန်တီးနိုင်တဲ့ Smart Touchpad ကိုထည့်သွင်းပေးထားမှာဖြစ်ပါတယ်။
Vector GP78/68 HX Series
စွမ်းဆောင်ရည်ကိုအဓိကအားပြုထားတဲ့ Vector GP HX Series laptop တွေမှာဆိုရင်လည်း MUX Switch ပါဝင်မှာဖြစ်ပြီး NVIDIA RTX 40 Series graphics တွေမှာဖြစ်ပါတယ်။Cyborg 15
နေ့တိုင်းဂိမ်းကစားဖို့အတွက် MSI ဟာ ဈေးသက်သာတဲ့ အသစ်စက်စက် lineup ဖြစ်တဲ့ Cyborg 15 ကိုမိတ်ဆက်လိုက်ပါတယ်။ Cyborg ဆိုတဲ့နာမည်နဲ့လိုက်ဖက်စွာပဲ ကိုယ်ထည်ဟာ အတွင်းကအစိတ်အပိုင်းကိုတစ်စိတ်တစ်ပိုင်းမြင်ရမယ့် ဒီဇိုင်းနဲ့ဖန်တီးထားပါတယ်။ ဒီပုံစံအသစ်က စက်ပစ္စည်းနဲ့အလှတရားကို လိုက်ဖက်ညီစွာပေါင်းစပ်ပေးထားကာ သီးသန့်ကွဲထွက်နေတာကိုမြင်ရမှာဖြစ်ပါတယ်။ ထွင်းဖောက်မြင်ရတဲ့ကိုယ်ထိုယ်ကို glass fiber နဲ့ဖန်တီးထားတာကြောင့် ပေါ့ပါးကြံ့ခိုင်စေတာမို့ ပိုမိုပေါ့ပါးမှာဖြစ်ပါတယ်။ အပြာရောင် backlit keyboard က စိတ်ကူးယဥ်သိပ္ပံဇာတ်လမ်းတွေထဲကလိုခံစားရမှာဖြစ်ကာ အမှောင်ထဲမှာလည်း ထင်ရှားနေမှာဖြစ်ပါတယ်။Cyborg 15 ကို နောက်ဆုံးပေါ် NVIDIA RTX 40 Series graphics နဲ့ Intel ရဲ့ 13th Gen Core i7 processor တွေကိုအသုံးပြုပေးထားမှာဖြစ်ပါတယ်။
ပေါ့ပါးပြီး ကြီးမားတဲ့မျက်နှာပြင်ကိုလိုအပ်သူတွေအတွက် Prestige 16 Studio က သင့်အတွက်ပါ။ NVIDIA RTX 40 Series graphics ကိုတွဲဖက်ထားတာကြောင့် ထိပ်တန်းစွမ်းဆောင်ရည်ကိုရနိုင်ပါတယ်။ Evo version ကိုလိုအပ်သူတွေအတွက် Prestige 16 Evo လည်းရှိပါတယ်။ Intel Xe graphics နဲ့အတူ စွမ်းဆောင်ရည်ကောင်းမွန်ပြီး ဘက်ထရီကြာရှည်ခံမှာဖြစ်ပါတယ်။
ဒီနှစ်မှာ Prestige နဲ့ Modern Series တွေကိုပိုမိုစုံလင်တဲ့အရောင်တွေနဲ့ရရှိနိုင်ပြီလို့ဆိုပါတယ်။ Modern Series တွေကိုအရောင် ၄မျိုးနဲ့ရရှိနိုင်သလို Prestige Series တွေကိုတော့ အရောင်၃မျိုးနဲ့ရရှိနိုင်ပါတယ်။
MSI Laptop တွေမှာ ပါဝင်နေကြ Nahimic Audio ဟာဆိုရင် surround effect ကို အခုအခါ Bluetooth speaker တွေမှာပါအထောက်အပံ့ပေးလာပြီမို့ surround sound ကိုခံစားနိုင်ပြီဖြစ်ပါတယ်။
Source: MSI Gaming
#EnThueTech
#News #MSI
Creator Z Series
Creator တွေမှာ မတူညီတဲ့လိုအပ်ချက်တွေရှိကြပါတယ် အချို့တွေက screen ကြီးတာကိုလိုအပ်သလို အချို့တွေကတော့သယ်ဆောင်ရလွယ်ကူဖို့ကပိုအရေးပါပါတယ်။ MSI Creator Series laptop တွေမှာ graphics design ဖန်တီးခြင်းကနေ rendering လုပ်တာမျိုးအထိ ကွဲပြားခြားနားတဲ့သုံးစွဲသူတွေအတွက် ရွေးချယ်စရာများစွာပေးအပ်ထားပါတယ်။ MSI Creator laptop အားလုံးဟာ နောက်ဆုံးပေါ် graphics နဲ့ processor တွေနဲ့ အဆင့်မြှင်တင်ထားတာကြောင့် စွမ်းဆောင်ရည်ပိုမြင့်မားလာပါတယ်။ အဆင့်မြှင့်ထားရုံတင်မက MSI အနေနဲ့ အခုဆိုရင် Creator Z17 HX Studio ကိုလည်းပွဲထုတ်ပေးလိုက်ပါတယ်။ အထူက ၁၉မီလီမီတာသာရှိပြီး ၁၇လက်မမျက်နှာပြင်ကိုတပ်ဆင်ထားပါတယ်။rendering တွေလုပ်ဆောင်ရာမှာ အပူကြောင့်စွမ်းဆောင်ရည်မကျဆင်းစေဖို့ vapor chamber အအေးပေးစနစ်ကိုအသုံးပြုကာ NVIDIA RTX 40 Series graphics နဲ့ Intel 13th Gen processor တို့ရဲ့ စွမ်းအားကိုအပြည့်အဝအသုံးပြုနိုင်မှာဖြစ်ပါတယ်။
MSI Pen 2
Creator တွေအတွက်ဖန်တီးထားတဲ့ MSI Pen 2 ဟာ MPP 2.6 နည်းပညာကိုအသုံးပြုထားပြီး ချိတ်ဆက်ရတာမြန်ဆန်သလို haptic feedback လည်းပါဝင်တာ ကြောင့် စာရွက်မှာရေးဆွဲနေရသလိုခံစားရမှာပါ။ ဒီ MSI Pen 2 ကို ပုံမှန်ခဲတံလိုစာရွက်ပေါ်မှာရေးဆွဲနိုင်သလို Touch Screen မှာပါ ၂မျိုးသုံးနိုင်တာကြောင့် ကိုယ့်ရဲ့စိတ်ကူးစိတ်သန်းကို Pen တစ်ချောင်းတည်းနဲ့ဖန်တီးနိုင်မှာဖြစ်ပါတယ်။Prestige Series
အသစ်စက်စက်ဖန်တီးထားတဲ့ Prestige 13 Evo ဟာ ခေတ်မှီတဲ့အသွင်အပြင်ရှိသလို အလေးချိန်ဟာလည်း ၁ကီလိုအောက်မှာသာရှိကာ MSI laptop တွေထဲမှာ အပေါ့ပါးဆုံးဖြစ်ပါတယ်။ ကြာရှည်ခံတဲ့ဘက်ထရီကြောင့် တနေ့လုံးအစည်းအဝေးတက်ရတဲ့အခါ သို့ ခရီးထွက်တဲ့အခါအဆင်ပြေစေမှာဖြစ်ပါတယ်။ပေါ့ပါးပြီး ကြီးမားတဲ့မျက်နှာပြင်ကိုလိုအပ်သူတွေအတွက် Prestige 16 Studio က သင့်အတွက်ပါ။ NVIDIA RTX 40 Series graphics ကိုတွဲဖက်ထားတာကြောင့် ထိပ်တန်းစွမ်းဆောင်ရည်ကိုရနိုင်ပါတယ်။ Evo version ကိုလိုအပ်သူတွေအတွက် Prestige 16 Evo လည်းရှိပါတယ်။ Intel Xe graphics နဲ့အတူ စွမ်းဆောင်ရည်ကောင်းမွန်ပြီး ဘက်ထရီကြာရှည်ခံမှာဖြစ်ပါတယ်။
ဒီနှစ်မှာ Prestige နဲ့ Modern Series တွေကိုပိုမိုစုံလင်တဲ့အရောင်တွေနဲ့ရရှိနိုင်ပြီလို့ဆိုပါတယ်။ Modern Series တွေကိုအရောင် ၄မျိုးနဲ့ရရှိနိုင်သလို Prestige Series တွေကိုတော့ အရောင်၃မျိုးနဲ့ရရှိနိုင်ပါတယ်။
MSI Laptop တွေမှာ ပါဝင်နေကြ Nahimic Audio ဟာဆိုရင် surround effect ကို အခုအခါ Bluetooth speaker တွေမှာပါအထောက်အပံ့ပေးလာပြီမို့ surround sound ကိုခံစားနိုင်ပြီဖြစ်ပါတယ်။
Source: MSI Gaming
#EnThueTech
#News #MSI
0 Comments