Subscribe Us

header ads

RAM 2GB ဖြင့်ပင် အလုပ်လုပ်သည့် Tiny11(Windows 11)


Image: NTDev

Tiny ဆိုတာသူ့ရဲ့ နာမည်အတိုင်း ပုံမှန် 20GB အထက်ရှိတဲ့ Windows 11 ကို ခြုံ့ထားတဲ့ Windows 11 ဖြစ်ပြီး 2GB Memory သာရှိတဲ့စက်ပေါ်မှာတောင်ကောင်းကောင်းအလုပ်လုပ်နိုင်ပါတယ်။ Installation ISO ကလည်း 3GB ရှိတာတွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သင့်အနေနဲ့ Tiny11 ကိုသုံးမယ်ဆိုရင် သတိပြုရမယ့်အချက်လေးတွေရှိနေပါတယ်။


Image: NTDev

Developer NTDev က‌ Tiny11 ကိုထပ်ပြီး drive compressionနဲ့ အရွယ်အစားသေးငယ်အောင်ပြုလုပ်လို့ရသေးတယ်လို့ဆိုပါတယ်။ Tiny11 မှာ အရင် Windows တွေမှာပါဝင်နေကြဖြစ်တဲ့ Calc၊ Notepad Paint အခြားအရာတွေဆက်လက်ပါဝင်နေဦးမှာဖြစ်ပါတယ်။ နောက်ထပ် Microsoft Store လည်းဆက်ရှိနေမှာမို့ သင်လိုအပ်တဲ့ app တွေကိုဆက်လက်ရယူနိင်မှာဖြစ်ပါတယ်။
Image: NTDev


အရေးကြီးတဲ့အချက်ကတော့ သင့်အနေနဲ့ ဒီ Tiny11 ကိုမိမိစက်မှာသွင်းပြီးတာနဲ့ ချက်ခြင်းသုံးလို့ရမှာမဟုတ်ပဲ .NET၊ driver တွေနဲ့ security definition တွေကို Windows Update ကနေ ဆက်လက်ရယူဖို့လိုအပ်ပါတယ်။ အရွယ်အစားသေးငယ်အောင် Windows Component Store(WinSxS) ကိုဖြုတ်ချထားတာမို့ features တွေ ဘာသာစကားတွေထပ်မံထည့်သွင်းနိုင်မှာမဟုတ်ပါဘူး။ Tiny11 ကိုသုံးရတာကြိုက်တယ်‌ဆိုရင် ISO update တွေကိုစောင့်ကြည့်နေဖို့လိုပါတယ်။

Tiny11 မှာ local အကောင့်ကိုဖွင့်ထားပြီး online အကောင့်တွေကိုလည်းသုံးခွင့်ပေးထားပါတယ်။ ဒါပေမယ့် Windows 11 က Widget တွေအတွက် online အကောင့်နဲ့သာအလုပ်လုပ်မှာဖြစ်ပါတယ်။

Image: NTDev

Tiny11 ရဲ့ အားသာချက်တစ်ခုက စက်အဟောင်းတွေသုံးလို့ရအောင် hardware ဆိုင်ရာအကန့်အသတ်တွေကိုဖယ်ရှားပေးထားတာမို့ memory 2GB သာရှိတဲ့စက်မှာကောင်းကောင်းအလုပ်လုပ်တယ်လို့ NTDev ကဆိုပါတယ်။ နောက်ထပ် Windows 10 ကနေ hardware အ‌ကန့်အသတ်ကြောင့် Windows 11 ကိုအဆင့်မြှင့်လို့မရတဲ့သူတွေ သို့ processor က TPM အထောက်အပံ့မရတဲ့သူတွေက Tiny11 နဲ့ Windows 11 ကိုသုံးနိုင်မှာဖြစ်ပါတယ်။

Tiny11 ကို အောက်ကလင့်မှာရယူနိုင်ပြီး တိုက်ရိုက်ဒေါင်းတာ သို့ BitTorrent ကနေလည်းရယူနိုင်ပါတယ်။ ဘယ်နေရာကယူယူ ISO က 3GB သာရှိမှာပါ။

Post a Comment

0 Comments